သရုပ်ဆောင် အိန္ဒြာကျော်ဇင်နဲ့ ပြေတီဦးတို့ ဇနီးမောင်နှံဟာ ပရိသတ်တွေကြားမှာ နာမည်ကျော်စုံတွဲလေးအဖြစ် နာမည်ကြီးကြသူတွေဖြစ်ပါတယ်။
အခုလည်း အူဝဲတစ်ယောက် လွန်ခဲ့တဲ့ ၉ နှစ်က သူမနဲ့ ခင်ပွန်းဖြစ်သူ ပြေတီဦးတို့ရဲ့ မမေ့နိုင်စရာ အဖြစ်အပျက်လေးကို ပြန်ပြောင်းပြောပြလာပါတယ်။
အူဝဲက သူမရဲ့ ဖေ့ဘုတ်မှာ ပရိသတ်တွေအတွက် နှစ်သစ်ကူးဆုတောင်းလေး တောင်းပေးခဲ့အပြီး အဆိုပါအဖြစ်အပျက်လေးကို အမှတ်တရ ပြောပြလာတာဖြစ်ပါတယ်။
အူဝဲက ” HAPPY NEW YEAR! ALL OF MY FANS ကျန်းမာခြင်း၊ချမ်းသာကြွယ်ဝခြင်း၊ ပျော်ရွှင်ခြင်း၊ စိတ်နှလုံးချမ်းမြေ့ခြင်း၊ ကြံစည်သမျှအောင်မြင်ခြင်း၊ အလှူရေစက်လက်နှင့်မကွာ လှူတန်းနိုင်ခြင်း၊ လာဘ်လာဘကြွယ်ဝခြင်းအပေါင်းနှင့်နှစ်သစ်မှာ ပြည့်စုံကြပါစေ… ပျော်ရွှင်စရာ နှစ်သစ်ဖြစ်ပါစေ လွန်ခဲ့တဲ့ ၉နှစ်က ဒီလိုနေ့မှာ သူ..ဒို့ကို…ဒို့ မေမေဆီမှာ လာတောင်းတာပေါ့” လို့ ချစ်စဖွယ်တင်ထားတာတွေ့ရပါတယ်။
အခုအချိန်မှာတော့ သူတို့စုံတွဲလေးက သမီးလေး ပြေသုဒြာ သားလေး ပြေဓီရ တို့နဲ့အတူ ပျော်ရွှင်ဖွယ်မိသားစုဘဝလေးကို ပိုင်ဆိုင်ထားကြပြီပဲဖြစ်ပါတယ်။ ကဲ အူဝဲရဲ့ ပရိသတ်တွေ သူတို့ဇနီးမောင်နှံ ၂ဦးရဲ့ မင်္ဂလာဦးခရီးအစ ၉ နှစ်ပြည့် နှစ်ပတ်လည်လေးအတွက် ဆုတောင်းပေးသွားကြပါဦးနော်။
Cele Star