• ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
  • ပြည်ပသတင်း
  • အနုပညာ
  • အားကစား
Sunday, August 7, 2022
No Result
View All Result

တစ်နှစ်မှတစ်ခါ မိသားစုစုံစုံလင်လင်နဲ့ ညစာစားဖြစ်တဲ့ နေခြည်ဦးတို့ မိသားစု

We Love Cele by We Love Cele
December 25, 2019
in အနုပညာ
0

မိန်းကလေးတွေရဲ့ အသည်းကျော်လေးဖြစ်တဲ့ နေခြည်ဦးက သွက်လက်ချက်ချာပြီး ဟန်ဆောင်မှုကင်းသူလေး ဖြစ်ပါတယ်။ နေခြည်ဦးက Beauty Blogger တစ်ဦးအဖြစ် စတင်ခဲ့ရာ အခုဆိုရင် ရုပ်ရှင်ဇာတ်ကားကြီးတွေနဲ့ ဇာတ်လမ်းတွဲတွေမှာ သရုပ်ဆောင်ရတဲ့ သရုပ်ဆောင်တစ်ဦး ဖြစ်လို့နေပါပြီ။

များစွာသော အလုပ်တွေကို လုပ်ကိုင်နေရတဲ့ နေခြည်ဦးက သူမရဲ့မိသားစုဝင်တွေနဲ့ တစ်အိမ်တည်းမှာမေပေမယ့် အကုန်လုံးနဲ့ စုံစုံညီညီ တွေ့ရမယ့်အချိန်ဆိုတာ အရမ်းနည်းမှာ သေချာပါတယ်။

နေခြည့်ရဲ့ ဖေဖေ၊ မေမေကလည်း စီးပွားရေးလုပ်ငန်းတွေလုပ်၊ မောင်လေးကလည်း နိုင်ငံခြားမှာ ကျောင်းတက်၊ ညီမလေး စိမ်းလဲ့ရတနာကလည်း ကျောင်းတက်နေရတာမို့ မိသားစုတွေ တွေ့ရဖို့အချိန်နည်းပါးတာပါ။

မနေ့က ဒီဇင်ဘာလ (၂၄) ရက်နေ့မှာတော့ နေခြည်ဦးတို့ မိသားစုဝင်တွေ စုံစုံလင်လင် ညစာထွက်စားခဲ့ကြပါတယ်။ ဒါဟာ သူမတို့ မိသားစုရဲ့ တစ်နှစ်မှာတစ်ခါသာစားဖြစ်တဲ့ မိသားစုစုံစုံ ညစာစားပွဲလေးပဲဖြစ်တယ်လို့ နေခြည်ဦးက ပြောပြထားပါတယ်။

နေခြည်ဦးတို့ မိသားစုကတော့ တစ်ယောက်နဲ့တစ်ယောက် ဂရုစိုက်ကြပြီး အရမ်းချစ်စရာကောင်းတာပဲနော်။ ပရိသတ်ကြီးလည်း Christmas Holiday မှာ ချစ်ရတဲ့ မိသားစုဝင်တွေနဲ့ ပျော်ရွှင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

မိုမိုလေး

Previous Post

သူမရဲ့ မောင်လေးကို အနုပညာလောကမှာ စတင်ပွဲထုတ်လိုက်တဲ့ မိုးယုစံ

Next Post

မိသားစုတွေစုံစုံလင်လင်နဲ့ ဘွဲ့နှင်းသဘင်အခမ်းအနားကို တက်ရောက်ခဲ့တဲ့ ဖြူဖြူထွေး

Next Post

မိသားစုတွေစုံစုံလင်လင်နဲ့ ဘွဲ့နှင်းသဘင်အခမ်းအနားကို တက်ရောက်ခဲ့တဲ့ ဖြူဖြူထွေး

သားသားမီးမီး ၂ ယောက်လုံးစုံလင်တဲ့ ခရစ်စမတ်လေးကို ပထမဆုံးဖြတ်သန်းဖူးသွားပြီဖြစ်တဲ့ သင်ဇာနွယ်ဝင်း

ပြည်တွင်းပြည်ပသတင်းများအားစုံလင်စွာဖတ်ရှု့နိုင်ပါသည်။
  • Privacy Policy

© Copyright 2018 - All rights reserved by We Love Cele

No Result
View All Result
  • ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
  • ပြည်ပသတင်း
  • အနုပညာ
  • အားကစား

© Copyright 2018 - All rights reserved by We Love Cele

error: Content is protected !!