• ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
  • ပြည်ပသတင်း
  • အနုပညာ
  • အားကစား
Friday, January 22, 2021
No Result
View All Result

နောင်တချိန် သားသားလေးဖတ်ဖို့ မေမေပိုးအိအိခန့်ရဲ့ မေတ္တာတွေနဲ့ ရေးထားတဲ့ စာ

We Love Cele by We Love Cele
December 18, 2019
in အနုပညာ
0

သရုပ်ဆောင် ပိုးအိအိခန့် ဟာဆိုရင်ပရိသတ်တွေ ချစ်ရတဲ့ အနုပညာရှင်တစ်ဦးပါ။အောင်သူနဲ့ ပိုးအိအိခန့်တို့က ခုဆိုရင် ချစ်စရာအရမ်းကောင်းတဲ့ သားလေး တစ်ဦးကိုလည်း ပိုင်ဆိုင်ထားပြီပဲ ဖြစ်ပါတယ်။ ဒီတစ်ခါမှာတော့ ပရိသတ်ကြီးအတွက်ပိုးအိအိခန့် က သူမရဲ့ သားလေးအတွက် နောက်တစ်ချိန်မှာ ဖတ်ဖို့အတွက် သားလေးအပေါ်ထားတဲ့ မိခင်မေတ္တာအကြောင်းရေးထားတဲ့ စာကို ဖော်ပြပေးလိုက်ပါတယ်နော်။

အောင်သူနဲ့ ပိုးအိအိခန့်တို့ က သားဦးလေးကို ဂျူလိုင် ၁၉ ဘန်ကောက်မှာ မွေးဖွားခဲ့ပြီး ပရိသတ်တွေကို သူတို့ရဲ့ ချစ်စရာကောင်းတဲ့ သားဦးလေး ပုံရိပ်ကလေးတွေကို ချပြခဲ့ပါတယ်။

သားလေးရဲ့ ချစ်စရာကောင်းတဲ့ ပုံလေးတွေ အမြဲ ချပြလေ့ရှိတဲ့ ပိုးအိအိခန့်က ဒီတစ်ခါလည်း သားလေးနဲ့ ပတ်သက်ပြီး သားလေးအပေါ်ထားတဲ့ သူမရဲ့ မိခင်မေတ္တာအကြောင်းကို နောက်တစ်ချိန်မှာ သားလေးဖတ်ဖို့အတွက် ခုလိုရေးထားပါတယ်။

ပိုးအိအိခန့် က ” ကလေးမွေးပီးမှ လူမုန်းများနေပြီလားလို့ တခါတရံတွေးမိတယ်အရင်က လူတိုင်းနဲ့ အဆင်ပြေအောင် ဘယ်သူမှ ကိုယ့်ကို မငြိုငြင်အောင် နေတတ်တယ် နေခဲ့တယ်ဒါပေမယ့် ခုတော့ သားလေးမွေးပြီးမှ ကိုယ့်ကို အမြင်မကြည်ဘူးထင်လည်း မျက်ကွယ်ပြုတတ်နေပြီ ဘယ်သူဘာပြောပြောလဲ My Baby My Rules နဲ့ ခေါင်းကလည်းမာသေးစိတ်မချဖြစ်လွန်းလို့အရမ်းပိုတယ်လို့ ခဏခဏ အပြောခံရဖူးတယ်သားလေးကိုဘယ်လောက်ထိ စိတ်မချဖြစ်ဖူးလဲဆို သားလေးမွေးတုန်းက ၅ပေါင်ဆိုတော့ အရမ်းသေးလို့ စိတ်မချဘူး အချီမှားပြီး ဂျွတ်ခနဲ ကျိုးသွားမှာကြောက်လို့ကိုယ့်ကို မွေးထားတဲ့ အမေကိုတောင် ပေးမချီခဲ့တဲ့အထိပဲ 🤪🤪🤪အမေဆို စိတ်ဆိုးတာအရမ်းပဲ ဒါပေမယ့် စကားလေးတစ်ခွန်းပြောပြီးတောင်းပန်ခဲ့တယ်အမေရယ် သမီးက (သားဦးအရူးဆိုသလို) သားဦးအမေမို့ ရူးနေတာ ခွင့်လွှတ်ပါလို့ ပြောပြီး တောင်းပန်ရတယ် ”

“ကိုယ်တိုင်နဲ့ nurse ကလွဲရင် ကလေးအဖေချီရင်တောင် လိုက်ကြည့်တဲ့အထိ 😄😄😄သူလည်း စိတ်ဆိုးတယ် (စိတ်ဆိုးလည်း မတတ်နိုင်ဘူးလေ မွေးတုန်းက သူလည်းချီမှမချီတတ်တာ😁😁😁) ကျွန်မ သားလေးကိုစိတ်အချဆုံးက ကျွန်မရင်ခွင်ထဲ ဖက်ထားတဲ့အချိန်ပါ…..အဲ့လို စိတ်မချမှုတွေကပဲ ကျွန်မကို ပင်ပန်းစေတာလည်း ကျွန်မသိပေမယ့် ပင်ပန်းပါစေဆိုပြီး စိတ်မချမှုတွေကို ရင်ဝယ်ပိုက်ထားတယ်…တခါတရံ အရမ်းပင်ပန်းပြီး ခဏလေးအိပ်ချင်လို့ သားလေးကို သူများလက်ထဲ ခဏထည့်ရချိန် ကိုယ့်မျက်မြင်ကွယ်ရာ သားလေးရောက်သွားတာနဲ့ ကျွန်မစိတ်က သားလေးများ လက်ထဲက ပြုတ်ကျသွားမလား ဟိုလိုများ ဖြစ်မလား ဒီလိုများဖြစ်မလားနဲ့ နားဖို့အရေးတောင်စိတ်ပူနေတတ်တယ် အဲ့လိုစိတ်ဖြစ်ပြီဆို သရဏံဂုဏ်လေးတည်ပြီး သားလေးကျန်းမာပါစေ ချမ်းသာပါစေ အန္တရာယ်ကင်းပါစေ အရှင်ဘုရား သားလေးကို စောင့်ရှောက်ပေးပါဆိုပြီး မျက်စိခဏလောက်မှိတ် တရေးအိပ်ရတယ်….. ”

“မိဘအိမ်ပြန်လို့ အဖေနဲ့ ထမင်းလက်ဆုံစားမိတိုင်း အလုပ်ပြန်လုပ်ဖို့ပြောနေပြီအဲ့ခါကျ ၂ နှစ်လောက်စောင့်ဖို့ သားလေးကို စိတ်မချလို့ ပြောတော့ nurse ငှားမယ် အမေနဲ့ထားမယ် ကလေးနားလူတွေ များကြီးထားပေးမယ်တဲ့ အဲ့ဒါလည်း လူဘယ်လောက်များများ သမီးမှ မရှိရင် စိတ်မချဘူးလို့ပြောတော့ အဆူခံရတယ် အဲ့ဒါနဲ့ ကျွန်မဆုံးဖြတ်ချက် ချလိုက်ရတယ် အဖေနဲ့ လက်ဆုံမစားမိအောင် (ကလေး၂နှစ်မပြည့်မချင်း)🤣🤣🤣 ဟုတ်တယ်လေ မဟုတ်ရင် စိတ်မချပါဘူးဆို အလုပ်ပဲ လုပ်ခိုင်းနေလို့ 😁😁😁 ​အလုပ်ကတော့ လုပ်မှာပါ သားရှေ့ရေးအတွက် 💪🏻💪🏻💪🏻အဲ့လိုစိတ်မျိုးမထားနဲ့ ကလေးက သူ့ကံနဲ့သူလာတယ်လို့​ ပြောကြပေမယ့် သိပေမယ့်လည်း စိတ်အပူလွန်ကဲတတ်တဲ့ မေမေမို့ ပင်ပန်းမှုတွေ ရင်မှာပိုက်လို့ ရှေ့ကို ဆက်ရဦးမှာပေါ့လေ သားသားနို့တစ်ကြိမ်စို့ပြီးချိန် တွေးမိတာလေး ချရေးပြီး အမှတ်တရ သိမ်းထားလိုက်တာပါ….. #သဲကိုးလေးမေမေ” ဆိုပြီး ရေးထားပါတယ်။

သရုပ်​ဆောင် ပိုးအိအိခန့် နဲ့ သူမရဲ့ ချစ်စရာကောင်းတဲ့ သားလေး ပုံရိပ်လေးတွေကို ပရိသတ်တွေ သဘောကျလိမ့်မယ် ထင်ပါတယ်။ ကြည့်ရူပေးကြတဲ့ ပရိသတ်ကြီးကို ကျေးဇူးအထူးတင်ရှိပါတယ်နော်။

မိုမိုလေး

Previous Post

အိပ်ရေးမဝလို့ ရှုတင်မှာ ငိုက်နည်းပေါင်းစုံနဲ့ ငိုက်နေတဲ့ ကိုနေတိုး

Next Post

မန္တလေးက မွေးစားအမေဆီ သွားလည်ခဲ့တဲ့ ခြူးလေး

Next Post

မန္တလေးက မွေးစားအမေဆီ သွားလည်ခဲ့တဲ့ ခြူးလေး

ဘုရားမှာဆုတောင်းမိတဲ့အရာတွေ ထိုင်းမှာ ပြည့်သွားတယ်ဆိုတဲ့ ပိုင်တံခွန်

ပြည်တွင်းပြည်ပသတင်းများအားစုံလင်စွာဖတ်ရှု့နိုင်ပါသည်။
  • Privacy Policy

© Copyright 2018 - All rights reserved by We Love Cele

No Result
View All Result
  • ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
  • ပြည်ပသတင်း
  • အနုပညာ
  • အားကစား

© Copyright 2018 - All rights reserved by We Love Cele

error: Content is protected !!