သရုပ်ဆောင်သက်မွန်မြင့်တစ်ယောက်ကတော့ ဆုံးပါးသွားပြီဖြစ်တဲ့ ဟာသသရုပ်ဆောင် ဦးကင်းကောင်ကို ဒီနေ့မှာမှ တိုက်တိုက်ဆိုင်ဆိုင် သတိရလွမ်းဆွတ်နေတဲ့အကြောင်း သူမရဲ့ ဖေ့ဘုတ်ကနေ ဖွင့်ဟပြောဆိုခဲ့တာဖြစ်ပါတယ်။
ဒီနေ့မှာ သူမရဲ့ ဖေ့ဘုတ်မှာ တက်လာတဲ့ မန်မိုရီလေးကို ပြန်မြင်မိပြီး ဦးကင်းကို ပိုမိုသတိရလွမ်းဆွတ်မိသွားခဲ့တာလို့ ယူဆရပါတယ်။ အဆိုပါမန်မိုရီထဲမှာ ဦးအရိုင်း၊ ဦးကင်း နဲ့ ဦးငှက်ပျော်ကြော် တို့နဲ့ သက်မွန်ရဲ့ အပျော်ပုံလေးတွေကို မြင်တွေ့ရပြီး ဦးဖိုးဖြူမပါတဲ့အကြောင်းကို သက်မွန်က ဟာသနှောပြီး ပြောထားတာဖြစ်ပါတယ်။
အရိုင်း၊ ကင်းကောင်၊ ငှက်ပျောကြော်နဲ့ ဖိုးဖြူ တို့လေးယောက်ဟာဆိုရင် လွင်မိုးနဲ့အတူတူ ဟာသပြဇာတ်လေးမှာပါဝင်ရင်း သရဲလေးကောင်ဆိုပြီး နာမည်ကြီးလာကြသူတွေဖြစ်ကြပါတယ်။
သက်မွန်တစ်ယောက် ဦးကင်းကို လွမ်းဆွတ်နေသလို သရဲလေးကောင်ချစ်သူတွေကလည်း ဦးကင်းကို သတိရနေမိကြမှာ အမှန်ပါပဲ။ ဦးကင်းကောင်တစ်ယောက် ကောင်းရာမွန်ရာရောက်ရှိပါစေလို့ ဆုတောင်းပေးလိုက်ရပါတယ်။
Cele Star