Myanmar Idol Season 123 အစဉ်လိုက်က winner ဆု ကို ယောကျာ်းလေးပြိုင်ပွဲဝင်သာ ဆွတ်ခူးခဲ့တာကို ပရိသတ်တွေ သိလောက်မယ် ထင်ပါတယ်။ ဒီနှစ် Myanmar Idol Season 4 ရဲ့ Winner ကို လည်း အရင်နှစ်တွေလို ယောကျာ်းလေး winner ရမယ်လို့ ခန့်မှန်းတဲ့သူ ရှိသလို မိန်းကလေး Winner ဖြစ်မယ်လို့ ခန့်မှန်းသူတွေ ရှိခဲ့ပါတယ်။ ခန့်မှန်းကြတဲ့ သူတွေထဲမှ Myanmar Idol Season 2 ရဲ့ ပြိုင်ပွဲဝင် တွေ ဖြစ်ကြတဲ့ အဆိုတော် ရဲနောင် နဲ့ ပိုးမီ တို့ကလည်း ပါဝင်ခဲ့ကြတာပါ။ ပရိသတ်တွေအတွက် Myanmar Idol Season 4 ရဲ့ Winner ကို ခန့်မှန်းခဲ့တဲ့ ရဲနောင် နဲ့ ပိုးမီ တို့ အကြောင်းကို ဖော်ပြပေးလိုက်ပါတယ်နော်။
အဆိုတော် ရဲနောင် က ဒီနှစ် Myanmar Idol Season 4 ရဲ့ Winner ကို လည်း အရင်နှစ်တွေလို ယောကျာ်းလေး winner ရမယ်လို့ ခန့်မှန်းခဲ့ပြီး ပိုးမီကတော့ မိန်းကလေး winner ရမယ်လို့ ခန့်မှန်းပြီး ငွေ ၁၀သိန်းနဲ့ လောင်းကြေးထပ်ခဲ့တာပဲ ဖြစ်ပါတယ်။
Myanmar Idol Season 4 ရဲ့ Grand Final ညမှာတော့ ပြိုင်ပွဲဝင် မိန်းကလေး အက်စတာဒေါ့သ်ချင်းဆုန် က winner ဆုကို ရရှိခဲ့တာကြောင့် ရဲနောင် နဲ့ ပိုးမီတို့ ရဲ့ လောင်းကြေးမှာ ပိုးမီ က အနိုင်ရရှိခဲ့ပြီး လောင်းကြေး ငွေ၁၀သိန်းကို ရရှိသွားတာပဲ ဖြစ်ပါတယ်။
ရဲနောင်ကတော့ သူရှုံးသွားတာကြောင့် ခုလို ပြောထားပါတယ်။”အက်စတာကို ပြောလိုက်ပါ ကျွန်တော်ရူံးပီလို့ …😂ဆယ်သိန်းရေ အမျှအမျှ 😭😭” ဆိုပြီးပြောထားပါတယ်။
ပိုးမီ ကတော့ “စိတ်မကောင်းဘူးးး မဲနူလေးရေ Ye Naungဆယ် သိန်း လာထားးCongratulations Idol Winner ” လို့ ပြောထားပါတယ်။
အဆိုတော် ရဲနောင်နဲ့ ပိုးမီ တို့ရဲ့ winner လောင်းကြေးမှာတော့ ပိုးမီ က ငွေ၁၀သိန်းကို ရရှိသွားပါပြီ ပရိသတ်ကြီးရေ ။ ကြည့်ရူပေးကြတဲ့ ပရိသတ်ကြီးကို ကျေးဇူးအထူးတင်ရှိပါတယ်နော်။
မိုမိုလေး