နိုင်ငံကျော်မင်းသား မြင့်မြတ်က သရုပ်ဆောင်ကောင်းပြီး ကျရာဇာတ်ရုပ်ကို ပီပီပြင်ပြင်နဲ့ အကောင်းဆုံး သရုပ်ဆောင်နိုင်သူတစ်ဦးဖြစ်ပါတယ်။ မြင့်မြတ်ရဲ့ ပြောင်မြောက်လှတဲ့ သရုပ်ဆောင်မှုတွေက ဆင်းရဲ၊ ချမ်းသာ ကာရိုက်တာမရွေး သရုပ်ဆောင်နိုင်တာကြောင့် အောင်မြင်မှုတွေများစွာ ရရှိခဲ့တာ ဖြစ်ပါတယ်။ မြင့်မြတ်က အခုလက်ရှိမှာလဲ မြန်မာနိုင်ငံရဲ့ အအောင်မြင်ဆုံး မင်းသားတစ်ဦးအဖြစ် ခိုင်ခိုင်မာမာ ရပ်တည်နေနိုင်ဆဲဖြစ်ပါတယ်။
မြင့်မြတ်က လက်ရှိမှာ ချစ်စရာကောင်းတဲ့ သားလေးတစ်ဦးနဲ့အတူတူ ပျော်ရွှင်သာယာတဲ့ မိသားစုဘဝလေးကို တည်ဆောက်ထားတာဖြစ်ပါတယ်။ မြင့်မြတ်ရဲ့သားလေးကို မြတ်သူလို့ နာမည်ပေးထားပြီး မြတ်သူလေးက အခုဆိုရင် (၁) နှစ်ကျော် အရွယ်ကို ရောက်နေပြီပဲဖြစ်ပါတယ်။
မြင့်မြတ်က လက်ရှိမှာ ရုပ်ရှင်ရိုက်ကူးခြင်းတွေကို ရပ်နားထားပြီး ဒီဇင်ဘာအားလပ်ရက်မှာ မိသားစုနဲ့အတူတူ ထိုင်းနိုင်ငံ၊ ပတ္တရားကမ်းခြေမှာ အနားယူအပန်းဖြေနေတာပဲ ဖြစ်ပါတယ်။
မြင့်မြတ်က အနေအထိုင်အေးပြီး အိမ်ထောင်ကျ၊ ကလေးရပြီးကတည်းက သူ့ရဲ့ အားလပ်ချိန်တော်တော်များများကို မိန်းမနဲ့ သားဖြစ်သူ မြတ်သူတို့နဲ့သာ ကုန်ဆုံးလေ့ရှိတဲ့ ဖခင်တစ်ယောက်ပဲ ဖြစ်ပါတယ်။
မြင့်မြတ်တို့ မိသားစုလေးကတော့ ပတ္တရားကမ်းခြေမှာ တော်တော်လေး ပျော်ရွှင်နေကြပုံပါပဲနော်။ ပရိသတ်ကြီးလည်း ချစ်စရာကောင်းတဲ့ မြင့်မြတ်တို့ မိသားစုပုံရိပ်လေးတွေကို သဘောကျရင် Like & Share လုပ်ဖို့ မမေ့ပါနဲ့နော်။
မိုမိုလေး