• ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
  • ပြည်ပသတင်း
  • အနုပညာ
  • အားကစား
Monday, April 12, 2021
No Result
View All Result

ခင်ပွန်းရဲ့ မိဘတွေနဲ့ မိသားစု စုံစုံညီညီ ညစာစားခဲ့တဲ့ စမိုင်းလ်

We Love Cele by We Love Cele
December 31, 2019
in အနုပညာ
0

ပွင့်​ပွင့်​လင်းလင်းနဲ့ အရိုးရှင်းဆုံး​နေထိုင်​တတ်​တာ​ကြောင့်​ပရိသတ်​တွေက အချစ်ပိုနေရတဲ့ သရုပ်ဆောင် စမိုင်းလ်ကတော့ အနုပညာအလုပ်တွေ မလုပ်တော့တာတောင် အားပေးတဲ့ပရိသတ်တွေ ရှိနေဆဲပါ။ ချစ်ရတဲ့မိသားစုနဲ့အတူ သာယာတဲ့ဘဝလေးကို ပိုင်ဆိုင်ထားတဲ့ စမိုင်းလ်ကတော့ လတ်​တ​လောမှာ​ ခင်ပွန်းရဲ့ မိဘတွေနဲ့ ပျော်ပျော်ရွှင်ရွှင် ညစာစားခဲ့တဲ့ပုံရိပ်တွေကို လူမှုကွန်ယက်မှာ ဝေမျှပေးထားတာတွေ့ရပါတယ်။ အရမ်းကို စိတ်ထားကောင်းတဲ့ စမိုင်းလ်ကတော့ မိသားစုကိုလည်း အရမ်းတန်ဖိုးထားပြီး ချသ်တတ်သူလေးမို့ ခင်ပွန်းရဲ့အချစ်ကို တိုးတိုးပြီး ရရှိထားတာပါနော်။

ချစ်​ပရိသတ်​တွေအတွက် အရမ်းကို နွေးထွေးတဲ့ စမိုင်းလ်​တို့မိသားစုလေးရဲ့ညစာစားပွဲက ပုံရိပ်​တွေကို​ဖော်​ပြ​ပေးလိုက်​ပါတယ်​။

စမိုင်းလ်​က​တော့ “Family time ” ဆိုပြီး ခင်ပွန်းဖြစ်သူရဲ့ မိဘတွေနဲ့ ညစာစားခဲ့တဲ့ သူမတို့ မိသားစုလေးရဲ့ပုံရိပ်​တွေကို လူမှုကွန်​ယက်​မှာ​ဝေမျှ​ပေးထားတာပါ။ အနေအထိုင် ရိုးရှင်းတဲ့ စမိုင်းလ်ကိုတော့ ယောက္ခမတွေကလည်း အရမ်းချစ်ကြတာပါနော်။

စမိုင်းလ်ရဲ့ အမဖြစ်သူကတော့ စမိုင်းလ်လိုပဲ အရမ်းလှတယ်နော်။

အမြဲ Ro နေတဲ့ စမိုင်းလ်တို့ ဇနီးမောင်နှံ

စမိုင်းလ်တို့ဇနီးမောင်နှံနှစ်ဦးကတော့ လတ်တလောမှာ အရမ်းကိုချစ်စရာကောင်းတဲ့ မီးမီးလေးနှစ်ဦးနဲ့အတူ ပျော်ရွှင်စရာကောင်းတဲ့ မိသားစုဘဝလေးကို ပိုင်ဆိုင်ထားတာပဲ ဖြစ်ပါတယ်။ ချစ်ပရိသတ်တွေလည်း အရမ်းကို ချစ်စရာကောင်းတဲ့ စမိုင်းလ်တို့မိသားစုကိုချစ်ရင် Share သွားကြဖို့ မ​မေ့ကြနဲ့​နော်​။

မိုမိုလေး

Previous Post

အွန်လိုင်းပေါ် ဝေဖန်နေကြတဲ့ အဖြစ်အပျက်တွေအပေါ် ဖြေရှင်းလာတဲ့ အက်စတာ

Next Post

နှစ်သစ်မှာ မိဘနှစ်ပါးကို တန်ဖိုးကြီးပစ္စည်းတွေနဲ့ ကန်တော့ခဲ့တဲ့ သမီးလိမ္မာလေး သင်ဇာဝင့်ကျော်

Next Post

နှစ်သစ်မှာ မိဘနှစ်ပါးကို တန်ဖိုးကြီးပစ္စည်းတွေနဲ့ ကန်တော့ခဲ့တဲ့ သမီးလိမ္မာလေး သင်ဇာဝင့်ကျော်

၂၀၁၉ ခုနှစ်မှာ ကံအကောင်းဆုံးနဲ့ ကံအဆိုးဆုံးဆိုတာတွေနဲ့ ကြုံတွေ့ခဲ့ရတယ်ဆိုတဲ့ ရွှေထူး

ပြည်တွင်းပြည်ပသတင်းများအားစုံလင်စွာဖတ်ရှု့နိုင်ပါသည်။
  • Privacy Policy

© Copyright 2018 - All rights reserved by We Love Cele

No Result
View All Result
  • ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
  • ပြည်ပသတင်း
  • အနုပညာ
  • အားကစား

© Copyright 2018 - All rights reserved by We Love Cele

error: Content is protected !!