• ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
  • ပြည်ပသတင်း
  • အနုပညာ
  • အားကစား
Sunday, January 17, 2021
No Result
View All Result

ကုန်ဈေးနှုန်း တက်ပေမယ့် ဈေးနှုန်း အများကြီး မပြောင်းလဲတဲ့ နေဆန်းတို့ ထမင်းဆိုင်

We Love Cele by We Love Cele
December 13, 2019
in အနုပညာ
0

အနုပညာလောကမှာ နှစ်ပေါင်း ၂၀ ကျော်ပြီဖြစ်တဲ့ သရုပ်ဆောင် နေဆန်းက အနုပညာအလုပ်များကို လုပ်ကိုင်ရင်း ကိုယ်ပိုင်စီးပွားရေးအဖြစ် ချစ်တီးထမင်းဆိုင် ဖွင့်လှစ်ထားတာ ၂ နှစ်ပြည့်တော့မှာ ဖြစ်ပါတယ်။ ၂ နှစ်အတွင်း ကုန်ဈေးနှုန်းတက်ပေမယ့်လည်း ဈေးနှုန်းအများကြီး မပြောင်းလဲဘူးလို့ နေဆန်းက ပြောပါတယ်။

Image may contain: 2 people, people smiling, people standing

“ကျနော်တို့ နယူးချစ်တီးဆိုင်လေးက ၂ နှစ်ပြည့်တော့မယ်။ ဆိုင်ခွဲတွေဖွင့်ဖို့ လိုပါသေးတယ်။ ဒီဆိုင်ကိုပဲ အကောင်းဆုံးဖြစ်အောင် လုပ်နေတာပေါ့။ အခုဆို မနက်ခင်း ထမင်းကြော်လေးရယ်၊ မုန့်အချိုလေးရယ် တိုးချဲ့လုပ်ကိုင်နေတယ်။ ကျနော်တို့ ဈေးနှုန်းလည်း အများကြီး မပြောင်းလဲပါဘူး။ အသားနဲ့ စားရင်သာ ၅၀၀ လောက်ပဲ တက်တာပါ။ သက်သတ်လွတ် အဝစား ၁၀၀၀ ကျပ်ကတော့ အခုချိန်ထိ မတက်ပါဘူး။ ကုန်ဈေးနှုန်းတက်ချိန်မှာလည်း အရမ်းတော့ အခက်အခဲ မတွေ့ဘူး”

Image may contain: 2 people, people sitting

“ကျနော်တို့က အရေအတွက် များတာကြောင့် အရမ်း သိသိသာသာ အမြတ် မလျော့သွားဘူး။ နည်းနည်းတော့ လည်ပတ်လို့ ရတာပေါ့။ ကျနော်တို့က စဖွင့်ကတည်းက လင်မယားနှစ်ယောက်ပေါင်း ကြိုးစားကြတာပေါ့။ ကျနော့် မိန်းမဆိုလည်း ရောင်းဖို့စီစဉ်တဲ့ အပိုင်းကို လုပ်တယ်။ အစအဆုံး နှစ်ယောက်ပေါင်းပြီး ကြိုးစားလုပ်ကိုင်ကြတာပေါ့။ ကျနော်တို့ ဆိုင်ဖွင့်တာလည်း ရည်ရွယ်ချက် ကြီးကြီးမားမား မရှိပါဘူး။ ကျနော်တို့ လည်လည်ပတ်ပတ်နဲ့ စားသောက်ရရင် တော်ပြီဆိုပြီး ဖွင့်တာပါ”လို့ နေဆန်းက ပြောပါတယ်။

Image may contain: 3 people, people standing

ဆိုင်ဖွင့်ထားပေမယ့် အနုပညာကို လက်မလွှတ်ဘူးလို့ ဆိုတဲ့ သရုပ်ဆောင် နေဆန်းက အနုပညာသမားတွေလည်း အနုပညာအပြင် စီးပွားရေးတွေ လုပ်လာကြတာ အရမ်းကောင်းတယ်လို့ ဆိုပါတယ်။

Image may contain: food

“ကျနော် အနုပညာ လုပ်ရှားမှု ပါးနေတယ်။ အိုက်တင်တွေတောင် မေ့နေမလားလို့ ပြန်တွေးနေရတယ်။ အခုတော့ ဆိုင်နဲ့ လည်ပတ်နေတာပေါ့။ ဇာတ်လမ်းတွဲလေး တခုရိုက်ဖို့တော့ ရှိတယ်။ အရင်ကတည်းက ကာရိုက်တာ မရွေးတော့ အခုဆို ပိုတောင် ကာရိုက်တာ ရွေးလို့ မရဘူးပေါ့။ ဘယ်လို ကာရိုက်တာ လာငှားငှား ရိုက်ပါသေးတယ်။ အနုပညာကိုလည်း လက်မလွှတ်ပါဘူး”

Image may contain: 2 people, people sitting

“အနုပညာသမားတွေလည်း အနုပညာအပြင် စီးပွားရေးတွေ လုပ်လာကြတာ အရမ်းကောင်းတယ်။ အဲ့လို တနိုင်တပိုင် စီးပွားရေးလေးတွေလည်း လုပ်ရမှာပဲ။ ကျနော်တို့က အနုပညာကို အရင်ကဆက်တိုက်လုပ်နေရတော့ စားဖို့က အိုကေတယ်။ အခုကျတော့ အနုပညာ ဆက်တိုက်လုပ်ဖို့ နည်းနည်း ခက်ခဲကြတယ်။ ကျနော်ကတော့ စီးပွားရေးတွေ လုပ်တာ သဘောကျတယ်”လို့ နေဆန်းက ပြောပါတယ်။

Image may contain: 2 people, people standing

သရုပ်ဆောင် နေဆန်းကတော့ ၂၀၁၈ ခုနှစ်၊ မေလ ၅ ရက်နေ့က “နယူးချစ်တီး” လို့ အမည်ပေးထားတဲ့ ထမင်းဆိုင်ကို ရန်ကုန်မြို့၊ တောင်ဥက္ကလာပမြို့နယ်၊ သုမင်္ဂလာလမ်းမပေါ်မှာ ဖွင့်လှစ်ခဲ့တာ ဖြစ်ပါတယ်။

Image may contain: 2 people, people sitting and people standing

ဧရာဝတီ

Previous Post

ငွေကျပ် သိန်း (၁၀၀) နဲ့ အာမခံရယူသွားတဲ့ သရုပ်ဆောင် မိုးအောင်ရင်

Next Post

အရမ်းချစ်တတ်လွန်းတဲ့ အစ်မဖြစ်သူ လိမ္မော်သီးကို အချစ်ရေးမှာစိတ်ချမ်းသာစေချင်တဲ့ ဝေလာရီ

Next Post

အရမ်းချစ်တတ်လွန်းတဲ့ အစ်မဖြစ်သူ လိမ္မော်သီးကို အချစ်ရေးမှာစိတ်ချမ်းသာစေချင်တဲ့ ဝေလာရီ

ဘင်ဂျမင်ဆုန်ကို အပြည့်အဝသွားရောက်အားပေးခဲ့ကြတဲ့ ယုသန္တာတင်နဲ့ ခင်လေးနွယ်

ပြည်တွင်းပြည်ပသတင်းများအားစုံလင်စွာဖတ်ရှု့နိုင်ပါသည်။
  • Privacy Policy

© Copyright 2018 - All rights reserved by We Love Cele

No Result
View All Result
  • ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
  • ပြည်ပသတင်း
  • အနုပညာ
  • အားကစား

© Copyright 2018 - All rights reserved by We Love Cele

error: Content is protected !!