• ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
  • ပြည်ပသတင်း
  • အနုပညာ
  • အားကစား
Monday, March 1, 2021
No Result
View All Result

ရက်ပေါင်း ၁၈၀အတွင်း အပြီးသတ်စစ်ဆေးသွားမယ့် မိုးအောင်ရင် အမှု

We Love Cele by We Love Cele
January 7, 2020
in အနုပညာ
0

ရည်းစားဟောင်းဖြစ်သူက ကာမလိမ်လည်ရယူမှု ပုဒ်မ(၄၁၇)နဲ့ တရားစွဲဆိုခံထားရတဲ့ သရုပ်ဆောင် မိုးအောင်ရင်ရဲ့ အမှုကိုတော့ ရက်ပေါင်း ၁၈၀ အတွင်းမှာ အပြီးသတ် စစ်ဆေးသွားမယ်လို့ သိရပါတယ်။

Image may contain: 1 person, smiling, child, outdoor and water

မိုးအောင်ရင်ကတော့ ဒီနေ့(ဇန်နဝါရီလ ၇ရက်) မှာပြုလုပ်တဲ့ ရုံးချိန်းကို တက်ရောက်လာခဲ့ပါတယ်။ သူ့ရဲ့ အမှုနဲ့ပတ်သက်ပြီး ရန်ကင်းတရားရုံးမှ ပြန်ကြားရေးအရာရှိက ယခုလို ပြောပြခဲ့ပါတယ်။

Image may contain: 1 person, smiling, outdoor

” ဒီနေ့ရုံးချိန်မှာတော့ မူခင်းစီမံခန့်ခွဲမှု အစည်းအဝေးလုပ်ခဲ့ပါတယ်။ ရိုးရှင်းတဲ့အမှုလို့ သတ်မှတ်ပြီးတော့ ရက်ပေါင်း ၁၈၀ အတွင်းအပြီးစစ်ဆေးသွားမှာဖြစ်ပါတယ်။ အမှုကို စတင်စစ်ဆေးမယ့်ရက်ကတော့ ၂၉ ရက် ၁ လ ၂၀၂၀ ခုနှစ်မှာ စစ်ဆေးမှာဖြစ်ပြီးတော့ ပြီးဆုံးမယ့် နေ့ကိုတော့ ၂၂ ရက် ၄ လ ၂၀၂၀ လို့ အခု သတ်မှတ်ထားပါတယ်” ဆိုပြီးတော့ မီဒီယာ အင်တာဗျူးတွေမှာ ဖြေဆိုခဲ့ပါတယ်။

Image may contain: 1 person, smiling, standing and outdoor

သရုပ်ဆောင် မိုးအောင်ရင်ကို ရည်းစားဟောင်းက ရန်ကင်းမြို့နယ်တရားရုံးမှာ ကာမလိမ်လည်မှုနဲ့ ဦးတိုက်လျှောက်ထားပြီး တရားစွဲဆိုထားတာ ဖြစ်ပါတယ်။ ကာမလိမ်လည်ရယူမှု ပုဒ်မ(၄၁၇)နဲ့ တရားစွဲဆိုခံထားရတဲ့ သရုပ်ဆောင် မိုးအောင်ရင်ကတော့ ဒီဇင်ဘာ၁၃ရက်နေ့က ပြုလုပ်တဲ့ ရုံးချိန်းမှာ သိန်း(၁၀၀)နဲ့ အာမခံရခဲ့တာဖြစ်ပါတယ်။

Image may contain: 1 person, standing and outdoor

မိုးအောင်ရင်ဟာ ချစ်သူကောင်မလေးနဲ့ လမ်းခွဲလိုက်ပြီဖြစ်ကြောင်း အွန်လိုင်းမီဒီယာတစ်ခုမှာ အင်တာဗျူးပြီးနောက်ပိုင်း ယခုလို တရားစွဲဆိုခြင်း ခံရတာလည်း ဖြစ်ပါတယ်။ သရုပ်ဆောင် မိုးအောင်ရင်ကို တရားစွဲဆိုထားတဲ့ ပုဒ်မ ၄၁၇ဟာ လိမ်လည်မှုပုဒ်မဖြစ်ပြီး ထောင်ဒဏ်သုံးနှစ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရနိုင်သည်ဟု ရာဇသတ်ကြီး ဥပဒေမှာ ပြဌာန်းထားကြောင်း သိရပါတယ်။

ဆယ်လီရပ်ကွက်

Previous Post

တစ်ဦးတည်းသောသူရဲ့ မွေးနေ့လေးမှာ တစ်သက်မှာတစ်ခါသာရနိုင်တဲ့ အရာအားလုံးကို လှူဒါန်းခဲ့တဲ့ မုဏ်း

Next Post

America’s Got Talent ရဲ့စင်မြင့်ထက်မှာ အစွမ်းပြခဲ့ကြတဲ့ မြန်မာကိုယ်စားပြု Junior Creative အဖွဲ့

Next Post

America’s Got Talent ရဲ့စင်မြင့်ထက်မှာ အစွမ်းပြခဲ့ကြတဲ့ မြန်မာကိုယ်စားပြု Junior Creative အဖွဲ့

သားငယ်လေး ချစ်ချစ်တုန်ရဲ့ လည်လွန်း တတ်လွန်းပုံတွေပြောပြလာတဲ့ R ဇာနည်နဲ့ဝမ်း

ပြည်တွင်းပြည်ပသတင်းများအားစုံလင်စွာဖတ်ရှု့နိုင်ပါသည်။
  • Privacy Policy

© Copyright 2018 - All rights reserved by We Love Cele

No Result
View All Result
  • ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
  • ပြည်ပသတင်း
  • အနုပညာ
  • အားကစား

© Copyright 2018 - All rights reserved by We Love Cele

error: Content is protected !!