• ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
  • ပြည်ပသတင်း
  • အနုပညာ
  • အားကစား
Wednesday, March 3, 2021
No Result
View All Result

Winner ဆုရှင်ဖြစ်ပြီးမှ တိုက်ခိုက်ခံနေရတဲ့ အက်စတာဘက်က ရပ်တည်ပေးလိုက်တဲ့ ပန်ဆယ်လို

We Love Cele by We Love Cele
December 30, 2019
in အနုပညာ
0

မြန်မာအိုင်ဒေါလ် Winner ဆုရှင် အက်စတာတစ်ယောက်ကတော့ သူမအခုလို Winner ဖြစ်လာဖို့ ဆင်းရဲချင်ယောင်ဆောင်ပြီး မျက်ရည်ခြူသူ၊ ပြိုင်ပွဲတွေမှာ ဆုရဖူးသူ၊ မရိုးသားသူ၊ အိမ်ထောင်ရှိသူ စသဖြင့် တိုက်ခိုက်ခံနေရတယ်လို့ သိရပါတယ်။

Image may contain: 1 person, smiling, food

ဒီလိုတိုက်ခိုက်မှုမျိုးစုံခံနေရတဲ့ အက်စတာဘက်ကနေ ပန်ဆယ်လိုတစ်ယောက် မားမားမတ်မတ်ရပ်တည်ပြီး ရပ်တည်ပေးလိုက်တာဖြစ်ပါတယ်။

Image may contain: 1 person

Image may contain: 1 person, closeup

ပန်ဆယ်လိုက သူမရဲ့ ဖေ့ဘုတ်မှာ ” အက်စတာ နိုင်ငံခြားသွားတဲ့ပုံတွေနဲ့ အရင်က ဆင်းရဲတယ်ဆိုပြီး မျက်ရည်ခြူတယ်တို့ ပြိုင်ပွဲတွေမှာ ဆုရဖူးတယ်တို့ မရိုးသားတာ ဘာညာတွေရေးကြပြန်တယ်၊ တကယ်ကလေ Myanmar Idol ဆိုတာ Reality Show ကြီး လူတွေရဲ့ စိတ်ခံစားမှုကို လှုပ်ယူနိုင်မှ ငွေရမှာ၊ လူတွေကို စေတနာရှိလွန်းလို့ အလကား Entertain လုပ်နေတာမှမဟုတ်တာ၊ သူ့စင်ပေါ်မှာ တင်ပေးလိုက်တဲ့သူတိုင်းကို တနိုင်ငံလုံးသိအောင် လုပ်ပေးနိုင်တယ်၊ အဲ့စင်တစ်ခုဖြစ်လာဖို့လည်း ငွေတွေ အများကြီးရင်းထားရတယ်၊ အဲ့အတွက် အဲထက်ပိုတဲ့ငွေကို ပြန်ယူမှာပဲ၊ ပြန်ရအောင်လုပ်မှာပဲ၊ ပြန်ယူပေးနိုင်တဲ့ ဆွဲဆောင်မှုရှိတဲ့ ရုပ်ရည်၊ ဆွဲဆောင်မှုရှိတဲ့ နောက်ခံဇာတ်ကြောင်းတွေ ဒါတွေကို ဖန်တီးမှာပဲ၊ လိမ်တယ်ဆိုရင်တောင် စင်ပေါ်က မျောက်လေးတွေကလိမ်ရဲလားနဲ့ ဆန်ရဖို့ ပြမယ့်မျောက်လေးကို ဇာတ်ညွှန်းလှလှလေးတွေ ချပေးနိုင်သူက လိမ်ရဲလား၊ ရိုးရိုးလေးတွေးကြည့်ရုံပဲ၊ ပိုဆိုးလာတာက သူ့ဖန်တစ်ယောက်က စနောက်ပြီး လုပ်ထားမှန်းသိသာတဲ့ မောင်ဘယ်သူနဲ့ ဇနီးမအက်စတာဆိုတဲ့ ပုံကြီးကို အိမ်ထောင်ရှိပါတယ်ဆိုပြီး အတည်ပေါက်နဲ့ဖွနေကြတာမျိုး၊ ဆက်ပြောရင် ကိုယ်က အက်စတာဖန်ဖြစ်ပြီး ဖင်နာတယ်ထင်ကြဦးမယ်” လို့ ပြောဆိုထားတာတွေ့ရပါတယ်။

ပန်ဆယ်လိုက ” ကိုယ်ကဘယ်သူ့ကိုမှ ပလိန်းကြီးမတိုက်ခိုက်စေချင်တာပါ၊ ဒီနေရာကို ရောက်လာကတည်းက စင်ပေါ်ရောက်လာသူတွေအားလုံးရဲ့ အိပ်မက်ဟာ Winner ဖြစ်ဖို့ပဲ မဟုတ်လား၊ သူမှမဟုတ်ဘူး ပြိုင်ပွဲဝင်အားလုံးဟာ ဒီဆုအတွက် ယှဉ်ပြိုင်ခဲ့ကြတာပဲ မဟုတ်လား၊ ဘာပဲဖြစ်ဖြစ် ဒီပွဲကြီးက ပြီးသွားပြီ ၊ Winner ကလည်း သိန်းထောင်ချီရသွားပြီ၊ ပြိုင်ပွဲဝင်တွေကလည်း ရှေ့ဆက်လျှောက်ဖို့ နာမည်တစ်လုံးနဲ့ လမ်းကြောင်းရသွားပြီ၊ ပိုင်ရှင်ရော၊ ဒိုင်တွေရော၊ Host တွေရော၊ ဝန်ထမ်းပါမကျန်၊ ရသင့်တာတွေရသွားပြီ ဘာမှမရပဲ အကုသိုလ်တွေချည်းရနေတာ ကိုယ်တွေပဲ ရှိတယ်” လို့လည်း ပြောထားပါသေးတယ်။

Image may contain: 1 person, hat, closeup and outdoor

ကဲ ပရိသတ်ကြီးရော ပန်ဆယ်လိုပြောတာမှန်တယ်လို့ ထင်လားဟင်။

Cele Star

Previous Post

ကုတင်ပေါ်ကအကြောင်းတွေပဲ ရေးသားတဲ့သူလို့ လူသိများလာခြင်းကို စိတ်မကောင်းဖြစ်နေတဲ့ လှနုထွန်း

Next Post

အားလပ်ရက်တွေမှာ ဇနီးနဲ့သားဖြစ်သူကို အချိန်ပေးပြီး အပန်းဖြေခရီးလိုက်ပို့ခဲ့တဲ့ မြင့်မြတ်

Next Post

အားလပ်ရက်တွေမှာ ဇနီးနဲ့သားဖြစ်သူကို အချိန်ပေးပြီး အပန်းဖြေခရီးလိုက်ပို့ခဲ့တဲ့ မြင့်မြတ်

နှစ်သစ်ကူးအထိမ်းအမှတ်အဖြစ် ပရိသတ်ကိုရွှေလက်စွပ်တွေနဲ့ဖုန်းတွေ မဲဖောက်ပေးမယ့် ဖြိုးမြတ်အောင်

ပြည်တွင်းပြည်ပသတင်းများအားစုံလင်စွာဖတ်ရှု့နိုင်ပါသည်။
  • Privacy Policy

© Copyright 2018 - All rights reserved by We Love Cele

No Result
View All Result
  • ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
  • ပြည်ပသတင်း
  • အနုပညာ
  • အားကစား

© Copyright 2018 - All rights reserved by We Love Cele

error: Content is protected !!