• ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
  • ပြည်ပသတင်း
  • အနုပညာ
  • အားကစား
Friday, March 5, 2021
No Result
View All Result

ပြည်မြို့က “ပရဟိတစေတီတော်” ပေါ်ရှိ မဟာဗောဓိညောင်ပင်တွင် အမေစုပုံတူရုပ်တုထားရှိခဲ့တဲ့ ကျော်သူ

We Love Cele by We Love Cele
December 22, 2019
in အနုပညာ
0

ကျရာဇာတ်ရုပ်ကို အကောင်းဆုံး သရုပ်ဆောင်နိုင်တဲ့ မင်းသား ကျော်သူက အကယ်ဒမီဆုကြီးတစ်ဆုကို လက်ဝယ်ပိုင်ဆိုင်ထားနိုင်သူ ဖြစ်ပါတယ်။ အသက်အရွယ်ရလာပြီးတဲ့နောက် ကျော်သူက ရန်ကုန် နာရေးကူညီမှုအသင်းကို တည်ထောင်ထားပြီး လူမှုကူညီရေး ပရဟိတ လုပ်ငန်းတွေကို လုပ်ကိုင်နေတာပဲ ဖြစ်ပါတယ်။ ပရဟိတမင်းသားကြီး ကျော်သူက ဒီနေ့မှာတော့ သူလေးစားအားကျရတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရုပ်တုတစ်ခုကို ဖန်တီးခဲ့ကြောင်း အခုလိုပဲ ပြောပြထားပါတယ်။

“၂၀၁၀ခုနှစ် အမေစု နေအိမ်အကျယ်ချုပ်မှလွတ်မြောက်လာပြီးနောက် အိန္ဒိယနိုင်ငံသို့ အရောက် ၀န်ကြီးချုပ်ဟောင်း မန်ဆိုဟန်ဆင်းမှ အမေစုအား ဓမ္မလက်ဆောင်ပေးလိုက်သည့် မဟာဗောဓိညောင်ပင်အား အနိစ္စဆရာတော်ကြီး(ပုခုက္ကူဆရာတော်ကြီး) မှတစ်ဆင့် ကျွန်တော်ရရှိလာခဲ့ပြီးနောက် ပရဟိတစေတီတောင်တော်ပေါ်တွင်စိုက်ပျိုးခဲ့ရာ ယခုဆိုလျှင် ပရဟိတသာသနာဖွံ့ဖြိုးလာသည်နှင့်အညီ ဗောဓိညောင်ပင်ကြီးသည်လည်း ကြီးထွားရှင်သန်နေပြီဖြစ်သည်။”

“စက်တင်ဘာလတွင် ပြည်မြို့သို့”သုံးပန်လှကျိန်စာ”ရုပ်ရှင်ကားရိုက်ကူးရာတွင် သုံးပန်လှမင်းသင်္မးနန်းရှိရာ လက်သည်းရေကန်ဘုန်းတော်ကြီးကျောင်းကြီးသို့အရောက် မြန်မာပြည်မြေပုံနှင့်ဗိုလ်ချုပ်အောင်ဆန်း ဒေါ်အောင်ဆန်းစုကြည်တို့ဧ။်ပုံတူရုပ်ထုကိုမြင်တွေ့ခဲ့ရာမှ ကျွန်တော်စိတ်ကူးရလာမိသည်။”

“ထို့ကြောင့် ယင်းစိတ်ကူးအားအကောင်အထည်ဖေါ်ရန်အတွက်”ပုံတူရုပ်ထုပညာရှင် ကိုနေသူတင့်” အားစုံစမ်းကာ စက်တင်ဘာလကုန်တွင်အလုပ်အပ်နှံခဲ့ပါသည်။ အမေစု ပင့်ဆောင်လာသည့် ဗောဓိညောင်ပင်ကြီးဧ။် အင်္ဂါထောင့်တွင် အမေစုလက်အုပ်ချီမိုးမေတ္တာပို့သနေသော ပုံတူရုပ်ထု ထုလုပ်ရန် အပ်နှံခဲ့ပါသည်။”

“ယခုအခါ ခရစ်စမတ်နေ့အမီ မင်္ဂလာရှိသောနေ့မြတ်တွင် အေးချမ်းစိမ်းလန်း ငြိမ်းချမ်း သာယာသော ပရဟိတစေတီတော်တောင်တော်ပေါ်တွင် အမေစုဧ။်ပုံတူကိုယ်ပွါးရုပ်ထုသည်ငြိမ်းချမ်းအေးချမ်းမြေ့စွာ ဗောဓိညောင်ပင်အနီးတွင် ကဒေါင်းပုံကျောက်ထီးအောက် တည်ရှိနေပြီဖြစ်တော့သည်။” ဆိုပြီး ပီတိဖြစ်စွာ မျှဝေထားပါတယ်။

ကျာ်သူကတော့ သူလေးစားအားကျရတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရုပ်တုကို သေသေချာချာလေး ပြင်ဆင်ခဲ့တာ ဖြစ်ပါတယ်။ အချိန်ပေးပြီး ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးကို ကျေးဇူးအထူးတင်ရှိပါတယ်။

မိုမိုလေး

Previous Post

မကွေးမြို့မှာ ရှင်အပါး (၅၂၀၀)ကို ရှင်ပြုပေးခဲ့တဲ့ နန္ဒာလှိုင်တို့ ဇေကမ္ဘာမိသားစု

Next Post

ရွှေကြိုက်တဲ့ ဖေဖေ့ကို ရွှေဟမ်းချိန်းကြီး မွေးနေ့လက်ဆောင်ပေးလိုက်တဲ့ ဝိုင်းစု

Next Post

ရွှေကြိုက်တဲ့ ဖေဖေ့ကို ရွှေဟမ်းချိန်းကြီး မွေးနေ့လက်ဆောင်ပေးလိုက်တဲ့ ဝိုင်းစု

ကလေးတုန်းက ထက်ထက်မိုးဦးရဲ့ ကြော်ငြာတွေအတိုင်း လိုက်လုပ်ခဲ့တဲ့ နော်ဖောအယ်ထား

ပြည်တွင်းပြည်ပသတင်းများအားစုံလင်စွာဖတ်ရှု့နိုင်ပါသည်။
  • Privacy Policy

© Copyright 2018 - All rights reserved by We Love Cele

No Result
View All Result
  • ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
  • ပြည်ပသတင်း
  • အနုပညာ
  • အားကစား

© Copyright 2018 - All rights reserved by We Love Cele

error: Content is protected !!