• ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
  • ပြည်ပသတင်း
  • အနုပညာ
  • အားကစား
Tuesday, January 19, 2021
No Result
View All Result

ICJ တရားရုံးရှေ့ထိ အမေစုကို ငြိမ်းချမ်းစွာ သွားရောက်ဝန်းရံခဲ့တဲ့ စမိုင်းလ်

We Love Cele by We Love Cele
December 10, 2019
in အနုပညာ
0

သရုပ်ဆောင် စမိုင်းလ်တို့ဇနီးမောင်နှံက ဒီကနေ့မှာ ICJ တရားရုံးရှေ့ အထိ နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ကို ငြိမ်းချမ်းစွာနဲ့ သွားရောက်ဝန်းရံခဲ့တာတွေ့ရပါတယ်။

Image may contain: 2 people, people smiling, selfie and closeup

နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့အဖွဲ့ဟာ သဟိဂ်မြို့မှာတည်ရှိတဲ့ ICJ တရားရုံးသို့ ကြားနာဖို့အတွက် ဒီကနေ့ ဒီဇင်ဘာလ (၁၀) ရက်နေ့မှာ ရောက်ရှိလာတာဖြစ်ပါတယ်။ ရုံးရှေ့မှာတော့ အမေ ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံသူတွေနဲ့ ဆန့်ကျင်သူတွေ ရှိနေခဲ့တာလည်းဖြစ်ပါတယ်။

Image may contain: one or more people and people sitting

Image may contain: 1 person, smiling, sitting

သဟိဂ်မြို့ကိုရောက်ရှိနေတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံတဲ့ပွဲတွေလည်း မြန်မာတစ်ဝန်းကျင်းပနေတာဖြစ်ပါတယ်။ စမိုင်းလ်တို့ဇနီးမောင်နှံကလည်း နိုင်ငံကိုချစ်တဲ့စိတ်နဲ့ ဘာမျှော်လင့်ချက်မှမပါပဲ အချိန်ကုန်ခံ၊ ငွေကုန်ခံပြီး သဟိဂ်မြို့ကိုသွားရောက်ခဲ့ကြတာဖြစ်ပါတယ်။

Image may contain: one or more people, people sitting and indoor

Image may contain: 1 person, standing, sky and outdoor

သဟိဂ်မြို့က ICJ တရားရုံးရဲ့ အမေဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံသူတွေ စုဝေးရာအရပ်မှာ စမိုင်းလ်တို့ဇနီးမောင်နှံက အမေစုတရားရုံးထဲမှ ထွက်အလာကို ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ထောက်ခံကြိုဆိုနေကြတာဖြစ်ပါတယ်။ သူမကတော့ နိုင်ငံကိုချစ်တဲ့စိတ်တစ်ခုတည်းနဲ့ ဒီနေရာကိုအရောက်လာခဲ့တယ်လို့ပြောပါသေးတယ်။ သူမတို့အနေနဲ့ ငြိမ်းချမ်းစွာနဲ့သာ အမေ့ကို ဝန်းရံသွားမယ်လို့ဆိုပါတယ်။

Image may contain: 1 person, sitting and indoor

Image may contain: 2 people, eyeglasses and closeup

သူမကတော့ တရားရုံးအပြင်ဘက်က မြင်ကွင်းတွေကို ပရိသတ်ကြီးမြင်တွေ့နိုင်အောင်လည်း မျှဝေပေးထားပါသေးတယ်။ စမိုင်းလ်ရဲ့ Live ကို ဖော်ပြရင်းနဲ့ သူမလိုပဲ နိုင်ငံချစ်တဲ့စိတ်နဲ့ လာရောက်နေကြတဲ့ မြန်မာနိုင်ငံသူ နိုင်ငံသားတွေရဲ့ ပုံရိပ်တွေကိုပါ တွေ့မြင်နိုင်မှာဖြစ်ပါတယ်။We Love Cele

Photos-စမိုင်းလ်

Previous Post

မူးလဲသွားလို့ အရေးပေါ် ဆေးရုံတက်လိုက်ရတဲ့ ဝေဠုကျော်

Next Post

မုန့်ဟင်းခါးဆိုင်အကြီးကြီးဖွင့်ဖို့ ထီပေါက်ချင်တယ်ဆိုတဲ့ ရဲလေးမ

Next Post

မုန့်ဟင်းခါးဆိုင်အကြီးကြီးဖွင့်ဖို့ ထီပေါက်ချင်တယ်ဆိုတဲ့ ရဲလေးမ

ပရိသတ်တွေ သဘောကျနေကြတဲ့ မြန်မာအသင်းကို အားပေးနေတဲ့ အောင်သူတို့ သားအဖ

ပြည်တွင်းပြည်ပသတင်းများအားစုံလင်စွာဖတ်ရှု့နိုင်ပါသည်။
  • Privacy Policy

© Copyright 2018 - All rights reserved by We Love Cele

No Result
View All Result
  • ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
  • ပြည်ပသတင်း
  • အနုပညာ
  • အားကစား

© Copyright 2018 - All rights reserved by We Love Cele

error: Content is protected !!