• ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
  • ပြည်ပသတင်း
  • အနုပညာ
  • အားကစား
Friday, August 5, 2022
No Result
View All Result

America’s Got Talent ရဲ့စင်မြင့်ထက်မှာ အစွမ်းပြခဲ့ကြတဲ့ မြန်မာကိုယ်စားပြု Junior Creative အဖွဲ့

We Love Cele by We Love Cele
January 7, 2020
in အနုပညာ
0

ထူးခြားတဲ့ Shadow Dance နဲ့ ဖန်တီးမှုကောင်းကောင်း အဖွဲ့လိုက်သရုပ်ဖော်တင် ဆက်ခဲ့ကြတဲ့ Junior Creative အဖွဲ့ဟာ America’s Got Talent မှာ မြန်မာနိုင်ငံ ကိုယ်စားပြုအနေနဲ့ သွားရောက်ယှဉ်ပြိုင်ခဲ့ကြပါတယ်။

Image may contain: 15 people, people smiling, text

America’s Got Talent က ပြုလုပ်တဲ့ The Champions Season 2 မှာ သူတို့အဖွဲ့ ပါဝင်ယှဉ်ပြိုင်ဖို့ ဖိတ်ခေါ်ခံခဲ့ရတာဖြစ်ပြီး ဒါဟာ တခြား Talent တွေမှာ အနိုင်ရခဲ့သူတွေ Finalist တွေ ဝင်ရောက်ယှဉ်ပြိုင်ရတဲ့ ပွဲတခု ဖြစ်ပါတယ်။

Image may contain: one or more people and people standing

Junior Creative အဖွဲ့ဟာ ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ်က ကျင်းပခဲ့တဲ့ Myanmar’s Got Talent 2018 ရဲ့ နောက်ဆုံးဖိုင်နယ်ပွဲစဉ်မှာ သက်ငယ်မုဒိမ်းမှုပပျောက်ရေး (Stop Child Sexual Abuse) အတွက် Shadow Dance နဲ့ ဖန်တီးမှုကောင်းကောင်းနဲ့ အဖွဲ့လိုက်သရုပ်ဖော်တင်ဆက်ခဲ့ကြပြီး Winner ဆုကို ရရှိထားခဲ့တာပါ။

Image may contain: 15 people, people smiling

ဒီပြိုင်ပွဲမှာ ဒါရိုက်တာ မောင်သီ၊ ဝါရင့်အမျိုးသမီးသရုပ်ဆောင် မို့မို့မြင့်အောင်၊ သရုပ်ဆောင် အဆိုတော်တဦးဖြစ်တဲ့ ချစ်သုဝေတို့နဲ့အတူ အစီအစဉ်တင်ဆက်သူတဦးဖြစ်တဲ့ မောင်မောင်အေး တို့က ဒိုင်တွေအဖြစ် ပါဝင်ခဲ့ကြတာ ဖြစ်ပါတယ်။

Image may contain: 6 people, people smiling

ခုတဖန် The Champions Season 2 မှာတော့ သူတို့အဖွဲ့က ငြိမ်းငြိမ်းချမ်းချမ်း နေနေရတဲ့ မိသားစုလေးတစုက ပဋိပက္ခတွေ၊ စစ်ပွဲတွေကြောင့် သားသမီးတွေ မိဘတွေနဲ့ ကွဲကွာခဲ့ရ၊ မောင်နှမသားချင်းတွေ ဝေးကွာခဲ့ရပြီး ကြီးပြင်းလာတဲ့အခါ သူမခံစားခဲ့ရသလို ကြုံတွေ့နေတဲ့ တခြားသူတွေအပေါ် စာနာနားလည်ပြီး အပြန်အလှန် ကူညီရိုင်းပင်းနေတဲ့ ကောင်မလေး တယောက်ရဲ့ ဘဝဇာတ်ကြောင်းလေးကို ပုံဖော်ကပြခဲ့ကြတာ ဖြစ်ပါတယ်။

Image may contain: 3 people, people smiling

Junior Creative အဖွဲ့ရဲ့ ဖေ့စ်ဘွတ်ခ်စာမျက်နှာပေါ်မှာတော့ ခုလိုရေးသားဖော်ပြ ထားခဲ့တာပါ။“အားလုံးရဲ့ support တွေနဲ့ ဆုတောင်းမေတ္တာတွေကြောင့် Junior Creative ရဲ့ America’s Got Talent the Champions Season 2 ခရီးစဉ်ကြီးက ကွာတားဖိုင်နယ်မှာ တင်ပဲ အဆင်ပြေပြေနဲ့ ပြီးဆုံးခဲ့ပါပြီ။ ဘာပဲဖြစ်ဖြစ် Judge တွေ၊ အထူးသဖြင့် Simon ဆီ က comment ကောင်းကြားခဲ့ရလို့ကျေနပ်စရာ result တစ်ခုရခဲ့သလို support ပေးတဲ့ artist တွေကအစ ပရိသတ်တယောက်ချင်းစီတိုင်းကိုအဆုံး ရင်ထဲကနေ လှိုက်လှိုက်လှဲလှဲကျေးဇူးတင်ပါကြောင်း၊ မြန်မာကို Got Talent မြေပုံပေါ်တင်ခဲ့နိုင်ပြီဖြစ်ပါကြောင်း အသိပေးရင်း ဂုဏ်ယူမိပါတယ်”

ဒီဗွီဘီ

Previous Post

ရက်ပေါင်း ၁၈၀အတွင်း အပြီးသတ်စစ်ဆေးသွားမယ့် မိုးအောင်ရင် အမှု

Next Post

သားငယ်လေး ချစ်ချစ်တုန်ရဲ့ လည်လွန်း တတ်လွန်းပုံတွေပြောပြလာတဲ့ R ဇာနည်နဲ့ဝမ်း

Next Post

သားငယ်လေး ချစ်ချစ်တုန်ရဲ့ လည်လွန်း တတ်လွန်းပုံတွေပြောပြလာတဲ့ R ဇာနည်နဲ့ဝမ်း

ဗိုလ်ချုပ်ပုံပါ တစ်ထောင်တန်နဲ့ ပက်သတ်ပြီး စိတ်အလိုမကျဖြစ်မှုကိုပြောပြလာတဲ့ ယုန်လေး

ပြည်တွင်းပြည်ပသတင်းများအားစုံလင်စွာဖတ်ရှု့နိုင်ပါသည်။
  • Privacy Policy

© Copyright 2018 - All rights reserved by We Love Cele

No Result
View All Result
  • ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
  • ပြည်ပသတင်း
  • အနုပညာ
  • အားကစား

© Copyright 2018 - All rights reserved by We Love Cele

error: Content is protected !!