• ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
  • ပြည်ပသတင်း
  • အနုပညာ
  • အားကစား
Friday, January 22, 2021
No Result
View All Result

အားပေးတဲ့ Idol မတူလို့ ဖေ့စ်ဘွတ်တိုက်ပွဲ ဖြစ်ခဲ့ကြတဲ့ ခင်ဇာခြည်ကျော် နဲ့ ဘုန်းမင်းနေလ တို့သားအမိ

We Love Cele by We Love Cele
December 29, 2019
in အနုပညာ
0

နိုင်ငံကျော် ရုပ်ရှင်သရုပ်ဆောင် ခင်ဇာခြည်ကျော် ဟာဆိုရင် ပရိသတ်တွေချစ်ခင်အားပေးရတဲ့ နိုင်ငံကျော် အနုပညာရှင်တစ်ဦးပါ။ခင်ဇာခြည်ကျော်က သူမရဲ့ ချစ်စရာကောင်းတဲ့ မိသားစုလေးနဲ့ အတူ အနုပညာအလုပ်တွေကြိုးစားလုပ်ရင်း ဘဝကို အေးချမ်းစွာ ဖြတ်သန်းနေတာပဲ ဖြစ်ပါတယ်။ ဒီတစ်ခါမှာတော့ ချစ်ပရိသတ်တွေကို ခင်ဇာခြည်ကျော် နဲ့ ဘုန်းမင်းနေလ တို့ သားအမိကအားပေးတဲ့ Idol မတူလို့ ပြိုင်ပွဲပြီးမှ ချစ်ကြည်ရေးပြန်ရတယ်ဆိုတဲ့ အကြောင်းကို ဖော်ပြပေးလိုက်ပါတယ်နော်။

ခင်ဇာခြည်ကျော် ရဲ့ သားအကြီးဘုန်းမင်းနေလ ကလည်း အနုပညာကို ဝါသနာပါသူလေးပါ။အကယ်ဒမီ ရွှေကြို အဖြစ်လည်း ပါဝင်ခဲ့သလို ခုဆိုရင် ဘုန်းမင်းနေလရဲ့ အနုပညာလှုပ်ရှားတစ်ချို့ကိုလည်း တွေ့မြင်နေရပြီပဲ ဖြစ်ပါတယ်။

ဒီတစ်ခါမှာတော့ ခင်ဇာခြည်ကျော် နဲ့ ဘုန်းမင်းနေလ တို့က Myanmar Idol Seadon 4 ကို အားပေးတဲ့ သူတွေဖြစ်ပြီး မိခင် ခင်ဇာခြည်ကျော်က ပြိုင်ပွဲဝင် Benjamin Sum ကိုအားပေးပြီး ဘုန်းမင်းနေလက အေးမြဖြူ ကို အားပေးသူပါ။

ခင်ဇာခြည်ကျော် က ” ဘုန်းမင်းနေလ သားမိချင်းရန်မဖြစ်ချင်ဘူးဒို့က ဘန် ဘန် ခြည် ကျော်ပဲ” လို့ သားကို ပြောထားသလို ဘုန်းမင်းနေလက ” ဖိုင်နယ်ပြီးမှစကားဆက်ပြောမယ်နော် Khinzar Chikyaw Zar 😊” ဆိုပြီး သူတို့ရဲ့ ဖေ့စ်ဘွတ်မှာ အားပေးတဲ့ Idol winner ပါ ဆိုပြီး ပြောထားကြတာပါ။

မနေ့ည ပြိုင်ပွဲ အပြီးမှာတော့ ခင်ဇာခြည်ကျော်က ” MMID ပွဲလည်းပြီး ရော သားမိနှစ် ယောက် ချစ်ကြည်ရေး ပြန် ရသွား ပြီ😁😂” ဆိုပြီး ပြောထားတာတွေ့ရပါတယ်။

ချစ်စရာကောင်းတဲ့ ခင်ဇာခြည်ကျော် တို့ သားအမိနှစ်ယောက် ရဲ့ idol ပြဿနာလေးက ခုတော့ အဆင်ပြေသွားပါပြီ ပရိသတ်ကြီးရေ။

သရုပ်ဆောင် ခင်ဇာခြည်ကျော် တို့ရဲ့ ပုံရိပ်ကလေးတွေကို ပရိသတ်တွေ သဘောကျလိမ့်မယ်ထင်ပါတယ်။ ကြည့်ရူပေးကြတဲ့ ပရိသတ်ကြီးကို ကျေးဇူးအထူးတင်ရှိပါတယ်နော်။

မိုမိုလေး

Previous Post

မွေးနေ့မှာ မိခင်ကို ငွေကျပ် သိန်း ၃၀ နဲ့ကန်တော့ခဲ့တဲ့ ဒိန်းဒေါင်

Next Post

ကုတင်ပေါ်ကအကြောင်းတွေပဲ ရေးသားတဲ့သူလို့ လူသိများလာခြင်းကို စိတ်မကောင်းဖြစ်နေတဲ့ လှနုထွန်း

Next Post

ကုတင်ပေါ်ကအကြောင်းတွေပဲ ရေးသားတဲ့သူလို့ လူသိများလာခြင်းကို စိတ်မကောင်းဖြစ်နေတဲ့ လှနုထွန်း

Winner ဆုရှင်ဖြစ်ပြီးမှ တိုက်ခိုက်ခံနေရတဲ့ အက်စတာဘက်က ရပ်တည်ပေးလိုက်တဲ့ ပန်ဆယ်လို

ပြည်တွင်းပြည်ပသတင်းများအားစုံလင်စွာဖတ်ရှု့နိုင်ပါသည်။
  • Privacy Policy

© Copyright 2018 - All rights reserved by We Love Cele

No Result
View All Result
  • ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
  • ပြည်ပသတင်း
  • အနုပညာ
  • အားကစား

© Copyright 2018 - All rights reserved by We Love Cele

error: Content is protected !!