• ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
  • ပြည်ပသတင်း
  • အနုပညာ
  • အားကစား
Tuesday, April 13, 2021
No Result
View All Result

ဧပြီလအတွင်းမှာ မင်္ဂလာပွဲကျင်းပသွားတော့မယ့် နေဝင်းနဲ့ အိမ့်ချစ်ချောတို့စုံတွဲ

We Love Cele by We Love Cele
January 5, 2020
in အနုပညာ
0

Snare အဖွဲ့မှ အဆိုတော် နေဝင်းက New Year ဖျော်ဖြေပွဲ စင်ပေါ်မှာ သူ့ရဲ့ ချစ်သူ Travel Blogger အိမ့်ချစ်ချောကို လက်ထပ်ခွင့် တောင်းခဲ့ပြီး လူမှုကွန်ရက် ဆိုရှယ်မီဒီယာမှာ ပရိသတ်တွေရဲ့ စိတ်ဝင်စားခြင်းကို ခံနေရပါတယ်။“ကျနော် လက်ထပ်ခွင့်တောင်းမယ်လို့ စိတ်ကူးတော့ ပိုက်ဆံလည်း အကုန်အကျ သက်သာရမယ်။ အကုန်လုံးလည်း သိရမယ်။ ကျနော်ခိုးပြီး စီစဉ်နေတာ၊ ဒီဇင်ဘာ ၂၅ ရက်က ကျနော်တို့ ၁၀ နှစ် ပြည့်တာ ကျနော်လက်ဆောင်လည်း ပေးထားတော့ သူက အဲ့ဒါလေးနဲ့ ကျေနပ်နေတာ။ အခုလို လုပ်မယ် မထင်ဘူး။ အာလုံး စဉ်းစားလိုက်တော့ ကျနော်ဆိုတဲ့ စင်ပေါ်မှာ ကျနော်ပွဲဆိုခါနီး ကျနော်က ရင်တွေ ခုန်နေတာ။ စိတ်မလှုပ်ရှားနဲ့ ဆိုပြီး သူက အားပေးနေတာ”

Image may contain: 3 people, people sitting

“သူ့ကို လက်ထပ်ခွင့်တောင်းတာ သူမသိဘူး။ သူငယ်ချင်းတွေကလည်း အကုန်လုံးဝိုင်း ကူညီပေးကြပါတယ်။ အခုခေတ်က Surprise လုပ်တာလည်း ခေတ်စားနေတယ်။ ကျနော်ကလည်း မလုပ်တတ်ဘူး။ ဒီလိုလက်ထပ်ခွင့်တောင်းက မိန်းကလေးတွေအတွက်လည်း အရေးကြီးတယ်လို့ ကျနော်လည်း ထင်တာပေါ့။ အဲ့ဒါကြောင့် လက်ထပ်ခွင့်ကို ထူးထူးခြားခြားလေး လုပ်ဖြစ်တာပါ”လို့ အဆိုတော် နေဝင်းက ပြောပါတယ်။

Image may contain: 5 people, people smiling, people sitting

ဆက်လက်ပြီး နေဝင်းက မင်္ဂလာပွဲကိုတော့ ၂၀၂၀ ခုနှစ်ထဲမှာပဲ ၄ လပိုင်းလောက် လုပ်ဖြစ်ဖို့ ရည်ရွယ်ထားတယ်လို့ ဆိုပါတယ်။“ကျနော်တို့ ၂၀၂၀၊ ၄ လပိုင်းလောက်တော့ မင်္ဂလာပွဲလုပ်ဖြစ်ဖို့ ရှိပါတယ်။ ရက်တော့ မရွေးရသေးဘူး။ အတွဲတွေကို ပြောချင်တာက ယောက်ျားလေးကတော့ လျှော့ပေးလိုက်ပါ။ စိတ်တူဖို့ လိုတယ်။ နားလည်မှုတွေလိုတယ်။ မရနိုင်ဘူးဆိုရင်လည်း မတတ်နိုင်ဘူးပေါ့။ ရနိုင်မယ်ထင်ရင်တော့ လျှော့ပေးလိုက်ပါ။ ရန်ဖြစ်ပြီဆိုရင်တော့ လူတိုင်းက စကားလုံးက ပြင်းထန်တာပေါ့။ အဲ့ဒါလေးတွေတော့ သည်းခံပေးဖို့လိုတယ်”လို့ နေဝင်းက ပြောပါတယ်။

Image may contain: 1 person, smiling, standing and night

အခုလို လက်ထပ်ခွင့်တောင်းခံရတဲ့အတွက် အရမ်းပျော်သလို၊ အမှတ်တရလည်း ဖြစ်တယ်လို့ နေဝင်းရဲ့ ချစ်သူ အိမ့်ချစ်ချောက ဆိုပါတယ်။“ညီမ ထင်ထားဘူး။ “သူမနဲ့ အိပ်မက်”ကို ဆိုဖို့ ပရိသတ်ကို စကားပြောတယ် ထင်တာ။ နောက် စိုင်းစိုင်းက လာခေါ်တော့ မလိုက်ဘူးပြောတာ စိုင်းက အတင်းဆွဲခေါ်သွားတာ။ ရင်တွေ အရမ်းခုန်နေတယ်။ စင်ပေါ်မတက်ရဲဘူး။ ရင်ထဲမှာစို့နေတာ ငိုလို့ကို မရဘူး။ အရမ်းလည်း ပျော်ရတယ်။ အမှတ်တရလည်း ဖြစ်တယ်”

Image may contain: 1 person

“ယုံကြည်မှုကတော့ ၁၀ နှစ် ဖြတ်သန်းပြီးသားဆိုတော့ ပြောစရာ မလိုဘူးပေါ့။ လက်ထပ်ခွင့်တောင်းမယ်တော့ မထင်ထားဘူး။ မင်္ဂလာဆောင်မှာတော့ တိုင်ပင်ထားတယ်။ အခုလိုတောင်းတော့ အရမ်းပျော်ရတယ်။ သူ့ကိုလည်း ကျေးဇူးတင်တယ်။ မိန်းကလေးတွေကလည်း အားကျတယ် ကံကောင်းတယ်ပြောကြတော့ ဝမ်းသာတယ်”လို့ အိမ့်ချစ်ချောက ပြောပါတယ်။

Image may contain: 1 person, standing

ဆက်လက်ပြီး အိမ့်ချစ်ချောက အခုလို လုပ်ပေးတဲ့အတွက် မိဘကလည်း ဝမ်းသာပေးသလို ချစ်သူ နေဝင်းအပေါ် နားလည် သည်းခံမှုတွေနဲ့ လက်တွဲခဲ့တဲ့အကြောင်း အခုလိုပဲ ပြောပါတယ်။ “အဖေနဲ့ အမေလည်း ဝမ်းသာတယ်။ သူတို့ သမီးလေးကို ဒီလိုလေးလုပ်ပေးတော့ ကံကောင်းတယ်လို့ ပြောရမယ်။ ကိုနေဝင်းက လွန်ခဲ့တဲ့ ၁ဝ နှစ်တုန်းကဆို အရမ်းဆိုးတယ်။ ဆေးလိပ်တွေလည်း အရမ်းသောက်တယ်။ အရက်တွေလည်း အရမ်းသောက်တယ်။ ညဆို အရက်ဆိုင် လိုက်ထိုင်ရတယ်။ အိမ်က အမေဆိုလည်းပြောတယ်။ အဖေဆိုလည်း ဆူတယ်။ အတိုက်အခံတွေကြားကနေ တဖြည်းဖြည်း သူ့ကို နားချရတယ်”

Image may contain: 2 people, people smiling, child and closeup

“သူလိမ္မာလာတော့ ချော ရွေးချယ်မှု မှန်ကန်ခဲ့တာပေါ့။ မိန်းကလေးတွေကို ပြောချင်တာက ကိုယ်တကယ်ချစ်ရင် ဆိုးတဲ့အချိန်မှာလည်း နားလည်ပေးရမယ်။ ဘာဖြစ်ဖြစ် လက်တွဲမယ်ဆိုရင်တော့ သည်းခံသင့်တာ သည်းခံ၊ အချိန်တခုကို စောင့်ပေးသင့်တာ စောင့်ပေးလို့ ပြောချင်ပါတယ်”လို့ အိမ့်ချစ်ချောက ပြောပါတယ်။ အဆိုတော် နေဝင်းနဲ့ အိမ့်ချစ်ချောတို့ရဲ့ ချစ်သူသက်တမ်းကတော့ ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာ ၂၅ ရက်နေ့က ၁၀ နှစ်ပြည့်ပြီးပြီ ဖြစ်ပါတယ်။ နေဝင်းကိုတော့ Snare အဖွဲ့ဝင် အဆိုတော် တယောက်အဖြစ် ပရိသတ်တွေ စတင်သိရှိခဲ့တာပါ။ နေဝင်းက စီးပွားရေးအနေနဲ့ O.M.G Fashion Brand တွေ ထုတ်နေသလို ချစ်သူ အိမ့်ချစ်ချောကလည်း Travel Blogger အနေနဲ့ လုပ်ကိုင်နေပါတယ်။

Image may contain: 2 people, people smiling, people sitting and christmas tree

ဧရာဝတီ

Previous Post

ခရီးသွားရင် ပျော်နေတတ်တဲ့ သားလေးအကြောင်းပြောလာတဲ့ ပိုးအိအိခန့်

Next Post

နှစ်သစ်ကို ချစ်ရသူနဲ့အတူ အမေရိကားမှာ ဖြတ်သန်းခဲ့တဲ့ စိုးမြတ်နန္ဒာ

Next Post

နှစ်သစ်ကို ချစ်ရသူနဲ့အတူ အမေရိကားမှာ ဖြတ်သန်းခဲ့တဲ့ စိုးမြတ်နန္ဒာ

သူ့ရဲ့ Crush လေး ပန်းရောင်ခြယ်အကြောင်းတွေ တစ်သီကြီးပြောပြခဲ့တဲ့ ဆုပန်ထွာရဲ့သားလေး Roar Roar

ပြည်တွင်းပြည်ပသတင်းများအားစုံလင်စွာဖတ်ရှု့နိုင်ပါသည်။
  • Privacy Policy

© Copyright 2018 - All rights reserved by We Love Cele

No Result
View All Result
  • ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
  • ပြည်ပသတင်း
  • အနုပညာ
  • အားကစား

© Copyright 2018 - All rights reserved by We Love Cele

error: Content is protected !!