အနေအထိုင် ပွင့်လင်းပြီး ပျော်ပျော်နေတတ်တဲ့ အဆိုတော်မလေး ပိုပိုကတော့ သူမချစ်တဲ့ အနုပညာအလုပ်တွေလုပ်ရင်း ဘဝကို ရိုးရိုးသားသား ရှေ့ဆက်နေတဲ့ အနုပညာရှင်တစ်ဦးပဲ ဖြစ်ပါတယ်။ ပရဟိတအလုပ်တွေ လုပ်နေရရင်လည်း ပျော်နေတတ်တဲ့ ပိုပိုကတော့ လတ်တလောမှာ အေးစက်နေတဲ့ ရာသီဥတုရဲ့ဒဏ်ကို ခံစားနေရရှာတဲ့ နွမ်းပါးသူတွေကို လိုအပ်တာတွေ သွားရောက်လှူဒါန်းခဲ့တဲ့ သူမရဲ့ပုံရိပ်တွေကို လူမှုကွန်ယက်မှာ ဝေမျှပေးထားတာ တွေ့ရပါတယ်။ အလှူရှင်တွေကို စုစည်းပြီး သူမကိုယ်တိုင် သွားရောက်လှူဒါန်းခဲ့တဲ့ ပိုပိုကတော့ တကယ့်ကို စိတ်ထားမွန်မြတ်သူတစ်ဦးပါပဲနော်။
ချစ်ပရိသတ်တွေအတွက် ရွှေပြည်သာမြို့နဲ့ တောင်ဒဂုံမြို့တွေက ကျူးကျော်တဲတွေကို သွားရောက်ပြီး နွေးထွေးစေမယ့် စောင်တွေ အစားအစာတွေ နဲ့ အလှူငွေတွေ သွားရောက်လှူဒါန်းခဲ့တဲ့ အဆိုတော် ပိုပိုရဲ့အကြောင်းကို ဖော်ပြပေးလိုက်ပါတယ်နော်။
အဆိုတော် ပိုပိုကတော့ “မနေ့က စောင် ဆန် အဝတ်အထည် ဖိနပ် ပိုက်ဆံ မုန့် ၁၆ သိန်း ၈ သောင်း တိတိ လှူဒါန်းသောသူများ စိတ်ချမ်းသာကြပါစေရှင် ❤️ကျေးဇူးပါ အလှူလေးကို ဝိုင်းလှူပေးကြလို့ ပိုက အလှူရှင်တွေကို ပါရမီဖြည့်သူပါ 🙏🏻🙏🏻🙏🏻🙏🏻” ဆိုပြီး အေးတဲ့ ရာသီမှာ စောင်မရှိလို့ ဒုက္ခရောက်နေကြသူတွေကို နွေးထွေးမှုတွေ ဆောင်ကျဉ်းပေးခဲ့တဲ့ သူမတို့ မိတ်ဆွေတစ်စုရဲ့အကြောင်းကို လူမှုကွန်ယက်မှာ ဝေမျှပေးထားတာပဲ ဖြစ်ပါတယ်။
လှူရင်းနဲ့ ပျော်နေကြတဲ့ ပိုပိုတို့ အနုပညာမောင်နှမတွေ…။
နွေးထွေးမှုအပြည့်နဲ့ ချစ်စရာစိတ်ထားလေးကို ပိုင်ဆိုင်ထားတဲ့ ပိုပို…။
ပရိသတ်တွေ အရမ်းသဘောကျရတဲ့ အဆိုတော် ပိုပိုကတော့ မိန်းကလေးပေမယ့် ကြိုးစားမှုတစ်ခုတည်းနဲ့ ရှေ့ဆက်နေတာ အခုဆိုရင် အောင်မြင်မှုလမ်းကြောင်းပေါ် ခိုင်ခိုင်မာမာ ရပ်တည်နေနိုင်ပြီပဲ ဖြစ်ပါတယ်။ လတ်တလောမှာတော့ ပိုပိုက ရှိုးပွဲတွေ ဆက်တိုက်ဆိုဖြစ်နေပြီး၊ သီချင်းအသစ်တွေလည်း ဖန်တီးဖြစ်နေတယ်လို့ သိရပါတယ်။ ချစ်ပရိသတ်တွေလည်း အရမ်းကို ချစ်ဖို့ကောင်းလွန်းတဲ့ စိတ်ထားပိုင်ရှင်လေး ပိုပိုကိုချစ်ရင် Share သွားကြဖို့ မမေ့ပါနဲ့နော်။
မိုမိုလေး