သရုပ်ဆောင် ထွန်းအိန္ဒြာဗိုလ်က တူမဖြစ်သူ သီလရှင်ဝတ်ပြီးကောင်းမှုကုသိုလ်ပြုလုပ်သွားတာကို သာဓုခေါ်ဆိုလိုက်ပါတယ်။
အနုပညာလောကရဲ့ ထိပ်တန်းမင်းသမီးတစ်လက်ဖြစ်သူ ထွန်းအိန္ဒြာဗိုလ်က သားတစ်ဦးနဲ့ ပျော်ရွှင်စရာကောင်းတဲ့ မိသားစုတစ်ခုကို တည်ဆောက်ထားတာဖြစ်ပါတယ်။ မကြာသေးခင်ကမှ သူမရဲ့ မျက်လုံးနဲ့ဆိုင်တဲ့အလှအပတွေကို ကိုရီးယားနိုင်ငံမှာ သွားရောက်ခွဲစိတ်လာပါသေးတယ်။
ထွန်းအိန္ဒြာဗိုလ်က တစ်ဦးတည်းသော တူမလေးဖြစ်သူ ဒေါက်တာ ဒေါ်သက်သက်ခိုင်ရဲ့ သမီးလေး သီလရှင်ဝတ်ပြီး ကောင်းမှုကုသိုလ်ပြုလုပ်ပုံတွေကို မျှဝေလိုက်ပါတယ်။
ထွန်းအိန္ဒြာဗိုလ်ဟာ တူမလေးဖြစ်တဲ့ သက်ရတနာကျော်ဝင်းရဲ့ တချိန်တုန်းက ဆံပင်ရှည်ပုံစံလေးနဲ့အတူ ယခု သာသနာပြုတဲ့ပုံလေးတွေကို ယှဉ်ပြီးတွဲပြထားပါသေးတယ်။ တူမဖြစ်သူ သီလရှင်ဝတ် ကတုံးတုံးလိုက်တဲ့အတွက်ကြောင့် သူမရဲ့ wigs တွေကိုတော့ ဖွက်ထားရဦးမယ်လို့ စနောက်ရေးသားထားပါသေးတယ်။
တူမလေး သက်ရတနာကျော်ဝင်းရဲ့ ကောင်းမှုကုသိုလ်ပြုလုပ်နေတဲ့ပုံရိပ်တွေကို ပရိသတ်ကြီးအတွက်ပါ ဖော်ပြပေးလိုက်ပါတယ်။We Love Cele
Photos-Mi Mi Khine