• ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
  • ပြည်ပသတင်း
  • အနုပညာ
  • အားကစား
Monday, April 12, 2021
No Result
View All Result

ဗောဓိညောင် ၁၀ ပင်အဓိဌာန် (၃၁) ကြိမ်မြောက် အောင်သွားပြီဖြစ်တဲ့ ဆုပန်ထွာ

We Love Cele by We Love Cele
December 20, 2019
in အနုပညာ
0

သရုပ်ဆောင် ဆုပန်ထွာက ဗောဓိညောင် ၁၀ ပင် အဓိဌာန်ကို ၃၁ ကြိမ်မြောက် အောင်မြင်ခဲ့ပြီလို့ ဆိုပါတယ်။

ဆုပန်ထွာက အနုပညာအလုပ်တွေအပြင် မိသားစုရဲ့ ဝေယျာဝစ္စတွေကိုပါ မပြတ်လပ်အောင် တာဝန်ယူထမ်းဆောင်နေသူပါ။ တစ်ဘက်မှာလည်း ဘာသာရေးကို တစိုက်မတ်မတ် လုပ်ကိုင်နေတာတွေ့ရပါတယ်။

သူမ အဓိဌာန်ဝင်တဲ့ ဗောဓိညောင် ၁၀ ပင် အဓိဌာန်ဟာ ယခုတစ်ကြိမ်နဲ့ဆို ၃၁ ကြိမ်မြောက်အောင်မြင်သွားခဲ့တာပါ။ သူမက ဒီအဓိဌာန် ဝင်ခဲ့လို့လည်း အမေရိကမှာ Green Card ရရှိခဲ့တာလို့ သူမရဲ့ ယုံကြည်သက်ဝင်မှုကို မျှဝေခဲ့တာပါ။

ဆုပန်ထွာရဲ့ခင်ပွန်းဖြစ်သူ ဥက္ကာကျော်ကိုယ်တိုင်လည်း ဒီအဓိဌာန်ဝင်ခဲ့တာ ၄ ကြိမ်မြောက်ရှိပြီလို့သိရပါတယ်။သူမလိုပဲ ဗောဓိညောင် ၁၀ ပင်အဓိဌာန်ဝင်ချင်သူတွေအတွက် အဓိဌာန်ဝင်နည်းလေးကိုပါ ဆုပန်ထွာက မျှဝေပေးခဲ့တာပါ။

“၃၁ ကြိမ်မြောက်” ဗောဓိညောင်၁၀ပင် အဓိဌာန် အောင်ပါပြီ။ဒယ်ဒယ် က ၄ကြိမ်မြောက် 😝*ဘုန်းဘုန်းကတော့အဖြူဝမ်းဆက်ဝတ်ခိုင်းပါတယ်ရှင့်!

၁။ညောင်ပင်တိုင်းအား သောက်တော်ရေ ၁၀ ခွက်၊အမွှေးတိုင် ၁၀ တိုင်၊ကွမ်း ၁၀ ယာ၊ အလင်းတိုင် ၁၀ တိုင် ပူဇော်ရန်။ ယခု ဘုရား( )အမည်တွင် စောင့်ရှောက်ကြကုန်သောအစောင့်အရှောက်နတ်မင်းများနှင့်သူတော်စင် သူတော်ကောင်း သူတော်မြတ်အပေါင်းနှင့်ဤဗောဓိညောင်ပင်တွင်စောင့်ရှောက်ရန်နေကြကုန်သော ရုက္ခစိုးနတ်မင်းတို့ (အရှင်တို့ကိုယ်တိုင်မြတ်စွာဘုရားရှင်အားလက်ရောက်လှူဒါန်းနိုင်စေရန်) တပည့်တော်မ……. သောက်တော်ရေ ၁၀ ခွက်၊အမွှေးတိုင် ၁၀ တိုင်၊အလင်းတိုင် ၁၀ တိုင် တို့ကိုအလှူဒါနပြုပေးပါတယ်။အရှင်တို့ကိုယ်တိုင်ကြားရာအရပ်မှကြွရောက်၍ အလှူခံတော်မူပြီးမြတ်စွာဘုရားအားကပ်လှူပူဇော်ကြပါကုန်လော့။

အရှင်ရုက္ခစိုးနတ်မင်းအတွက် ကွမ်း၁၀ယာ ကိုလည်းကပ်လှူပါ၏

၂။မြတ်ဗုဒ္ဓကိုအာရုံပြု ရှိခိုးပူဇော်ရန်။ ခင်ပွန်းကြီး၁၀ပါးကန်တော့ပါ။အကျဉ်း(ဘုရားတပည့်တော်မသည်သံသရာအစမှစ၍ယခုဘဝတိုင်အောင်ဂုဏ်ကျေးဇူးကြီးမားကြကုန်သောခင်ပွန်းကြီး၁၀ပါးတို့ကို ကာယကံ၊ဝစီကံ၊မနောကံတို့ဖြင့် ပြစ်မှားကျူးလွန်မိခဲ့ပါလျှင်ဝန်တေဝန်တာမိပါဘုရား။ဝန်ချတောင်းပန်ကန်တော့ပါ၏အရှင်ဘုရား။

၃။ငါးပါးသီလယူရန်၊ ဣမ်မံ ပဉ်စသီလံ၊သိက်ခာဗတံ သမာဓိယာမိ အာမဘန်ဒပေါဘုရား။ငါးပါးသီလခံယူပါတယ်ဘုရား။၄။ဂုဏ်တော် ၉ပါးရွတ်ရန်။ ၅။မေတ္တသုတ် ၆။ပဌာန်း ၂၄ ပစ္စည်း အကျဉ်းပူဇော်ရန်။ (အကျယ်ရွတ်လည်းရပါတယ်)

၇။”အရဟံ သိဒ္စိ ဘဂဝါ အောင်” ၁၀ပတ် ၈။”ရုက္ခစိုးဂါထာ” ၃၇ ခေါက် ***ဥုံ ယက္ခ ရုက္ခစိုး နတ်ရုက္ခစိုး မနိုးစိမ့်စိမ့် မအိပ်စက်စက် အကျွန်ုအား အသက်ဥစ္စာပညာ ပေးပါလော့။***

နောက်ဆုံးအဆင့်မေတ္တာပို့ရန် …သတ္တာဝါမှန်သမျှ အနန္တတွေ အထူးကျန်းမာစေ၊ချမ်းသာပါစေ။အဆင်ပြေပါစေ၊အေးချမ်းကြပါစေ။အောင်မြင်ကြပါစေ။အပူကင်းပျောက် အအေးရောက်ပါစေ။ မေတ္တာပို့ပါ။ မိဘ ဘိုးဘွား ဆရာသမားဆွေတော်မျိုးတော်တွေ အမျှဝေရန်၊ ရုက္ခစိုး ဘုမ္မစိုးနတ် အမျှဝေပါ။🙏

ဆုပန်ထွာတို့ ဇနီးမောင်နှံလိုပဲ ဗောဓိညောင် ၁၀ ပင်အဓိဌာန်ဝင်မယ့်သူတွေ တောင်းဆုမှန်သမျှပြည့်ဝဖို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။We Love Cele

Previous Post

အသက် ၅လပြည့်သွားကြပြီဖြစ်တဲ့  ပရိသတ်အချစ်တော်အနုပညာရှင်တွေရဲ့ ရင်သွေးငယ်လေးများ

Next Post

Final အထိရောက်မယ့် သူငယ်ချင်းတွေကို လက်ခုပ်တီးပြီး အားပေးမယ်ဆိုတဲ့ အက်စတာ

Next Post

Final အထိရောက်မယ့် သူငယ်ချင်းတွေကို လက်ခုပ်တီးပြီး အားပေးမယ်ဆိုတဲ့ အက်စတာ

ဘဝမှာ အောင်မြင်ခြင်း မှတ်ကျောက်တစ်ခု တင်နိုင်ခဲ့ပြီဖြစ်တဲ့ ဖြူဖြူထွေး

ပြည်တွင်းပြည်ပသတင်းများအားစုံလင်စွာဖတ်ရှု့နိုင်ပါသည်။
  • Privacy Policy

© Copyright 2018 - All rights reserved by We Love Cele

No Result
View All Result
  • ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
  • ပြည်ပသတင်း
  • အနုပညာ
  • အားကစား

© Copyright 2018 - All rights reserved by We Love Cele

error: Content is protected !!