• ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
  • ပြည်ပသတင်း
  • အနုပညာ
  • အားကစား
Monday, April 12, 2021
No Result
View All Result

ငွေကျပ် သိန်း (၁၀၀) နဲ့ အာမခံရယူသွားတဲ့ သရုပ်ဆောင် မိုးအောင်ရင်

We Love Cele by We Love Cele
December 13, 2019
in အနုပညာ
0

ကာမလိမ်လည်ရယူမှု ပုဒ်မ(၄၁၇)နဲ့ တရားစွဲဆိုခံထားရတဲ့ သရုပ်ဆောင် မိုးအောင်ရင်ကတော့ ဒီနေ့(ဒီဇင်ဘာ၁၃ရက်)ရုံးချိန်းသို့ တက်ရောက်ခဲ့ပြီး သိန်း(၁၀၀)နဲ့ အာမခံ ရယူသွားခဲ့တယ်လို့ သိရပါတယ်။

Image may contain: 1 person, outdoor and nature

သရုပ်ဆောင် မိုးအောင်ရင်ကို ရည်းစားဟောင်းက ရန်ကင်းမြို့နယ်တရားရုံးမှာ ကာမလိမ်လည်မှုနဲ့ ဦးတိုက်လျှောက်ထားပြီး တရားစွဲဆိုထားတာ ဖြစ်ပါတယ်။ ကာမလိမ်လည်ရယူမှု ပုဒ်မ(၄၁၇)နဲ့ တရားစွဲဆိုခံထားရတဲ့ သရုပ်ဆောင် မိုးအောင်ရင်ကတော့ ဒီနေ့(ဒီဇင်ဘာ၁၃ရက်)ရုံးချိန်းသို့ တက်ရောက်ခဲ့ပြီး သိန်း(၁၀၀)နဲ့ အာမခံ ရယူသွားခဲ့တယ်လို့ သိရပါတယ်။

Image may contain: 4 people, people smiling, people standing, mountain, sky, outdoor and nature

မိုးအောင်ရင်ရဲ့ ရည်းစားဟောင်းအနေနဲ့ ယခုလို တရားစွဲဆိုခဲ့တာနဲ့ပတ်သက်ပြီး ဝေဖန်ခံရတာတွေ ရှိခဲ့ပေမယ့်လည်း အမှန်တရားက တစ်နေ့ပေါ်လာမှာပဲလို့ ဆိုပါတယ်။ “၁၀၀ရာခိုင်နှုန်းယုံကြည်မှုရှိတယ်။ဝေဖန်တဲ့သူတွေကိုဘာမှမပြောချင်ဘူးအမှန်တရားကပေါ်လာမှာပဲ” လို့ မိုးအောင်ရင်ရဲ့ ရည်းစားဟောင်း ခင်မြတ်နိုးက ဒီနေ့ ရုံးချိန်းမှာ မီဒီယာတွေကိုပြောပြခဲ့တာ ဖြစ်ပါတယ်။

Image may contain: 1 person, standing and indoor

မိုးအောင်ရင်ရဲ့ အမှုနဲ့ပတ်သက်ပြီး ရန်းကင်းတရားရုံးက ပြန်ကြားရေးအရာရှိက ယခုလို ပြောပြခဲ့ပါတယ်။”ဒီနေ့ရုံးချိန်းကို စွတ်စွဲခံရတဲ့ မိုးအောင်ရင် ရောက်လာပါတယ်။ ရောက်လာပြီးတော့ အာမခံ လျှောက်ထားတဲ့အတွက် တရားရုံးကနေ ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၄၉၆အရ ကျပ်သိန်း ၁၀၀တန် ခံဝန်သူနှစ်ဦးနဲ့ အချုပ်အလွတ်ထုချေခွင့်ပြုခဲ့ပါတယ်” လို့ သူက ဆိုပါတယ်။

Image may contain: 2 people, people smiling, people standing and outdoor

မိုးအောင်ရင်ရဲ့ အမှုကို မဟာဗျူဟာစီမံခန့်ခွဲမှုအစီအစဉ်နဲ့ စစ်ဆေးမှုတွေ ပြုလုပ်သွားမယ်လို့လည်းသိရပါတယ်။နောက်ထပ်ရု့းချိန်းကို ၂၀၂၀ခုနှစ်၊ဇန်နဝါရီ(၇) ရက်နေ့သို့ ပြန်လည်ချိန်းဆိုလိုက်ပါတယ်။

Image may contain: 1 person, standing, shoes and sunglasses

မိုးအောင်ရင်ဟာ ချစ်သူကောင်မလေးနဲ့ လမ်းခွဲလိုက်ပြီဖြစ်ကြောင်း အွန်လိုင်းမီဒီယာတစ်ခုမှာ အင်တာဗျူးပြီးနောက်ပိုင်း ယခုလို တရားစွဲဆိုခြင်း ခံရတာလည်း ဖြစ်ပါတယ်။ သရုပ်ဆောင် မိုးအောင်ရင်ကို တရားစွဲဆိုထားတဲ့ ပုဒ်မ ၄၁၇ဟာ လိမ်လည်မှုပုဒ်မဖြစ်ပြီး ထောင်ဒဏ်သုံးနှစ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရနိုင်သည်ဟု ရာဇသတ်ကြီး ဥပဒေမှာ ပြဌာန်းထားကြောင်း သိရပါတယ်။

Image may contain: 1 person, outdoor

ဆယ်လီရပ်ကွက်

Previous Post

ချစ်သူထားတာကို မိဘက လုံးဝ သဘောမကျဘူးဆိုတဲ့ လိမ္မော်သီးရဲ့ အချစ်ရေး

Next Post

ကုန်ဈေးနှုန်း တက်ပေမယ့် ဈေးနှုန်း အများကြီး မပြောင်းလဲတဲ့ နေဆန်းတို့ ထမင်းဆိုင်

Next Post

ကုန်ဈေးနှုန်း တက်ပေမယ့် ဈေးနှုန်း အများကြီး မပြောင်းလဲတဲ့ နေဆန်းတို့ ထမင်းဆိုင်

အရမ်းချစ်တတ်လွန်းတဲ့ အစ်မဖြစ်သူ လိမ္မော်သီးကို အချစ်ရေးမှာစိတ်ချမ်းသာစေချင်တဲ့ ဝေလာရီ

ပြည်တွင်းပြည်ပသတင်းများအားစုံလင်စွာဖတ်ရှု့နိုင်ပါသည်။
  • Privacy Policy

© Copyright 2018 - All rights reserved by We Love Cele

No Result
View All Result
  • ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
  • ပြည်ပသတင်း
  • အနုပညာ
  • အားကစား

© Copyright 2018 - All rights reserved by We Love Cele

error: Content is protected !!