ပရိသတ်တွေ ချစ်ကြတဲ့ အဆိုတော် အေသင်ချိုဆွေက single mother တစ်ယောက်အနေနဲ့ ဘဝကို ရဲရဲရင့်ရင့် ဖြတ်သန်းနေတဲ့ စိတ်ဓာတ်ကြံ့ခိုင်တဲ့ အမျိုးသမီး တစ်ဦးပါပဲ။ အေသင့်ကိုချစ်ကြတဲ့ ပရိသတ်တွေကလဲ အေသင်ရဲ့ ဖြစ်တည်မှုကို အားပေးလက်ခံပြီ ချစ်ခင်အားပေးကြဆဲပါပဲ။ ပရိသတ်တွေက အေသင့်ကိုသာမက အေသင်ရဲ့ သမီးလေး Ivy ကိုလဲ ကိုယ့်သမီး ကိုယ့်တူမလေးလို ချစ်ခင်ကြတာကို တွေ့ရပါတယ်။
တစ်နေ့တစ်ခြား ချစ်စရာကောင်းလာပြီး လူရည်လည်လာလွန်းတဲ့ အေသင်ချိုဆွေရဲ့သမီးလေး Ivy ကို ပရိသတ်တွေက ချစ်လွန်းလို့ သူမရဲ့ လှုပ်ရှားမှုတိုင်းကို စိတ်ဝင်တစားစောင့်ကြည့်ကြတာ ဖြစ်ပါတယ်။
ဒီတစ်ခေါက်မှာတော့ Ivy က လွတ်လပ်ရေးနေ့မှာ ဘောလုံးကန်ဖို့အတွက် ရက်ကွက်ထဲက ကိုကိုတွေနဲ့ လေ့ကျင့်နေတဲ့ ပုံရိပ်တွေကို အေသင်ချိုဆွေက မျှဝေထားပါတယ်။
Ivy လေးက ဘောလုံးဝတ်စုံအပြည့်အစုံနဲ့ လေ့ကျင့်နေတာဖြစ်ပြီး မေမေအေသင်ချိုဆွေက သမီးလေးကို “ပေါက်ကျော်မ” လေးလို့ စနောက်ထားတာပဲ ဖြစ်ပါတယ်။
အေသင်ချိုဆွေရဲ့ သမီးလေး Ivy ကတော့ တစ်နေ့တစ်ခြား အသည်းယားဖို့ကောင်းအောင် ချစ်စရာကောင်းလာတာကို တွေ့ရပါတယ်။ ပရိသတ်ကြီးလည်း Ivy ရဲ့ ပုံရိပ်တွေကို သဘောကျကြမယ် ထင်ပါတယ်။
မိုမိုလေး