ပရိသတ်တွေ အပတ်စဉ်အပတ်တိုင်း ရင်ခုန်စွာနဲ့ စောင့်ကြည့်အားပေးကြတဲ့ Myanmar Idol Season 4 Grand Final ပွဲကြီးက အောင်မြင်စွာ ပြီးဆုံးသွားခဲ့ပြီ ဖြစ်ပါတယ်။ ပြိုင်ပွဲဝင်သုံးဦးဖြစ်တဲ့ အေးမြဖြူ၊ အက်စတာဒေါ့သ်ချင်းဆုန်၊ ဘန်ဂျမင်ဆန်တို့ကလည်း သူတို့တတ်နိုင်တာထက်ပိုပြီး ကြိုးစားအားထုတ်ပြီး သီဆိုယှဉ်ပြိုင်ခဲ့ကြတာ ဖြစ်ပါတယ်။
သီချင်းများအားလုံး သီဆိုယှဉ်ပြိုင်ပြီးတဲ့နောက်မှာတော့ Myanmar Idol Season 4 ရဲ့ Winner ဆုရှင်က အက်စတာဒေါ့သ်ချင်းဆုန်ပဲ ဖြစ်ပါတယ်။
အက်စတာဒေါ့သ်ချင်းဆုန်က Myanmar Idol ပြိုင်ပွဲတောက်လျှောက် ပထမဆုံး မိန်းကလေး Winner ဆုရှင်တစ်ယောက်ပဲဖြစ်လို့ ပရိသတ်တွေက ကျေနပ်ကြတာ ဖြစ်ပါတယ်။
အက်စတာဒေါ့သ်ချင်းဆုန်ကတော့ Winner ဆုကြီးကို ထိုက်ထိုက်တန်တန် ဆွတ်ခူးရရှိသွားမှာဖြစ်ပြီး ပရိသတ်တွေရဲ့ ဆန္ဒနဲ့ ထပ်တူညီကြတယ်လို့ ဆိုရပါမယ်။
အက်စတာဒေါ့သ်ချင်းဆုန်ကတော့ Myanmar Idol Season 4 ရဲ့ Winner တစ်ယောက် ဖြစ်လို့လာပါပြီ။ ပရိသတ်ကြီးလည်း အက်စတာအတွက် ဝမ်းသာဂုဏ်ယူနေကြမယ် ထင်ပါတယ်နော်။
မိုမိုလေး