နန်းစုရတီစိုးနဲ့လမ်းခွဲခဲ့ပေမဲ့လည်း သတိရစရာတွေတော့ရှိနေသေးတယ်လို့ အဆိုတော် G-Fatt က ပြောပါတယ်။ ရန်ကုန်မြို့က Craft café မှာဒီဇင်ဘာလ ၃၁ ရက်ကကျင်းပခဲ့တဲ့၎င်းရဲ့ပရိသတ်တွေ့ဆုံပွဲမှာ အခုလိုပြောကြားခဲ့တာပါ။
“တစ်ခါတလေတော့လည်း သတိရမှာတွေရှိနေပါသေးတယ်။ ဒါပေမဲ့လည်းတချို့အရာတွေက အရမ်းမေ့လိုက်လို့လည်းမရသလို နီးနီးလေးမှာနေရတာပဲပိုပြီးကောင်းပါတယ်။” လို့ G-Fatt က ပြောပါတယ်။
ဒါပေမဲ့ လက်ရှိမှာတစ်ယောက်နဲ့တစ်ယောက်သူငယ်ချင်းအဖြစ်တောင်ဆက်ရှိနေရမယ့် အခြေအနေမျိုးမဟုတ်တဲ့အတွက်ကြောင့် အဆက်အသွယ်လည်းမလုပ်တော့ဘူးလို့လည်း ပြောကြားခဲ့ပါတယ်။
အဆိုတော် G- Fatt နဲ့နန်းစုရတီစိုးတို့ဟာ အတူနီးစပ်ခဲ့ဖူးကြသလို သီချင်းများစွာကိုလည်း အတူဖန်တီးသီဆိုခဲ့ကြပါသေးတယ်။
အကုန်သိ