• ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
  • ပြည်ပသတင်း
  • အနုပညာ
  • အားကစား
Tuesday, April 13, 2021
No Result
View All Result

ပရိသတ်တွေ တောင်းဆိုကြလို့ ‘စိုးစန္ဒာ’လို Style နဲ့ သီချင်းသီဆို ဖျော်ဖြေခဲ့တဲ့ ခြူးလေး

We Love Cele by We Love Cele
December 14, 2019
in အနုပညာ
0

စကားပြောရင် သွက်သွက်လက်လက်နဲ့ ချစ်စရာကောင်းတဲ့ မင်းသမီးချောလေး ခြူးလေးကတော့ ရုပ်သံ ဇာတ်လမ်းတွဲတွေမှာ သဟာဝကျကျ သရုပ်ဆောင်ရင်း လူသိများလာသူလေးပါ ။ လတ်တလောမှာတော့ ခြူးလေးက ပရိသတ်တွေကြားမှာ အရမ်းအောင်မြင်သွားတဲ့ “နွေလယ်ညရဲ့ လမင်း” ဇာတ်လမ်းတွဲထဲက စိုးစန္ဒာပုံစံမျိုးနဲ့ သီချင်းသီဆို ဖျော်ဖြေခဲ့တဲ့ သူမရဲ့ ပုံရိပ်တွေကို လူမှုကွန်ယက်မှာ ဝေမျှပေးထားတာ တွေ့ရပါတယ်။ ပရိသတ်တွေကတော့ “စိုးစန္ဒာ” ဇာတ်ရုပ်ကို ပီပီပြင်ပြင် သရုပ်ဆောင်နိုင်လွန်းတဲ့ ခြူးလေးကို အရမ်းတော်လွန်းလို့ ချီးကျူးနေကြတာပါနော်။

ချစ်​ပရိသတ်​တွေအတွက် အရမ်းကို လှရက်လွန်းတဲ့​ ဖက်ရှင်နဲ့ ပရိသတ်တွေကို သီချင်းဆိုဖျော်ဖြေခဲ့တဲ့ မင်းသမီးချောလေး ခြူးလေးရဲ့ပုံရိပ်​တွေကို​ဖော်​ပြ​ပေးလိုက်​ပါတယ်​နော်​။

ခြူးလေးကတော့ “စိုးဆိုတဲ့ မိန်းမက ဘယ်တော့မှ နောင်တမရတတ်ဘူး …..လုပ်ချင်တာကို လုပ်တယ် ဖြစ်လာတော့လည်း အေးဆေးဘဲ …… ကောလင်းဘက် တစ်လျှောက် ချစ်ပရိတ်သတ်တွေ အားပေးကြမ်းချက် စိုးလို Style နဲ့ ဆိုပေးပါလို့တောင် တောင်းဆိုကြတယ် …. စိုးရေ လွမ်းနေမယ် …Character အသစ်လေး “ အေး “ ကိုလည်း အကောင်းဆုံး ကြိုးစား မယ် နော် …. ” ဆိုပြီး သူမကို အားပေးကြမ်းခဲ့ကြတဲ့ စိုးစန္ဒာပုံစံလေးနဲ့ ပရိသတ်တွေကို သီချင်းဆို ဖျော်ဖြေခဲ့တဲ့ သူမရဲ့ပုံရိပ်တွေကို လူမှုကွန်ယက်မှာ ဝေမျှပေးထားတာပါ။

လှရက်လိုက်တာ ခြူးလေးရယ်…

အနုပညာကို ချစ်မြတ်နိုးလွန်းတဲ့ ခြူးလေးက​တော့ လတ်​တ​လောမှာ ဇာတ်ကားတွေလည်း ရိုက်​ကူးဖြစ်​နေပြီး၊ တစ်​ခြား​သော အနုပညာအလုပ်​တွေ လုပ်​ဖြစ်​နေတာပါ။ မကြာသေးခင်ကမှ ပြသပြီးသွားတဲ့ “နွေလယ်ညရဲ့လမင်း” ဇာတ်လမ်းတွဲထဲမှာ စိုးစန္ဒာအဖြစ် ပါဝင်သရုပ်ဆောင်ခဲ့တဲ့ ခြူးလေးကတော့ သူမရဲ့ ပီပြင်ထိမိတဲ့ သရုပ်ဆောင်ချက်တွေကြောင့် ပရိသတ်တွေ သဘောကျခဲ့ရတာပဲ ဖြစ်ပါတယ်။ ချစ်ပရိသတ်တွေလည်း တစ်နေ့တစ်ခြား ပိုပိုလှလာတဲ့ ခြူးလေးကိုချစ်ရင် share သွားကြဖို့ မမေ့ပါနဲ့နော်။ 

မိုမိုလေး

Previous Post

ပရိသတ်တွေထင်မထားတဲ့ နာမည်ကြီး Cele တွေဖြစ်နေတဲ့ သီးမွှေးနဲ့ ဖိုးဝ

Next Post

သမီးလေးရဲ့ ၅လပြည့် မွေးနေ့ကို စွယ်တော်ဘုရားမှာ ဘုရားဖူးရင်း အလှူလုပ်ခဲ့တယ် ဆိုတဲ့ စန္ဒီမြင့်လွင်

Next Post

သမီးလေးရဲ့ ၅လပြည့် မွေးနေ့ကို စွယ်တော်ဘုရားမှာ ဘုရားဖူးရင်း အလှူလုပ်ခဲ့တယ် ဆိုတဲ့ စန္ဒီမြင့်လွင်

ခင်ပွန်းဖြစ်သူက မိန်းမဆန်ဆန်နေရင် သဘောမကျဘူးဆိုတဲ့ ပိုင်ဖြိုးသု

ပြည်တွင်းပြည်ပသတင်းများအားစုံလင်စွာဖတ်ရှု့နိုင်ပါသည်။
  • Privacy Policy

© Copyright 2018 - All rights reserved by We Love Cele

No Result
View All Result
  • ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
  • ပြည်ပသတင်း
  • အနုပညာ
  • အားကစား

© Copyright 2018 - All rights reserved by We Love Cele

error: Content is protected !!