• ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
  • ပြည်ပသတင်း
  • အနုပညာ
  • အားကစား
Tuesday, April 13, 2021
No Result
View All Result

အိမ်ငှားမနေချင်တော့လို့ အကြွေးတင်ခံပြီး အိမ်ဆောက်လိုက်တဲ့ လိမ္မော်သီး

We Love Cele by We Love Cele
December 15, 2019
in အနုပညာ
0

အိမ်ငှားနေရတဲ့ ဒုက္ခကို ငှားနေဖူးတဲ့ သူတွေပဲ သိတယ်လို့ ဆိုပါတယ်။အခုတော့အိမ်ပိုင်လေးရသွားလို့ စိတ်ချမ်းသာနေပါပြီ။

Image may contain: 1 person, standing

ဂီတသက်တမ်း(၁၁)နှစ်လုံးမှာ စုထားတဲ့ ပိုက်ဆံလေးတွေနဲ့ အိမ်ဆောက်ခဲ့ပေမယ့် သိန်း(၅၀၀)လောက်တော့ အကြွေးတင်နေသေးတယ်လို့ သူမက ဆိုပါတယ်။ အိမ်ငှားနေရတာ ဒုက္ခအရမ်းရောက်လို့ ရှိတာအကုန်ရောင်း ပြီး အိမ်လေးတစ်လုံးဝယ်ခဲ့တာဆိုပြီး သူမက ရင်ဖွင့်လို့ လာပါတယ်။

Image may contain: 1 person, standing

“အိမ်ပိုင်နဲ့နေချင်ပြီငှားမနေချင်တော့ဘူးအိမ်ပြောင်းရတဲ့ ဒုက္ခက အရမ်းဆိုးတာ ။ နောက်ဆုံးကျတော့ ရှိတာအကုန်ရောင်းပြီး အိမ်လေးဝယ်ခဲ့တာ။ အိမ်က ထောင်ကျော်ကုန်သွားတယ်။ မှန်းတာက တစ်ထောင်လောက်ပဲ မှန်းထားတာ။အကြွေးတော့ ကျန်နေသေးတယ်။အိမ်ငှားနေရတဲ့ ဒုက္ခငှားနေဖူးတဲ့လူတွေ သိပါတယ်။အိမ်ရှင်အမျိုးမျိုးနဲ့ ဆက်ဆံရတယ်။ တချို့ဆို နင်ချတာတွေရှိတယ်” လို့ သူမရဲ့တေးစီးရီးမိတ်ဆက်ပွဲနေ့က မီဒီယာတွေကို ပြောပြခဲ့တာဖြစ်ပါတယ်။

Image may contain: 1 person, standing and indoor

Image may contain: 1 person

ကိုယ်ပိုင်အိမ်လေးနဲ့ နေရတာ အရမ်းကို စိတ်ချမ်းသာရပါတယ်လို့ သူမက ဆက်လက်ပြောပြခဲ့ပါသေးတယ်။“တိုက်ခန်းက နေရတာ ပါကင်လုရတာနဲ့ ၊လူအများနဲ့ နေရတော့တစ်ယောက်နဲ့တစ်ယောက် စည်းကမ်းရှိတာလည်းရှိတယ် စည်းကမ်းမရှိတာလည်းရှိတယ်။ လူအမျိုးမျိုး ရှိတာဆိုတော့လေ။ ကိုယ်က အပြင်သွားတဲ့အခါမျိုးတွေမှာ ဝတ်တယ်စားတယ်ဆိုရင် ပတ်ဝန်းကျင်ကလည်း လိုက်ကြည့် တစ်မျိုးအထင်ခံရ တာတွေလည်းရှိတယ်။ဖြစ်နိုင်ရင် လုံးခြင်းလေး နေချင်ခဲ့တာလေ။အခုလို ကိုယ်ပိုင်အိမ်လေးနဲ့ နေရတော့ စိတ်ချမ်းသာတယ်” လို့ သူမက ဆိုပါတယ်။

Image may contain: 1 person

Image may contain: 1 person, standing, shoes and indoor

လိမ္မော်သီးကိုတော့ ရော့ခ် သီချင်းချိုချိုလေးတွေကနေတဆင့် ပရိသတ်တွေ စတင်သိရှိလာတာဖြစ်ပါတယ်။ သူမဟာ ချစ်စရာကောင်းတဲ့ မျက်နှာအမူအရာအပြင်၊ အရပ်ရှည်ရှည်၊ ဆံပင်ရှည်ရှည်တို့ကို ပိုင်ဆိုင်ထားသူဖြစ်ပြီး အသံပါဝါအားကောင်းမှုတွေကြောင့်လည်း ပရိသတ်တွေက ပိုသတိထားမိလာခဲ့တာပါ။

Image may contain: 1 person, standing, car, shoes, tree and outdoor

Image may contain: 1 person, standing, stripes and outdoor

အခုဆိုရင် သူမရဲ့ ဂီတသက်တမ်းဟာ ၁၁ နှစ်ခန့်ရှိနေပြီဖြစ်ပါတယ်။ သူမဟာ “လိမ္မော်သီးရဲ့ လိမ္မော်ရောင် စိတ်ကူးများ”၊ “လူမှန်” ၊ “ဒဏ်ရာနှလုံးသား” စတဲ့ တစ်ကိုယ်တော်အခွေတွေ ထွက်ရှိထားပါတယ်။ အခုဆိုရင်တော့ နောက်ထပ် တစ်ကိုယ်တော်ခွေအနေနဲ့ “အသက်ရှင်မယ့်သူ” ဆိုတဲ့ တစ်ကိုယ်တော် တေးစီးရီးကို ၂၀၁၉ ခုနှစ် ဒီဇင်ဘာလ အတွင်းမှာ ထွက်ရှိလာတော့မှာဖြစ်ပါတယ်။

Image may contain: 1 person, smiling, standing, car and outdoor

Image may contain: 1 person, smiling, sitting, living room and indoor

Image may contain: 1 person, standing and indoor

ဆယ်လီရပ်ကွက်

Previous Post

အသက် (၁၀) နှစ်ကျော်နဲ့ ဂုဏ်ထူးမှတ်ထွက်အောင် ဖြေနိုင်ခဲ့တဲ့ သမီးကို ဂုဏ်ပြုလိုက်တဲ့ နန္ဒာလှိုင်

Next Post

အသက် (၁၇) နှစ်အရွယ်လေးနဲ့ ဝေဖန်တိုက်ခိုက်မှုတွေကို ခံနေရတဲ့ အေးမြဖြူ

Next Post

အသက် (၁၇) နှစ်အရွယ်လေးနဲ့ ဝေဖန်တိုက်ခိုက်မှုတွေကို ခံနေရတဲ့ အေးမြဖြူ

နာမည်ကြီးနေတဲ့ တိမ်ပင်လယ်ဆီအရောက်သွားခဲ့တဲ့ မြတ်ကေသီအောင်

ပြည်တွင်းပြည်ပသတင်းများအားစုံလင်စွာဖတ်ရှု့နိုင်ပါသည်။
  • Privacy Policy

© Copyright 2018 - All rights reserved by We Love Cele

No Result
View All Result
  • ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
  • ပြည်ပသတင်း
  • အနုပညာ
  • အားကစား

© Copyright 2018 - All rights reserved by We Love Cele

error: Content is protected !!