• ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
  • ပြည်ပသတင်း
  • အနုပညာ
  • အားကစား
Tuesday, April 13, 2021
No Result
View All Result

ချစ်သူသစ်ရနေပြီဆိုတဲ့ ကောလာဟလတွေအပေါ် တုံ့ပြန်လိုက်တဲ့ နန်းစုရတီစိုး

We Love Cele by We Love Cele
January 2, 2020
in အနုပညာ
0

သရုပ်ဆောင်နဲ့အဆိုတော် နန်းဆုရတီစိုးတစ်ယောက် ချစ်သူ အဆိုတော် G-Fatt နဲ့ ပြတ်သွားခဲ့ပြီလို့ G-Fatt ဘက်က စတင်ပြီး တရားဝင်ထုတ်ဖော်ပြောကြားအပြီးမှာ သူမနဲ့ လက်တွဲထားတဲ့ မော်ဒယ်လ်ကောင်လေး တစ်ယောက်ရဲ့ ဗီဒီယိုလေး ပေါ်ထွက်လာခဲ့ပါတယ်။

Image may contain: 2 people

ဒီဗီဒီယိုကို စည်သူနှင်းမိုး ဆိုတဲ့အဆိုပါ မော်ဒယ်လ်ကောင်လေးရဲ့ story မှာ တင်ခဲ့တာဖြစ်ပြီး ပရိသတ်တွေက သို့လောသို့လော ဖြစ်ခဲ့ကြတာပါ။ ပရိသတ်တွေထဲက တချို့က G-Fatt ကို လှောင်ပြောင်တဲ့ Me Me တွေ ပြုလုပ်ခဲ့ကြတာကို တွေ့ရပြီး G-Fatt တစ်ယောက်ကျန်ရစ်ဖြစ်ခဲ့ရပြီလို့လည်း ပြောဆိုနေကြပါတယ်။

Image may contain: 1 person

Image may contain: 3 people, people smiling, text

သူတို့နှစ်ယောက်ပြတ်စဲသွားရတဲ့ အကြောင်းနဲ့ ပတ်သက်ပြီး G – Fatt က ပြောကြားရာမှာတော့ သူနဲ့ နန်းဆုတို့ နှစ်ဦးက ဖူးစာမဆုံပဲ ကွဲသွားတဲ့ အတွဲလေးဖြစ်ကြောင်း၊ လုံးဝလမ်းခွဲလိုက်ပြီဖြစ်ကြောင်း၊ သူငယ်ချင်းလို ဆက်ဆံမှုလည်း မရှိတော့ကြောင်း ဖြေဆိုထားပါတယ်။

Image may contain: 7 people, people smiling, people standing and crowd

Image may contain: 2 people, people standing

နန်းဆုရဲ့ ပရိသတ်တစ်ယောက်ကတော့ နန်းဆုကို အဆိုပါ ဗီဒီယိုလေးနဲ့ ပတ်သက်တဲ့ ကောလာဟလတွေအတွက် သွားရောက်မေးမြန်းခဲ့ရာမှာတော့ နန်းဆုက ဒါဟာ MTV ရိုက်ကူးမှုတစ်ခုလို့ ပြန်ဖြေခဲ့တာ တွေ့ရပါတယ်။ ပြီးတော့ နန်းဆုရဲ့ ဖေ့ဘုတ်မှာ သူမနဲ့ G-Fatt ရဲ့ စုံတွဲပုံလေးတွေကိုလည်း အခုချိန်ထိ မဖျက်သေးပါဘူး။ ပရိသတ်တချို့က G-Fatt ကိုသနားနေကြသလို တချို့ကတော့ နန်းဆုက ပိုချစ်ရဲ့သားနဲ့ G-Fatt ဘက်က အဆင်မပြေတာပါလို့လည်း ဆိုနေကြပါတယ်။ ဘာပဲဖြစ်ဖြစ် အရမ်းလိုက်ဖက်ညီတဲ့ သူတို့စုံတွဲလေးကို ပရိသတ်ကတော့ ပြန်ပြီး နီးစပ်စေချင်နေကြတာ အမှန်ပါပဲ။

Cele Star

Previous Post

(၄)နှစ်ကျော် တွဲလာတဲ့ ချစ်သူနိုင်ငံခြားသားနဲ့ လက်ထပ်တော့မယ်လို့ ကြေငြာလိုက်တဲ့ အမွန်း

Next Post

သရုပ်ဆောင် မေသန်းနု အလုပ်နှင့် ထောင်ဒဏ်တစ်နှစ်ချမှတ်ခံရ

Next Post

သရုပ်ဆောင် မေသန်းနု အလုပ်နှင့် ထောင်ဒဏ်တစ်နှစ်ချမှတ်ခံရ

မေသန်းနု ထောင်ဒဏ်ချမှတ်ခံရတယ်ဆိုတဲ့သတင်းကြောင့် စိတ်မကောင်းကြီးစွာဖြစ်နေတဲ့ ရန်အောင်

ပြည်တွင်းပြည်ပသတင်းများအားစုံလင်စွာဖတ်ရှု့နိုင်ပါသည်။
  • Privacy Policy

© Copyright 2018 - All rights reserved by We Love Cele

No Result
View All Result
  • ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
  • ပြည်ပသတင်း
  • အနုပညာ
  • အားကစား

© Copyright 2018 - All rights reserved by We Love Cele

error: Content is protected !!