မြန်မာအိုင်ဒေါလ် Season 3 ပြိုင်ပွဲဝင်တစ်ဦးဖြစ်တဲ့ ချမ်းမြေ့မောင်ချိုကတော့ မြန်မာအိုင်ဒေါလ် Season 4 ပြိုင်ပွဲဝင်တွေ ပြိုင်နေတာကိုကြည့်ရင်း ပြိုင်ပွဲဝင်တစ်ယောက်အတွက် ရင်အနာရဆုံးအဖြစ်အပျက်ကို ပြောပြလာပါတယ်။
အဲဒါကတော့ သူမတုန်းကအဖြစ်အပျက်လေးဖြစ်ပြီး ချမ်းမြေ့မောင်ချိုက ” ပြိုင်ပွဲဝင်တစ်ယောက်အတွက် ဘယ်အရာက ရင်အနာရဆုံးနဲ့ ရင်ကွဲမတတ်အခံစားရဆုံးလဲသိလား???? Grand Final အထိရောက်ခဲ့ပြီးမှ သီချင်းမဆိုနိုင်ခဲ့တာပဲ” လို့ ပြောထားပါတယ်။
ချမ်းမြေ့မောင်ချိုအနေနဲ့ ပြီးခဲ့တဲ့ နှစ် ၂၀၁၈ မြန်မာအိုင်ဒေါလ် Season 3 နောက်ဆုံးဖိုင်နယ်ပြိုင်ပွဲစဉ်မှာ ကျန်းမာရေးအခြေအနေကြောင့် ပြိုင်ပွဲမှာ လာရောက်သီဆိုယှဉ်ပြိုင်ခြင်း မရှိခဲ့တာကြောင့် ဖြိုးမြတ်အောင်က Winner ဖြစ်ခဲ့ရတာပါ။
ချမ်းမြေ့မောင်ချိုဟာ မြန်မာအိုင်ဒေါလ်မှာ ရှုံးနိမ့်မှုတွေ ရင်ဆိုင်ခဲ့ရပေမယ့် ပရိသတ်ကြီးရဲ့ အချစ်တော်အဖြစ်ကနေတော့ လျော့မသွားခဲ့ပဲ လက်ရှိမှာ တစ်ကိုယ်တော်ခွေ Eleven ကိုထုတ်ဝေနိုင်ခဲ့ပြီပဲ ဖြစ်ပါတယ်။
Cele Star