မြတ်ကေသီအောင်က အသက် (၃၀) ကျော်ချိန်မှာ သူမဆယ်ကျော်သက်ဘဝက အိပ်မက်တွေကို အကောင်အထည်ဖော်ခဲ့တာဖြစ်ပါတယ်။
လက်ရှိမှာ ပြင်ဦးလွင်ကိုရောက်ရှိနေပြီးတော့ သူမအိပ်မက်တွေကို ဖန်တီးဖို့အတွက် ခြံလေးတစ်ကွက်ဝယ်ယူခဲ့တယ်လို့သိရပါတယ်။ ပြင်ဦးလွင်နဲ့မလှမ်းမကမ်းမှာတည်ရှိတဲ့ နောင်ချိုတိမ်ပင်လယ်ကြီးကလည်း သွားချင်သူတွေများပြားလှပြီး ခရီးသွားတွေကို ဆွဲဆောင်နေတဲ့ နေရာတစ်ခုပဲဖြစ်ပါတယ်။
ယခုလို ဆောင်းတွင်းအချိန်အခါ တိမ်တွေအပေါ်မှာရောက်ရှိနေတဲ့ ခံစားချက်က ခရီးသွားတွေအတွက် ဆန်းပြားတဲ့ခံစားမှုတစ်ခုကိုရရှိစေတာဖြစ်ပါတယ်။ ဒါကြောင့်လည်း တိမ်ပင်လယ်ကြီးက နာမည်ကြီးပြီး သွားလာသူတွေများလာခဲ့တာဖြစ်ပါတယ်။ မြတ်ကေသီအောင်တစ်ယောက် ပြင်ဦးလွင်ကတဆင့် နောင်ချိုမှာရှိတဲ့ တိမ်ပင်လယ်ရဲ့ သဘာဝလှပမှုတွေဆီ အရောက်သွားခဲ့တာတွေ့ရပါတယ်။
နာမည်ကြီးနေတဲ့ လှပမှုတွေကြားမှာ သဘာဝတရားကြီးနဲ့အတူ မြတ်ကေသီအောင်တစ်ယောက် ဘယ်လိုအပြိုင်လှနေလဲဆိုတာ ပရိသတ်ကြီးသိနိုင်အောင် တိမ်ပင်လယ်ရောက် မြတ်ကေသီအောင်ရဲ့ ပုံလေးတွေနဲ့ ဖော်ပြပေးလိုက်ပါတယ်။We Love Cele
Photos-Myat Kay Thi Aung