• ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
  • ပြည်ပသတင်း
  • အနုပညာ
  • အားကစား
Tuesday, April 13, 2021
No Result
View All Result

မျက်စိကျန်းမာရေးကြောင့် အနုပညာအလုပ်တွေနားလိုက်ရတဲ့ သရုပ်ဆောင် ပုလဲဝင်း

We Love Cele by We Love Cele
December 11, 2019
in အနုပညာ
0

သရုပ်ဆောင် မင်းသမီး ပုလဲဝင်းကတော့ အနုပညာလောက ကနေ ၂၀၁၅ ခုနှစ်ကနေစတင် အနားယူလိုက်တာဖြစ်ပြီး သူမရဲ့ မျက်စိ ကျန်းမာရေးအခြေအနေကြောင့် အနားယူခဲ့ရတာလို့သိရပါတယ်။

Image may contain: 1 person, smiling, flower, plant, outdoor and nature

ဒီဇင်ဘာလ (၆)နေ့က နေပြည်တော်၊ မြို့မဈေး မှာဖွင့်လှစ်ခဲ့တဲ့ သူမရဲ့ MERCI ပိုးထည်နှင့် ကျောက်မျက်ရတနာဆိုင် ဖွင့်ပွဲမှာ အခုလိုဖြေကြားခဲ့တာပါ။

Image may contain: 1 person, flower, outdoor and nature

“အခုချိန်မှာကိုယ်က အနုပညာသမားဆိုတော့ အနုပညာကို ပြန်လုပ်ချင်စိတ်တွေတော့ ဖြစ်တာပေါ့။ ပုလဲတို့ခေတ်တုန်းကတော့ VCD ခေတ်ဆိုတော့ VCD ခေတ်က သီချင်းလေးတွေ ကိုယ့်ဇာတ်ကားလေးတွေ ပြန်တွေ့တဲ့ အချိန်ကျတော့ ပြန်ပြီးတော့သတိရတယ်ပေါ့ အနုပညာ အလုပ်ဆိုတာ အရမ်းကိုဝါသနာပါလို့ လုပ်ခဲ့တာလေ ။ဆယ်နှစ်ကျော်တောင်လုပ်ခဲ့တာဆိုတော့ ဒီအလုပ်က တစ်ကယ်ကိုနှစ်သက်တဲ့ ချစ်တဲ့ အလုပ်ပါ ။ဒါပေမယ့်လည်းပုလဲက ကျန်းမာရေးကြောင့် နားလိုက်တာဖြစ်တဲ့အတွက် ထပ်ပြီးတော့လုပ်ဖို့အစီအစဉ်မရှိပါဘူး ။ပုလဲကမျက်စိကျန်းမာရေး ကြောင့်ပါ ။မျက်ကပ်မှန်တပ်ရတယ်။ပါဝါကလည်းများတယ် ။မျက်မှန်ပါဝါက တစ်ထောင် ကျော်တယ် ။မျက်ကပ်မှန်ကနေပူထဲသွားတာတို့ ငိုတာတို့ဆိုရင် သုံးရက်လောက် မျက်ကြောတွေ ညိုပြီးရောင်လာတယ် ။ခေါင်းတွေကိုက်လာတယ် ။အာရုံကြောထိခိုက်တာပေါ့။ ပြီးတော့ မျက်သားခြောက်တယ် ။အဲ့ဒါဆရာဝန်က နားခိုင်းတာလို့နားဖြစ်တာပါ။”လို့ ပုလဲဝင်းက အခုလိုပြောပြခဲ့ပါတယ်။

Image may contain: 1 person, smiling, standing and outdoor

လက်ရှိမှာတော့ ပုလဲဝင်းက အနုပညာအလုပ်တွေကို လုံးဝနားလိုက်တာဖြစ်ပြီး သရုပ်ဆောင်အလုပ် ပြန်လုပ်ချင်ပေမယ့်မျက်လုံးက ငိုလို့မရတော့တာကြောင့် သူမရဲ့ဝါသနာကို စွန့်လွှတ်ပြီး စီးပွားရေးကိုသာ အာရုံစိုက်ပြီးလုပ်သွားတော့မယ်လို့လည်း သူမကပြောပါတယ်။

Image may contain: 1 person, selfie and closeup

အကုန်သိ

Previous Post

မျက်နှာခွဲစိတ်ပြုပြင်ပြီးနောက်ပိုင်း ပြောင်းလဲသွားတဲ့ မျက်နှာကို ပြသလိုက်တဲ့ ထွန်းအိန္ဒြာဗိုလ်

Next Post

ဇနီးဖြစ်သူအတွက် Romantic အဆန်ဆုံး မွေးနေ့လက်ဆောင်ကိုပေးခဲ့တဲ့ လွင်မိုး

Next Post

ဇနီးဖြစ်သူအတွက် Romantic အဆန်ဆုံး မွေးနေ့လက်ဆောင်ကိုပေးခဲ့တဲ့ လွင်မိုး

အေးချမ်းလှတဲ့ ပြင်ဦးလွင်မြို့လေးမှာ စုထားတဲ့ အနုပညာကြေးလေးတွေနဲ့ ဆယ်ကျော်သက်အိပ်မက်တွေကို အကောင်အထည်ဖော်လိုက်တဲ့ မြတ်ကေသီအောင်

ပြည်တွင်းပြည်ပသတင်းများအားစုံလင်စွာဖတ်ရှု့နိုင်ပါသည်။
  • Privacy Policy

© Copyright 2018 - All rights reserved by We Love Cele

No Result
View All Result
  • ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
  • ပြည်ပသတင်း
  • အနုပညာ
  • အားကစား

© Copyright 2018 - All rights reserved by We Love Cele

error: Content is protected !!