အသံဝဲဝဲလေးနဲ့ ချစ်စရာကောင်းတဲ့ မင်းသမီးလေး သဉ္ဇာနွယ်ဝင်းက တစ်ချိန်က အနုပညာလောကမှာ အောင်မြင်မှုတွေများစွာ ရရှိခဲ့သူလေး ဖြစ်ပါတယ်။ သဉ္ဇာနွယ်ဝင်းက အိမ်ထောင်ကျပြီးနောက်ပိုင်းမှာ အနုပညာလုပ်ငန်းတွေထက် ခင်ပွန်းဖြစ်သူရဲ့ စီးပွားရေးလုပ်ငန်းတွေ ကူညီလုပ်ကိုင်ပေးရင်း သားသမီးတွေကို အချိန်ပေး ပြုစုစောင့်ရှောက်ပေးနေတာ ဖြစ်ပါတယ်။
သဉ္ဇာနွယ်ဝင်းက သူမရဲ့ ဒုတိယမြောက်သမီးလေးကို ပြီးခဲ့တဲ့ နိုဝင်ဘာလ (၂၉) ရက်နေ့မှာ မွေးဖွားခဲ့တာဖြစ်ပြီး သမီးလေးရဲ့ နာမည်ကို သဉ္ဇာမျိုးမြင့်လို့ နာမည်လေးပေးထားပါတယ်။
ဒီတစ်ခေါက်မှာတော့ မေမေသဉ္ဇာနွယ်ဝင်းက သူမရဲ့ ချစ်စရာကောင်းတဲ့ သမီးချောလေးရဲ့ (၉)ရက်သား အရွယ်လေးကို ပရိသတ်တွေအတွက် ဝေမျှထားပါတယ်။
သမီးငယ်လေး သဉ္ဇာမျိုးမြင့်က အခုဆိုရင် ရက်သားအရွယ်လေးသာ ရှိသေပေမယ့် မေမေသဉ္ဇာနွယ်ဝင်းနဲ့တူလို့ အရမ်းချစ်စရာကောင်းတာကို တွေ့ရပါတယ်။
သဉ္ဇာနွယ်ဝင်းရဲ့ သမီးချောလေးကတော့ မေမေနဲ့တူတော့ အရမ်းချောပြီး ချစ်စရာကောင်းတာပဲနော်။ ပရိသတ်ကြီးလည်း သဉ္ဇာနွယ်ဝင်းရဲ့ သမီးလေး သဉ္ဇာမျိုးမြင့်ရဲ့ ပုံလေးတွေကြည့်ပြီး အသည်းယားနေကြမယ် ထင်ပါတယ်နော်။
မိုမိုလေး