• ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
  • ပြည်ပသတင်း
  • အနုပညာ
  • အားကစား
Tuesday, April 13, 2021
No Result
View All Result

အမေက အိမ်ထောင်မပြုစေချင်သေးဘူးဆိုတဲ့ ရန်အောင်

We Love Cele by We Love Cele
December 15, 2019
in အနုပညာ
0

အသက်(၅၃)နှစ်အရွယ် အကယ်ဒမီများရှင် ရန်အောင်ကတော့ အခုချိန်ထိ လူပျိုကြီးဆိုတဲ့ ဂုဏ်ပုဒ်ကို ထိန်းသိမ်းထားနိုင်သူ တစ်ဦးပါ။ မိခင်ကလည်း အိမ်ထောင်မပြုစေချင်သေးဘူးလို့ ဆိုပါတယ်။

Image may contain: 1 person, standing and outdoor

အကယ်ဒမီများရှင် ရန်အောင်ကတော့ ဒီဇင်ဘာ(၁၄) ရက်နေ့က အသက်(၅၃)နှစ် ပြည့်သွားခဲ့တာ ဖြစ်ပါတယ်။ အခုချိန်ထိ နုပျိုနေဆဲ ဖြစ်တဲ့ ရန်အောင်ကတော့ လူပျိုကြီးတစ်ယောက်ဆိုလည်းမမှားပါဘူး။ သူကိုယ်တိုင်ကလည်း အပူတွေ မရှာချင်သလို မိခင်ဖြစ်သူကလည်း အိမ်ထောင်မပြုစေချင်သေးဘူးလို့ သိရပါတယ်။

Image may contain: 1 person, smiling, standing and suit

“အမေက တစ်ယောက်တည်းနေတာ မြင်ချင်တယ်တဲ့။ မိဘဆိုတာ သားသမီးကိုချစ်တာပေါ့။ သားသမီးတွေ အိမ်ထောင်ကျတာကိုမမြင်ချင်ဘူး။အထူးသဖြင့် ကျွန်တော်လို လူမျိုးကို အမေ့လက်ပေါ်မှာပဲ အရိပ်တစ်ကြည့်ကြည့်နဲ့နေလာတဲ့သူဆိုတော့ အမေက အိမ်ထောင်မပြုစေချင်ဘူးပေါ့။ အမေကလည်းသိပ်အလိုလိုက်တာကို “ လို့ ရန်အောင်က ပြောပါတယ်။

ဒါပေမယ့်လည်း သူသာ အိမ်ထောင်ပြုချင်တယ်ဆိုရင် မိခင်က တားမှာတော့မဟုတ်ပါဘူးတဲ့။“ဒါပေမယ့်လည်းပြောမယ့်သာပြောတာပါ။အမေသားအိမ်ထောင်ပြုမယ်လို့ပြောရင်လည်း ဘာမှပြောမှမဟုတ်ပါဘူး” လို့ သူက ဆက်လက်ပြောပြခဲ့ပါတယ်။ ဒါပေမယ့်လည်း သူကိုယ်တိုင်ကတော့ အပူအပင်မရှာချင်သလို စိတ်ပင်ပန်းတဲ့ဒဏ်ကိုလည်း မခံနိုင်ဘူးလို့ ယခင်က အင်တာဗျူးတွေမှာ ဖြေဆို ဖူးပါတယ်။ရန်အောင်ကတော့ အသက် ၅၃နှစ်ပြည့် မွေးနေ့မှာ မိခင်ဖြစ်သူနဲ့အတူ အလှူအတန်းတွေ လုပ်ခွင့်ရတာကြောင့်လည်း ဝမ်းသာနေတယ်လို့ ဆိုပါတယ်။

သူ့ကိုယ်သူ ကံကောင်းတဲ့ လူသားလို့လည်းခံယူထားတယ်လို့ ဒီဇင်ဘာလ ၁၄ ရက်နေ့မနက်ပိုင်းက မွေးနေ့အလှူမှာ ဖြေဆိုခဲ့ပါတယ်။“မနှစ်ကတော့ အမေ့ကို ပိုက်ဆံ သိန်း ၁၀၀ နဲ့ ကန်တော့ဖြစ်တယ်။ ဒီနှစ်တော့ အမေက ရတယ် ဘာမှ မလုပ်ပေးနဲ့ပေါ့။ ငါ့သား လှူစရာရှိတာသာလှူ လို့ပြောတယ်။ ပြီးတော့ အမေ့ကို ဒီနေ့ ဒီအချိန်အထိ ကျေးဇူးတင်တာက အမေ မွေးလာပေးတဲ့သားက ဒီနေ့ ဒီအချိန်ထိ ရှိနေနိုင်သေးလို့ ကျေးဇူးတင်တယ်။ ကျွန်တော် ကံအရမ်းကောင်းတယ်လို့လည်း ပြောလို့ရတယ်။ အမေက ကျွန်တော်လှူတဲ့နောက်ကိုလည်း လိုက်နိုင်တယ်၊ သာဓုခေါ်နိုင်တယ်၊ သားအမိနှစ်ယောက် ပျော်ပျော်ရွှင်ရွှင်နေနိုင်တယ်ပေါ့နော်” လို့ သူကပြောပါတယ်။

ရန်အောင်ကို ကိုရန်လေးဆိုပြီးတော့ အနုပညာလောကသားတွေရော ပရိသတ်တွေပါ ချစ်စနိုးခေါ်ခြင်းကို ခံရတဲ့ ရန်အောင်ဟာ အကယ်ဒမီ ဆု (၆)ဆုကို ရရှိထားတဲ့ ဝါရင့်သရုပ်ဆောင်တစ်ဦး ဖြစ်ပါတယ်။ ၁၉ ၉ ၁ ခုနှစ်က မယ်သီတာလိုမိန်းကလေး ၊၁၉၉၅ ခုနှစ်က ပုဂံမှာ သာတဲ့လ ၊၁၉၉၆ ခုနှစ်က အလင်းဖျော့ကောင်းကင် ၊၁၉၉၈ ခုနှစ်က ညမင်းသား ၊ ၂ဝဝဝ ခုနှစ်က မောဟမျဉ်းပြိုင်များ နှင့် ၂ဝဝ၆ ခုနှစ်က ဂုဏ်ရှိန်ပြင်းတဲ့ချစ်ခြင်းသိက္ခာ ဇာတ်ကားများနဲ့ ဇာတ်ဆောင်အကယ်ဒမီများ ရရှိထားသူ ဖြစ်ပါတယ်။

Image may contain: 6 people, people smiling, people standing and indoor

ဆယ်လီရပ်ကွက်

Previous Post

နာမည်ကြီးနေတဲ့ တိမ်ပင်လယ်ဆီအရောက်သွားခဲ့တဲ့ မြတ်ကေသီအောင်

Next Post

ဖွေးဖွေးရဲ့အဖေအတွက် ခရစ်စမတ်လက်ဆောင်တွေ ပေးပို့ခဲ့တဲ့ တူမအလိမ္မာလေး ဝတ်မှုံရွှေရည်

Next Post

ဖွေးဖွေးရဲ့အဖေအတွက် ခရစ်စမတ်လက်ဆောင်တွေ ပေးပို့ခဲ့တဲ့ တူမအလိမ္မာလေး ဝတ်မှုံရွှေရည်

သားသား ပုံလေးတွေတင်ပေးဖို့ တောင်းဆိုတဲ့ ပရိသတ်တွေအတွက် ပုံလေးတွေမျှဝေလိုက်တဲ့ ပိုးအိအိခန့်

ပြည်တွင်းပြည်ပသတင်းများအားစုံလင်စွာဖတ်ရှု့နိုင်ပါသည်။
  • Privacy Policy

© Copyright 2018 - All rights reserved by We Love Cele

No Result
View All Result
  • ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
  • ပြည်ပသတင်း
  • အနုပညာ
  • အားကစား

© Copyright 2018 - All rights reserved by We Love Cele

error: Content is protected !!