နန္ဒာလှိုင်က သူမရဲ့ သမီးကြီးလေး ဇေဝတီလှိုင်ရဲ့ ပညာ အရည်အချင်းကို ဂုဏ်ပြုစကားပြောလိုက်တာဖြစ်ပါတယ်။
အနုပညာရှင်တစ်ယောက်အဖြစ် ရပ်တည်လာတဲ့အကယ်ဒမီနန္ဒာလှိုင်က မိသားစုကို ကောင်းမွန်စွာ ထိန်းသိမ်းနိုင်တဲ့ အိမ်ထောင်ရှင်မတစ်ဦးအဖြစ်ပါ ရပ်တည်နေပြီဖြစ်ပါတယ်။ ချစ်စရာသမီးလေး (၃) ဦးကိုပိုင်ဆိုင်ထားပြီး တော်တတ်လွန်းတဲ့ သမီးလေးတွေရဲ့ လှုပ်ရှားပြုမူပုံလေးတွေကလည်း ပရိသတ်တွေကိုအချစ်ပိုစေပါတယ်။
နန္ဒာလှိုင်က ချစ်စရာသမီးကြီးလေးရဲ့ အရည်အချင်းကို ဂုဏ်ပြုလိုက်ပါသေးတယ်။ သမီးကြီး ဇေဝတီလှိုင်ဟာ အသက်(၁၀) နှစ်ကျော်သာရှိသေးပေမယ့် သူမရဲ့ အင်္ဂလိပ်စာ စာမေးပွဲမှာ ဂုဏ်ထူးနဲ့အောင်မြင်လာတာဖြစ်ပါတယ်။ နန္ဒာလှိုင်က အသက် (၁၀) နှစ်သာရှိသေးပေမယ့် ဒီလောက်ရအောင်ဖြေဆိုနိုင်တဲ့ သူမရဲ့သမီးလေးကို ကျေးဇူးတင်ကြောင်း အမှတ်တွေနဲ့တကွ သူမရဲ့ အကောင့်လေးမှာ တင်ခဲ့တာဖြစ်ပါတယ်။
တစ်ယောက်တစ်မျိုးစီထက်မြတ်ကြတဲ့ သမီးလေးတွေကို ပိုင်ဆိုင်ထားတာမို့ မေမေနန္ဒာလှိုင်က ပီတိတွေဖြစ်နေမယ်ဆိုတာတော့ သေချာပါတယ်။ နန္ဒာလှိုင်ဟာ မိခင်ကောင်းတစ်ဦးအဖြစ် သားသမီးတွေကို ထိန်းကျောင်းနေရုံသာမက တစ်ဘက်မှာလည်း Missha အလှကုန်တွေကို ဖြန့်ဖြူးနေတဲ့ စီးပွားရေးလုပ်ငန်းရှင်တစ်ဦးအဖြစ်ပါ လုပ်ကိုင်နေတာဖြစ်ပါတယ်။We Love Cele