သရုပ်ဆောင် ညီညီမောင်က ရန်ကုန်မြို့ မဟာဗန္ဓုလပန်းခြံနားမှာပြုလုပ်တဲ့ နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်အား ထောက်ခံပွဲကို မရောက်ရောက်အောင်သွားပြီး ဝန်းရံခဲ့ပါတယ်။
အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အဖွဲ့ဟာ ဒီကနေ့မှာတော့ သဟိဂ်မြို့ရဲ့ ICJ ရုံးမှာ ဂမ်ဘီယာရဲ့ စွပ်စွဲချက်တွေကို ပြန်လည်တုံ့ပြန်သွားမှာဖြစ်ပါတယ်။ သဟိဂ်မြို့ကိုရောက်ရှိနေတဲ့ အမေစုကို ထောက်ခံတဲ့ ပွဲတွေကို မြန်မာနိုင်ငံ အရပ်ရပ်မှာ ပြည်သူတွေက ပြုလုပ်ကျင်းပနေကြပါတယ်။
ရန်ကုန်မြို့မှာလည်း ဒီဇင်ဘာလ ၁၀ ရက်နေ့က မဟာ ဗန္ဓုလပန်းခြံအနီးမှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။ ထိုပွဲကိုတော့ အနုပညာရှင်တွေနဲ့ပြည်သူတွေ တက်ရောက်ထောက်ခံအားပေးခဲ့ကြပါတယ်။ မိတ်ကပ်ဖန်တီးရှင်တစ်ဦးဖြစ်တဲ့ ညီညီမောင် စမ်းချောင်းလည်း အပါအဝင်ဖြစ်တာ တွေ့ခဲ့ရပါတယ်။
သုသုလို့ ချစ်စနိုးခေါ်ကြတဲ့ ညီညီမောင်က ရှုတင်ပြီးတာနဲ့ ထိုထောက်ခံပွဲကို အမှီသွားခဲ့ကြောင်း ဆိုပါတယ်။ တစ်ဆက်တည်းမှာပဲ သဟိဂ်မြို့မှာ တရားရင်ဆိုင်ဖို့သွားရောက်နေတဲ့ အမေစု ကျန်းမာစွာနဲ့ အောင်မြင်မှုတွေနဲ့အတူ အိမ်ပြန်လာနိုင်ပါစေလို့ ဆုမွန်ကောင်းတောင်းပေးထားတာလည်းဖြစ်ပါတယ်။
ညီညီမောင်စမ်းချောင်းရဲ့ အမေစု အားပေးထောက်ခံပွဲရောက်ပုံလေးတွေကို မျှဝေပေးလိုက်ပါတယ်။We Love Cele
Photos-Nyi Nyi Maung