• ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
  • ပြည်ပသတင်း
  • အနုပညာ
  • အားကစား
Friday, January 22, 2021
No Result
View All Result

မြင့်မြတ်ရဲ့သားလေး မြတ်သူကို လက်ပေါ်က မချနိုင်လောက်အောင် ချစ်နေတဲ့ ရွှေမှုံရတီ

We Love Cele by We Love Cele
December 9, 2019
in အနုပညာ
0

နိုင်ငံကျော် အနုပညာရှင်တွေ ဖြစ်ကြတဲ့ သရုပ်ဆောင်မြင့်မြတ်နဲ့ ရွှေမှုံရတီတို့ အနုပညာမောင်နှမနှစ်ဦးကတော့ တစ်ဦးကိုတစ်ဦး ခင်ခင်မင်မင်နဲ့ ချစ်ချစ်ခင်ခင်ရှိလှတာကြောင့် မောင်နှမအရင်းတွေလိုကို ဖြစ်နေတာပါ။ လတ်တလောမှာတော့ ရွှေမှုံရတီက မြင့်မြတ်ရဲ့သားလေး မြတ်သူကို လက်ပေါ်က မချနိုင်လောက်အောင် အချစ်ပိုနေတဲ့ သူမရဲ့ပုံရိပ်တွေကို လူမှုကွန်ယက်မှာ ဝေမျှပေးထားတာ တွေ့ရပါတယ်။ အနေအေးပြီး အရမ်းလိမ္မာတဲ့ မြင့်မြတ်ရဲ့သားလေး မြတ်သူကတော့ မမ ရွှေမှုံရတီလက်ထဲမှာ ပျော်ရွှင်နေတာ တွေ့ရပါတယ်နော်။

Image may contain: one or more people

ချစ်ပရိသတ်တွေအတွက် မြင့်မြတ်ရဲ့သားလေး မြတ်သူကို အချစ်ပိုနေတဲ့ မင်းသမီးချောလေး ရွှေမှုံရတီရဲ့ပုံရိပ်တွေကို ဖော်ပြပေးလိုက်ပါတယ်နော်။

Image may contain: 1 person, baby

Image may contain: 1 person

မင်းသမီးချောလေး ရွှေမှုံရတီကတော့ လက်ရှိမှာ စီနီယာအကိုဖြစ်တဲ့ မြင့်မြတ်နဲ့အတူ ရုပ်ရှင်ဇာတ်ကားကြီးရိုက်ကူးနေတာဖြစ်ပြီး၊ မြင့်မြတ်ရဲ့သားလေး မြတ်သူကိုလည်း ဝိုင်းကူထိန်းနေတာ တွေ့ရပါတယ်နော်။

Image may contain: 2 people, people smiling, people sitting

Image may contain: 2 people, people standing

သရုပ်ဆောင် မြင့်မြတ်ရဲ့သားလေး မြတ်သူကိုတော့ ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ်၊ သြဂုတ်လ ၇ ရက်နေ့မှာ မွေးဖွားသန့်စင်ခဲ့တာဖြစ်ပြီး၊ အခုဆိုရင် တစ်နှစ်ကျော်သွားပြီပဲ ဖြစ်ပါတယ်။

Image may contain: 3 people, people smiling

မင်းသမီးချောလေး ရွှေမှုံရတီကတော့ တလောက ပြေတီဦးနဲ့အတူ “ငရဲဆိုတာ ဂျိုနဲ့လား” ရုပ်ရှင်ဇာတ်ကားကြီးကို ရိုက်ကူးခဲ့တာဖြစ်ပြီး၊ လတ်တလောမှာတော့ မြင့်မြတ်နဲ့အတူ ရုပ်ရှင်ရိုက်ဖြစ်နေတာပါ။ ရွှေမှုံရတီကို ညီမလေး အရင်းလိုချစ်တဲ့ မြင့်မြတ်ကလည်း မှားနေတာတွေ့ရင် အကိုကြီးလို ဆုံးမတတ်တယ်လို့လည်း သိရပါတယ်။ချစ်ပရိသတ်တွေလည်း အရမ်းချစ်ဖို့ကောင်းတဲ့ မြတ်သူလေးနဲ့ ရွှေမှုံလေးတို့ကိုချစ်ရင် Share သွားကြဖို့ မမေ့ပါနဲ့နော်။

Image may contain: 2 people, people smiling, beard

မိုမိုလေး

Previous Post

(၉) ရက်သမီးလေးနဲ့တင် အရမ်းချစ်စရာကောင်းနေတဲ့ သဉ္ဇာနွယ်ဝင်းရဲ့ သမီးငယ်လေး

Next Post

တစ်ဦးတည်းသောမောင်လေး ဧဒင်ဦးနဲ့ ဘန်ကောက်မြို့မှာ လျှောက်လည်ခဲ့တဲ့ ဖွေးဖွေး

Next Post

တစ်ဦးတည်းသောမောင်လေး ဧဒင်ဦးနဲ့ ဘန်ကောက်မြို့မှာ လျှောက်လည်ခဲ့တဲ့ ဖွေးဖွေး

ယုံကြည်မှုတစ်ခုအတွက် အမေစုကိုဝန်းရံဖို့ နယ်သာလန်ကို လိုက်သွားတဲ့ စမိုင်းလ်တို့ဇနီးမောင်နှံ

ပြည်တွင်းပြည်ပသတင်းများအားစုံလင်စွာဖတ်ရှု့နိုင်ပါသည်။
  • Privacy Policy

© Copyright 2018 - All rights reserved by We Love Cele

No Result
View All Result
  • ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
  • ပြည်ပသတင်း
  • အနုပညာ
  • အားကစား

© Copyright 2018 - All rights reserved by We Love Cele

error: Content is protected !!