မိန်းကလေး ပရိသတ်တွေ သည်းသည်းလှုပ် ချစ်ခင်အားပေးကြတဲ့ မင်းသားချော ထူးအောင်က ဇာတ်လမ်းတွဲတွေနဲ့ ရုပ်ရှင်ဇာတ်ကားကြီးတွေမှာ သရုပ်ဆောင်ရင်း ပရိသတ် အားပေးမှုကို ရရှိထားသူပါ။ ထူးအောင်က ရုပ်ရည်ချောမောရုံသာမက အရည်အချင်းလည်းရှိတဲ့ မင်းသားတစ်လက်မို့ အနုပဘာလောကမှာ နေရာတစ်နေရာ အခိုင်အမာ ရရှိနေတာ ဖြစ်ပါတယ်။ ဒါ့အပြင် ထူးအောင်က သူ့ရဲ့ကိုယ်ပိုင် အားကစားလေ့ကျင့်ရေးခန်းမကြီးလည်း ဖွင့်လှစ်ထားတာ ဖြစ်ပါတယ်။
ရုပ်ရည်ချောမောသလို စိတ်ထားလေးလည်း ပြည့်စုံကောင်းမွန်တဲ့ ထူးအောင်က ဒီတစ်ခေါက်မှာလည်း သူကိုယ်တိုင်ဦးစီးပြီး အနုပညာရှင်များကို အလှူငွေတွေကောက်ခံကာ မဟာပညာဗိမာန်ပရဟိတကျောင်းကို သိန်းနှစ်ဆယ်၊ ကိုးသောင်းနဲ့ တစ်ထောင်ကျပ်တိတိကို လှူဒါန်းခဲ့ပါတယ်။
ထူးအောင်က သူ့ရဲ့ ကောင်းမှုအလှူလေးကို “နို့ဆီနဲ့သကြားစားမိလို့မိဘတွေရိုက်နှက်ခံရပြီးဆေးရုံတက်ခဲ့ရတဲ့ကလေး။ သူ့အကြောင်းကိုFBမှာတွေ့ပြီးတစ်ခုခုကူညီပေးချင်တာနဲ့စုံစမ်းပြီးသွားရောက်လှူဒါန်းခဲ့တယ်။ တခြားကလေးငယ်တွေကိုလဲ မုန့်တွေ၊အရုပ်တွေနဲ့အလှူငွေတွေလှူဒါန်းခဲ့တယ်။ ”
“လိုအပ်သောအကူအညီပေးသောတစ်ဦးတစ်ယောက်ချင်းဆီကိုရင်ထဲကကျေးဇူးအများကြီးတင်ပါတယ်ဗျ။ နောင်လည်း အများအကျိုးသယ်ပိုးသောလူတစ်ယောက်ဖြစ်ရပါစေ။🙏🙏🙏” ဆိုပြီး ပီတိဖြစ်စွာ ပြောထားပါတယ်။
ထူးအောင်ကတော့ အမှန်တကယ်လိုအပ်နေတဲ့သူများကို သူတတ်နိုင်သလောက် လှူဒါန်းမှုများ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း ထူးအောင်နဲ့ အနုပညာရှင်များရဲ့ ကောင်းမှုလေးကို သာဓုခေါ်ပေးကြဦးနော်။
မိုမိုလေး