သရုပ်ဆောင်နန္ဒာလှိုင်ကတော့ ဒီနှစ်သစ်လေးမှာ အံ့သြထူးခြားမှုတွေပဲ ဆက်တိုက်ဖြစ်နေတော့တာပါပဲနော်။ ဘာလို့လည်းဆိုတော့ သူမအနေနဲ့ ဒီ ၂၀၂၀ မှာ သီရိသုဓမ္မသိင်္ဂီဘွဲ့ကြီး ရရှိခဲ့တာဖြစ်သလို အခုလည်း အမေစုဆီက ထူးထူးခြားခြား လက်ဆောင်လေးတစ်ခုကို နှစ်သစ်ကူးလက်ဆောင်အနေနဲ့ ရရှိခဲ့တာပဲ ဖြစ်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ရဲ့ လက်မှတ်ရေးထိုးထားတဲ့ နှစ်သစ် Greeting ကတ်လေးပါဝင်တဲ့ ကိတ်မုန့်လေးကတော့ ဒေါင်းပုံကိတ်လေးပဲဖြစ်ပါတယ်။ ဒီလက်ဆောင်ကို သူမနဲ့သူမခင်ပွန်း ရဲ့ နာမည်နဲ့ ရောက်ရှိလာခဲ့တာဖြစ်တယ်လို့ နန္ဒာလှိုင်က ပြသခဲ့တာပါ။
သရုပ်ဆောင်နန္ဒာလှိုင်ဟာ ခင်ပွန်းဖြစ်သူ ဇေသီဟနဲ့ အိမ်ထောင်ကျပြီးနောက်ပိုင်းမှာ အနုပညာလှုပ်ရှားမှုတွေ သိပ်မလုပ်တော့ပဲ စီးပွားရေးလုပ်ငန်းဘက်ကိုပဲ ဦးစိုက်လုပ်ကိုင်ခဲ့သူဖြစ်ပါတယ်။
လက်ရှိအချိန်မှာ ဇေဝတီလှိုင်၊ ဇေရတီလှိုင်၊ ဇေမဒီလှိုင်ဆိုတဲ့ သမီးလေး ၃ယောက်ပိုင်ဆိုင်ထားတဲ့ နန္ဒာလှိုင်ဟာ ဒူးရင်းကျွဲကောခြံလုပ်ငန်း၊ ဟိုတယ်လုပ်ငန်း၊ Missha အလှကုန်လုပ်ငန်းနဲ့ အခြားမိသားစုစီးပွားရေးလုပ်ငန်းတွေကို လုပ်ကိုင်လျှက်ရှိတာ တွေ့ရပါတယ်။
Cele Star