သရုပ်ဆောင် ရတနာခင်က သူမတို့မိသားစုရဲ့ ရှင်ပြုအလှူတော်မင်္ဂလာပွဲကြီးကို ခြိမ့်ခြိမ့်သဲကျင်းပခဲ့ပါတယ်။
သား (၃) ယောက်နဲ့အတူ ပျော်ရွှင်ဖို့ကောင်းတဲ့ မိသားစုကို ပိုင်ဆိုင်ထားခဲ့တာဖြစ်ပါတယ်။ ရတနာခင်ဟာ တချိန်တုန်းက အနုပညာအလုပ်တွေနဲ့အတူ ပရိသတ်တွေရဲ့ အသိအမှတ်ပြုချစ်ခင်ခြင်းကို ရရှိခဲ့တာပါ။ မိသားစုဘဝလေးကို တည်ထောင်ပြီးချိန်မှာတော့ အနုပညာအလုပ်တွေကို ရပ်တန့်ပြီး ရွှေအာဟာရစားဖွယ်စုံဆိုတဲ့ စားသောက်ဆိုင်ခွဲတွေကို ဖွင့်လှစ်ရောင်းချခဲ့တာဖြစ်ပါတယ်။
ရတနာခင်တို့ မိသားစုဟာ အလှူအတန်းတွေလည်း စဉ်ဆက်မပြတ်ပြုလုပ်နေတာတွေ့ရပြီး လွန်ခဲ့တဲ့ ၁၀ လပိုင်းကလည်း ခင်ပွန်းဖြစ်သူရဲ့ ကျောက်မြတ်ရတနာဆိုင်ကဦးစီးပြီး သာသနာ့ဓမ္မဗိမာန်တော် အလှူပွဲကို ကျင်းပပြုလုပ်ခဲ့ပါသေးတယ်။
၂၀၂၀ ပြည့်နှစ်ရဲ့ နှစ်သစ်မှာတော့ ရတနာခင်က သူမရဲ့ သားရတနာ (၃) ယောက်ရဲ့ အလှူတော်မင်္ဂလာပွဲကြီးကို ဆီဒိုးနားဟိုတယ်မှာ ခြိမ့်ခြိမ့်သဲကျင်းပပြုလုပ်ခဲ့တာဖြစ်ပါတယ်။
အနုပညာရှင်တွေများစွာလည်း တက်ရောက်ခဲ့ကြတာတွေ့ရပြီးတော့ ရတနာခင်တို့မိသားစုရဲ့ ရှင်ပြု နားသ အလှူတော်မင်္ဂလာပွဲပုံရိပ်အချို့ကိုဖော်ပြပေးလိုက်ပါတယ်။
Cele Star