• ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
  • ပြည်ပသတင်း
  • အနုပညာ
  • အားကစား
Thursday, January 21, 2021
No Result
View All Result

ခင်ပွန်းဖြစ်သူက မိန်းမဆန်ဆန်နေရင် သဘောမကျဘူးဆိုတဲ့ ပိုင်ဖြိုးသု

We Love Cele by We Love Cele
December 15, 2019
in အနုပညာ
0

ပိုင်ဖြိုးသုတစ်ယောက် အလှတွေပြင်ထားပြီဆိုရင် ခင်ပွန်းဖြစ်သူက မလိုက်ဖက်တဲ့အကြောင်းအမြဲပြောတယ်လို့ဆိုပါတယ်။ သူမကိုယ်တိုင်ကလည်း အလှအပနဲ့ ပတ်သက်လာရင် သေချာမသိတဲ့သူတစ်ယောက်ပါတဲ့။

Image may contain: 1 person, dog and outdoor

ပိုင်ဖြိုးသုကတော့ တကယ်ကို သဘာဝဆန်တဲ့ မင်းသမီးချောလေးတစ်ယောက်ပါ။ သူမကိုယ်တိုင်ကလည်း အလှအပနဲ့ ပတ်သက်လာရင် သေသေချာချာ မသိတာများတယ်လို့ မီဒီယာ အင်တာဗျူးတွေကနေတဆင့် ဖြေဆိုခဲ့ပါတယ်။“သုသုက အရမ်းမိန်းကလေးဆန်ပြီး အလှအပကြိုက်တဲ့သူထဲမှာတော့ မပါဘူး။ အရင်တုန်းကဆိုရင် Skincare တွေတောင်မှ မသုံးတတ်ဘူး။ မိတ်ကပ်ဆိုရင်လည်း အခုချိန်ထိ ဝါသနာမပါသေးဘူး။ Skincare တွေတော့ ဝါသနာပါတယ်။ ဘာကြောင့်လဲဆိုတော့ ကင်မရာတွေ အရမ်းကောင်းလာတာနဲ့အမျှ သရုပ်ဆောင်တွေက အသားအရေကောင်းဖို့အရမ်းလိုလာတယ်” လို့ ဆိုပါတယ်။

Image may contain: 2 people, people standing

ခင်ပွန်းဖြစ်သူ ဒါရိုက်တာ ဏကြီးကလည်း ပိုင်ဖြိုးသု တစ်ယောက် မိတ်ကပ်တွေလိမ်း၊ အလှတွေပြင်ထားရင် သဘောမကျဘူးလို့ ဆိုပါတယ်။“သူကိုယ်တိုင်ကလည်း သုသု မိတ်ကပ်တွေလိမ်းထားရင် မိန်းမကြီးနဲ့အရမ်းတူတယ်တဲ့။ ပြီးတော့ မိန်းမအရမ်းဆန်ရင် မလိုက်ဘူးလို့ပြောတယ်။ တခြား မိန်းကလေးဆန်ဆန်လှတဲ့ ကောင်မလေးတွေမြင်ရင်လည်း သူလှတယ်မြင်မှာပေါ့နော်။ သုသုကျတော့ အဲဒီလိုပုံစံမျိုးတွေနဲ့ မလိုက်ဘူးတဲ့” ဆိုပြီးတော့ သဘောကျရယ်မောရင်း ဖြေဆိုခဲ့ပါတယ်။

Image may contain: 2 people, people smiling, selfie and child

ဇာတ်ကားတွေရိုက်ရတဲ့အချိန်မှာလည်း မိတ်ကပ်တွေလိမ်းထားရင် မနေတတ်ဘူးလို့ ပိုင်ဖြိုးသုက ပြောပါတယ်။ သူမရဲ့ အသားအရေကိုလည်း သေသေချာချာ ထိန်းသိမ်းနေရတယ်လို့ ဆိုပါတယ်။“ သုသုကိုယ်တိုင်ကလည်း ဇာတ်ကောင်ကာရိုက်တာအရ မိတ်ကပ်မလိမ်းရဘူးဆိုရင် တကယ် မျက်နှာပြောင်နဲ့ သရုပ်ဆောင်ချင်တဲ့ လူမျိုးပါ။ အခုနောက်ပိုင်းကတော့ Skincare လေး ပုံမှန်လုပ်ဖြစ်တယ်။ အရင်တုန်းကဆို ဝက်ခြံလည်း ထွက်တယ်။ ဝက်ခြံက ကျန်ခဲ့တဲ့ အမာရွတ်တွေလည်းရှိတယ်။ အခုတော့ အဲဒီဟာလေးတွေကို သေချာလေး ထိန်းသိမ်းဖြစ်နေပါတယ်” ဆိုပြီးတော့ ဒီဇင်ဘာလ ၁၄ ရက်နေ့မနက်က Summary ဆိုင်ဖွင့်ပွဲကို တက်ရောက်ရင်း ဖြေဆိုခဲ့တာပါ။

Image may contain: 2 people, people smiling, people standing

ပိုင်ဖြိုးသုကတော့ အနုပညာပျိုးခင်းက စင်တင်ပေးလိုက်တဲ့ မင်းသမီးချောလေးဖြစ်ပါတယ်။ သူမဟာ ဘီလူးမ၊ သရဲမ နဲ့ မိန်းမပျို ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးနဲ့ အကောင်းဆုံး အမျိုးသမီးဇာတ်ဆောင်ဆုကို ရရှိထားသူ တစ်ယောက်ဖြစ်ပါတယ်။မကြာသေးခင်က “အဟောင်း” ဆိုတဲ့ရုပ်ရှင်ဇာတ်ကားကြီးကို သရုပ်ဆောင် ကျော်ကျော်ဗိုလ်၊ Mary တို့နဲ့ ရိုက်ကူးခဲ့တာဖြစ်ပါတယ်။

Image may contain: 1 person, smiling, stripes, closeup and outdoor

ဆယ်လီရပ်ကွက်

Previous Post

သမီးလေးရဲ့ ၅လပြည့် မွေးနေ့ကို စွယ်တော်ဘုရားမှာ ဘုရားဖူးရင်း အလှူလုပ်ခဲ့တယ် ဆိုတဲ့ စန္ဒီမြင့်လွင်

Next Post

အသက် (၁၀) နှစ်ကျော်နဲ့ ဂုဏ်ထူးမှတ်ထွက်အောင် ဖြေနိုင်ခဲ့တဲ့ သမီးကို ဂုဏ်ပြုလိုက်တဲ့ နန္ဒာလှိုင်

Next Post

အသက် (၁၀) နှစ်ကျော်နဲ့ ဂုဏ်ထူးမှတ်ထွက်အောင် ဖြေနိုင်ခဲ့တဲ့ သမီးကို ဂုဏ်ပြုလိုက်တဲ့ နန္ဒာလှိုင်

အိမ်ငှားမနေချင်တော့လို့ အကြွေးတင်ခံပြီး အိမ်ဆောက်လိုက်တဲ့ လိမ္မော်သီး

ပြည်တွင်းပြည်ပသတင်းများအားစုံလင်စွာဖတ်ရှု့နိုင်ပါသည်။
  • Privacy Policy

© Copyright 2018 - All rights reserved by We Love Cele

No Result
View All Result
  • ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
  • ပြည်ပသတင်း
  • အနုပညာ
  • အားကစား

© Copyright 2018 - All rights reserved by We Love Cele

error: Content is protected !!