လွန်ခဲ့တဲ့ နှစ်(၃၀) ကျော်ဝန်းကျင်က မြန်မာ့အနုပညာလောကမှာ လျှမ်းလျှမ်းတောက် နာမည်ကြီးခဲ့တဲ့ မင်းသမီးချော နန္ဒာလှိုင်ကို ပရိသတ်တိုင်းလိုလို ချစ်ကြတာ ဖြစ်ပါတယ်။ စွဲဆောင်မှုရှိပြီး ပြေပြစ်လှပလွန်းတဲ့ နန္ဒာလှိုင်က အခုချိန်ထိလည်း လှသွေးကြွယ်နေဆဲ အမျိုးသမီးတစ်ဦး ဖြစ်ပါတယ်။ နန္ဒာလှိုင်က လက်ရှိမှာတော့ အနုပညာလုပ်ငန်းတွေထက် မိသားစုအရေးကိစ္စတွေကို တာဝန်ယူဆောင်ရွက်ပေးနေတဲ့ အိမ်ထောင်ရှင်မတစ်ယောက် အဖြစ် ရပ်တည်နေတာပဲ ဖြစ်ပါတယ်။
ဒီကနေ့ ဒီဇင်ဘာလ (၂၂) ရက်နေ့မှာတော့ နန္ဒာလှိုင့်ခင်ပွန်းရဲ့ ဇေကမ္ဘာမိသားစုက မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်မှာ စေတီပေါင်း (၁၂၆)ဆူတို့အား ရွှေထီးတော်ဆက်ကပ်ခြင်းနှင့် ရှင်အပါး (၅၂၀၀) ရှင်ပြုအလှူတော်မင်္ဂလာအခမ်းအနားကို ခြိမ့်ခြိမ့်သဲကျင်းပခဲ့ပါတယ်။
ဗုဒ္ဓဂါယာ စန္ဒကူးနံ့သာကျောင်းတော်ရာစေတီတော်မြတ်ကြီး ပုရဝုဏ်အတွင်းရှိ စေတီပေါင်း (၁၂၆)ဆူတို့အား ရတနာစိန်ဖူးတော် ၊ ရတနာငှက်မြတ်နားတော် ၊ ရွှေထီးတော်ဆက်ကပ်ခြင်း၊လုံးတော်ပြည့်ရွှေရောင်စတီးသင်္ကန်းကပ်လှူခြင်း၊ ဘက်စုံအောင်ပွဲအထိမ်းအမှတ်အဖြစ် ရဟန်း၊ ရှင်သာမဏေအပါး (၅၂၀၀)တို့အား သာသနာ့ဘောင်သို့သွတ်သွင်းခြင်း ရဟန်းခံရှင်ပြုအလှူတော်မင်္ဂလာအခမ်းအနားကျင်းပခြင်း၊
ဆွမ်းအောင်ပွဲအလှူတော်မင်္ဂလာအခမ်းအနားနှင့် ပင့်သံဃာအပါး(၂၀၀)၊ ရဟန်း၊ရှင်သာမဏေအပါး(၅၂၀၀) တို့အား ဆွမ်းဆန်စိမ်းလောင်းလှူခြင်း အလှူတော်မင်္ဂလာအခမ်းအနားအား နန္ဒာလှိုင်ကလည်း မိသားစုဝင်တစ်ယောက်အဖြစ် တက်ရောက်ခဲ့တာပါ။
နန္ဒာလှိုင်တို့ မိသားစုက မကြာခဏဆိုသိလု မြန်မာနိုင်ငံအနှံ့အပြားမှာ အလှူအတန်းတွေကို ခြိမ့်ခြိမ့်သဲ ကျင်းပလေ့ရှိပြီး ကုသိုလ်တွေ ယူတဲ့ မိသားစုလေးတစ်စုပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း နန္ဒာလှိုင်တို့ရဲ့အလှူလေးကို သာဓုခေါ်ပေးကြဦးနော်။
မိုမိုလေး