• ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
  • ပြည်ပသတင်း
  • အနုပညာ
  • အားကစား
Tuesday, March 2, 2021
No Result
View All Result

တစ်နှစ်အတွင်း တိုးတက်ပြောင်းလဲသွားတဲ့ သူမရဲ့ အမိုက်စားရုံးခန်းအသစ်ကြီးကို ပြလိုက်တဲ့ နေခြည်ဦး

We Love Cele by We Love Cele
January 4, 2020
in အနုပညာ
0

သရုပ်ဆောင် နေခြည်ဦးက သူမရဲ့ အမိုက်စား ရုံးခန်းအသစ်ကြီးကို ပြသလိုက်ပါတယ်။

Image may contain: 3 people

တစ်နှစ်ထက်တစ်နှစ်အမြဲတမ်း Changes လုပ်ရတာကို ကြိုက်နှစ်သက်တဲ့ နေခြည်ဦးက သူမရဲ့ Lifestyle တွေကိုလည်း ထူးခြားစွာ ဖန်တီးနေသူတစ်ဦးပါ။ Beauty Blogger ဘဝကနေ အနုပညာရှင်ဘဝကို ရောက်ရှိလာတဲ့ နေခြည်ဦးက နာမည်ကျော် ရုပ်ရှင်မင်းသားတွေနဲ့တွဲဖက်ပြီး ဇာတ်ကားတွေ ရိုက်ကူးလာခဲ့ရပါတယ်။

နေခြည်ဦးဟာ ပွင့်လင်းရိုးသားစွာ နေထိုင်တတ်သူတစ်ဦးဖြစ်ပြီး လျို့ဝှက်မှုမရှိတဲ့ ဘဝနေထိုင်မှုမျိုးကို နှစ်သက်သူတစ်ဦးဖြစ်ပါတယ်။ သူမရဲ့ အတွေ့အကြုံတွေကိုလည်း အမြဲ Sharing လုပ်ပေးနေသူတစ်ဦးပါ။

Image may contain: 1 person, closeup

Image may contain: 1 person, standing and outdoor

ယနေ့မှာလည်း အရင်နှစ်နဲ့မတူဘဲ ပြောင်းလဲလာတဲ့ သူမရဲ့ စီးပွားရေးလုပ်ငန်းနယ်ပယ်တချို့ကို ပြသခဲ့ပါတယ်။ ၂၀၁၉ ခုနှစ်က ကွန်ဒိုတစ်ခုမှာ ဖွင့်လှစ်ခဲ့တဲ့ သူမရဲ့ ရုံးခန်းလေးဟာ အခုချိန်မှာတော့ လုံးချင်းအိမ်တစ်ခုဖြစ်နေခဲ့ပါပြီ။ ဒါဟာ သူမရဲ့ ကြိုးစားမှုရလဒ်ကြောင့်ဖြစ်ပြီး တစ်နှစ်အတွင်းမှာပဲ ယခုလို ကိုယ်ပိုင် လုံးချင်းအိမ်နေရာမှာ ရုံးခန်းဖွင့်လှစ်နိုင်ခဲ့တာပါ။

Image may contain: 3 people, people smiling, people standing and outdoor

အသက်ငယ်ရွယ်ပေမယ့် ယုံကြည်မှုအပြည့်နဲ့ လျှောက်လှမ်းနိုင်တဲ့ နေခြည်ဦးဟာ အားကျအတုယူဖို့ကောင်းတဲ့ထဲမှာ ပါဝင်နေပါတယ်။ နေခြည်ဦးရဲ့ ၂၀၁၉ ခုနှစ်နဲ့ ၂၀၂၀ ခုနှစ်အတွင်းမှာ ပြောင်းလဲသွားတဲ့ ရုံးခန်းပုံစံကို ပရိသတ်ကြီးအတွက် ယှဉ်ဖော်ပြပေးလိုက်ပါတယ်။We Love Cele

Image may contain: 3 people, people standing, shoes, sky and outdoor

Previous Post

နှစ်လ ဆက်တိုက်ထီပေါက်ခဲ့တဲ့ ဟာသသရုပ်ဆောင်ငှက်ပျောကြော်

Next Post

သူတို့အမေမရှိတုန်း ဆိုင်ကယ်သုံးစီးနဲ့ မန္တလေးမြို့ကိုပတ်ပြီး ကဲမယ်ဆိုတဲ့ ဖေဖေလင်းလင်း

Next Post

သူတို့အမေမရှိတုန်း ဆိုင်ကယ်သုံးစီးနဲ့ မန္တလေးမြို့ကိုပတ်ပြီး ကဲမယ်ဆိုတဲ့ ဖေဖေလင်းလင်း

လုပ်ဖော်ကိုင်ဖက်အချင်းချင်း စိတ်မကောင်းဖြစ်ရတယ်ဆိုတဲ့ ကျော်ထူး

ပြည်တွင်းပြည်ပသတင်းများအားစုံလင်စွာဖတ်ရှု့နိုင်ပါသည်။
  • Privacy Policy

© Copyright 2018 - All rights reserved by We Love Cele

No Result
View All Result
  • ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
  • ပြည်ပသတင်း
  • အနုပညာ
  • အားကစား

© Copyright 2018 - All rights reserved by We Love Cele

error: Content is protected !!