• ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
  • ပြည်ပသတင်း
  • အနုပညာ
  • အားကစား
Friday, January 22, 2021
No Result
View All Result

အမေနဲ့တူလို့ အနုပညာဝါသနာပါတဲ့ စမိုင်းလ်ရဲ့ သမီးငယ်လေး ကလိုဝီ

We Love Cele by We Love Cele
December 16, 2019
in အနုပညာ
0

တစ်ချိန်က သရုပ်ဆောင်လောကမှာ အောင်မြင်မှုတွေ များစွာရရှိခဲ့တဲ့ မင်းသမီး​ချော​လေး စမိုင်းလ်ကတော့ လတ်​တ​လောမှာ မိသားစုနဲ့အတူ သာယာတဲ့ဘဝလေးကို ပိုင်ဆိုင်ထားတာပဲ ဖြစ်​ပါတယ်​။ သူမက​တော့ အမြဲလိုလို ပွင့်​ပွင့်​လင်းလင်​နဲ့ အရိုးရှင်းဆုံး​နေထိုင်​တတ်​တာ​ကြောင့်​ပရိသတ်​တွေက သူမကို ပိုပိုပြီး ချစ်​နေကြတာပါ။

Image may contain: one or more people, people standing and outdoor

Image may contain: 1 person, standing and child

လတ်​တ​လောမှာ​တော့ စမိုင်းလ်​က မိသားစုနဲ့အတူ ကိုရီးယားရောက်နေတာဖြစ်ပြီး ကိုရီးယားဝတ်စုံလေးနဲ့ အရမ်းလှနေတဲ့ သူမရဲ့သမီးငယ်လေး ကလိုဝီရဲ့ချစ်စရာပုံရိပ်တွေကို လူမှုကွန်ယက်မှာ ဝေမျှပေးထားတာပါ။ စမိုင်းလ်ရဲ့သမီးငယ်လေး ကလိုဝီကတော့ အမေဖြစ်သူနဲ့တူလို့ သရုပ်ဆောင် ဝါသနာပါတယ်လို့လည်း သိရပါတယ်။

Image may contain: 2 people, people smiling, people standing and outdoor

ချစ်ပရိသတ်တွေအတွက် ကိုရီးယားဝတ်စုံလေးနဲ့ အရမ်းကို ချစ်ဖို့ကောင်းတဲ့ စမိုင်းလ်ရဲ့သမီးငယ်လေး ကလိုဝီရဲ့ပုံရိပ်တွေကို ဖော်ပြပေးလိုက်ပါတယ်နော်။

Image may contain: 2 people, people smiling, people standing and outdoor

စမိုင်းလ်ကတော့ “အငယ်ဆုံးလေးအသဲတုန်းလေး ကလိုဝီ 🥰” ဆိုပြီး သူမနဲ့ အနုပညာဝါသနာပါတာချင်းတူတဲ့ သမီးငယ်လေး ကလိုဝီရဲ့ချစ်စရာပုံရိပ်တွေကိုလူမှုကွန်ယက်မှာ ဝေမျှပေးထားတာပါ။ သမီးတွေကို အရိပ်တကြည့်ကြည့်နဲ့ ချစ်တတ်လွန်းတဲ့ စမိုင်းလ်ကတော့ ကလေးတွေကို သူမလို အနုပညာအလုပ်တွေ လုပ်စေချင်တယ်လို့လည်း သိရပါတယ်နော်။

Image may contain: 1 person, smiling, closeup

စမိုင်းလ်ရဲ့သမီးကြီးလေး ပေါ်ရှာကတော့ မော်ဒယ်ပိုင်းကို ပိုဝါသနာပါပြီး၊ လက်ရှိမှာတော့ ကျောင်းစာကိုပဲ အဓိကထားပြီး လုပ်ဖြစ်နေတယ်လို့ သိရပါတယ်။

Image may contain: 4 people, people smiling, people standing

Image may contain: 1 person, standing

စမိုင်းလ်ကတော့ လက်ရှိမှာ အနုပညာအလုပ်တွေ မလုပ်တော့ပေမယ့်လည်း ပရိသတ်တွေကို ခွန်အားပေးစာလေးတွေ ဝေမျှပေးလေ့ရှိတာကြောင့် အားလုံးရဲ့ချစ်ခင်အားပေးခြင်းကို အပြည့်အဝရရှိထားတာပါ။ သူမကို သဲသဲလှုပ်ချစ်တဲ့ ခင်ပွန်းကို ပိုင်ဆိုင်ထားတဲ့ စမိုင်းလ်ကတော့ အရမ်းကို ကံကောင်းလွန်းသူလေးဆိုရင်လည်း မမှားပါဘူး။ ချစ်ပရိသတ်တွေလည်း စမိုင်းလ်ကိုချစ်သလို သူမရဲ့ချစ်စရာ သမီးလေးတွေကိုလည်း ချစ်ပေးလိုက်ကြပါဦးနော်။

Image may contain: 2 people, people smiling, people standing, outdoor and closeup

Image may contain: 2 people, people smiling, people standing and outdoor

မိုမိုလေး

Previous Post

အသဲယားအောင် မျက်နှာပြောင်တတ်လွန်းတဲ့ သမီးလေး Scarlett ကြောင့် အချစ်ပိုနေတဲ့ မြတ်ရတနာကျော်

Next Post

အားနာတတ်တဲ့စိတ်ကြောင့် ဆုံးရှုံးလိုက်ရတာတွေများတယ်ဆိုတဲ့ ဒိန်းဒေါင်

Next Post

အားနာတတ်တဲ့စိတ်ကြောင့် ဆုံးရှုံးလိုက်ရတာတွေများတယ်ဆိုတဲ့ ဒိန်းဒေါင်

မြန်မာပြည်ပြန်ရောက်နေတဲ့ သဇင်တို့သားအမိဆီ သွားလည်ခဲ့တဲ့ ခင်လေးနွယ်နဲ့ မပုံ့

ပြည်တွင်းပြည်ပသတင်းများအားစုံလင်စွာဖတ်ရှု့နိုင်ပါသည်။
  • Privacy Policy

© Copyright 2018 - All rights reserved by We Love Cele

No Result
View All Result
  • ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
  • ပြည်ပသတင်း
  • အနုပညာ
  • အားကစား

© Copyright 2018 - All rights reserved by We Love Cele

error: Content is protected !!