• ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
  • ပြည်ပသတင်း
  • အနုပညာ
  • အားကစား
Monday, August 8, 2022
No Result
View All Result

သင်ဇာနဲ့သွားဖို့ စီစဉ်ထားတဲ့ ဥရောပခရီးစဉ် ပျက်သွားလို့ နစ်နာမှုတွေ ရှိခဲ့တဲ့ တိုင်ရွန်

We Love Cele by We Love Cele
January 8, 2020
in အနုပညာ
0

တိုင်ရွန်ဟာ Europe ခရီးစဉ်မှာ ပါဝင်ဖို့အတွက် ငြင်းဆိုလိုက်ရတဲ့ အလုပ်တွေ ရှိခဲ့တယ်လို့ သိရပါတယ်။ အခုတော့ ဒီခရီးစဉ်ပြတ်သွားတာကြောင့် နစ်နာဆုံးရှုံးမှုတွေ အများကြီးပဲလို့ ဆိုပါတယ်။

Image may contain: 4 people, people smiling, people standing

တိုင်ရွန်ကတော့ Europe ခရီးစဉ်မှာ ပါဝင်ဖို့ လက်ခံလိုက်တဲ့ အချိန်မှာ တစ်ဖက်မှာရိုက်ကူးနေတဲ့ “တစစ်တမက်” ရုပ်ရှင်ဇာတ်ကားအတွက် ဇာတ်ဝင်ခန်းတွေ ရိုက်ကူးဖို့ အချိန်တွေ နစ်နာသွားခဲ့ရတယ်လို့ ဆိုပါတယ်။ သူ့အတွက် နစ်နာမှုတွေရှိခဲ့တယ်လို့ မီဒီယာ အင်တာဗျူးတွေမှာ ဖြေဆိုခဲ့ပါတယ်။

Image may contain: 3 people, people standing

“ ကျွန်တော်က အခုဆိုရင် မောင်ဖေခင် ကာရိုက်တာကို ၂ ပိုင်းစလုံးရိုက်ရမှာပေါ့နော်။ ကျွန်တော်လည်း ခေါင်းဆောင်ဖြစ်နေတော့ ခရီးစဉ်ကို လိုက်ချင်လွန်းလို့ ပထမ တစ်ပိုင်းပဲ လက်ခံပြီးတော့ နောက်တစ်ပိုင်းကို မရိုက်ဘူးဆိုပြီးတော့ အကန်ကြီး ငြင်းလွှတ်လိုက်ပြီးတော့ ဒီလိုမျိုးဖြစ်သွားတာပေါ့နော်။ မသင်ဇာက လမ်း လုံးဝ မလျှောက်နိုင်တော့ ခရီးစဉ်ဖျက်လိုက်ရတာပါ” လို့ ဆိုပါတယ်။

Image may contain: 1 person, standing and outdoor

တိုင်ရွန်ဟာ “The Travellers” အစီအစဉ်မှာ ပါဝင်ဖို့ ကမ်းလှမ်းခံထားရတာဖြစ်ပြီး ဒီခရီးစဉ်မှာ စိတ်ဝင်စားစရာတွေ ရှိလာဖို့ မျှော်လင့်တယ်ဆိုတာကိုလည်း မီဒီယာ အင်တာဗျူးတွေမှာ ဖြေဆိုခဲ့ဖူးပါတယ်။ Europe ခရီးစဉ်ကို လည်း ၂၀၂၀ ခုနှစ် ဇန်နဝါရီလအတွင်းမှာ စတင်မယ်လို့လည်း သိရပါတယ်။ ဒီခရီးစဉ်ကိုတော့ Passionate Traveller ကုမ္မဏီက စီစဉ်ရိုက်ကူးတာဖြစ်ပြီး ဥရောပနိုင်ငံတွေထဲကမှ Turkey ၊ Georgia ၊ Armenia ၊ Azerbaijan စတဲ့ နေရာတွေကို သွားရောက်လည်ပတ်မယ်လို့ သိရပါတယ်။ ဒီအစီအစဉ်ကိုလည်း Mntv ရုပ်သံလိုင်းမှာ ထုတ်လွှင့်ပြသသွားမယ်လို့ သိရပါတယ်။

Image may contain: 7 people, people smiling, people standing and indoor

လက်ရှိမှာတော့ တိုင်ရွန်ဟာ Europe ခရီးစဉ်ကို မသွားဖြစ်တော့တာကြောင့် အနုပညာနဲ့ပတ်သက်ပြီး လှုပ်ရှားမှုတွေ သိပ်မသေးဘူးလို့ သိရပါတယ်။ ခရီးစဉ်ကြောင့် ငြင်းဆိုခဲ့ရတဲ့ အလုပ်တွေလည်း ရှိခဲ့သေးတယ်ဆိုပြီးတော့ ဇန်နဝါရီလ ၆ ရက်နေ့က မိုက်မဲချစ် ရုပ်ရှင်ဇာတ်ကား အထူးပြပွဲကို တက်ရောက်ရင်း ဖြေဆိုခဲ့တာပါ။

Image may contain: 2 people

“ လောလောဆယ်တော့ အနုပညာလှုပ်ရှားမှုတွေ မရှိသေးပါဘူး။ စီစဉ်ထားပြီးသား အရာတွေ အကုန်လုံးက ပျက်သွားပြီလေ။ အဓိက က ကျွန်တော်နဲ့သူနဲ့ ကုမ္ပဏီကနေပြီးတော့ စပွန်ဆာတောင်းထားတာတွေ အများကြီးရှိတယ်ဆိုတော့ သူနဲ့ ကျွန်တော်နှစ်ယောက်ကို ပေးထားတာဖြစ်တဲ့အတွက် မသင်ဇာက မလိုက်တဲ့အခါကျတော့ ကုမ္ပဏီဘက်တွေနဲ့ စကားပြောစရာတွေ အများကြီးဖြစ်လာတယ်။ အဲဒါတွေကို ခေါင်းမစားချင်တော့လို့ ကျွန်တော်လည်း မသွားချင်တော့ဘူးဆိုပြီးတော့ နားလိုက်တာပါ” လို့ သူကပြောပါတယ်။

Image may contain: 2 people, people smiling, people standing

တိုင်ရွန်ဟာ ပရိသတ်တွေအတွက် စံပြတစ်ယောက်ဖြစ်အောင် အကောင်းဆုံး ကြိုးစားပြီး နေထိုင်တယ်လို့ ဆိုပါတယ်။ သူ့အနေနဲ့အနုပညာရှင်တစ်ယောက်ဖြစ်တဲ့အတွက် ရှေ့ဆက်ပြီးတော့လည်း အနုပညာအလုပ်တွေနဲ့ အတူ ပရဟိတအလုပ်တွေကိုလည်း စွမ်းစွမ်းတမံ ဆောင်ရွက်သွားမယ်လို့ အင်တာဗျူးမှာ ဖြေဆိုခဲ့ဖူးပါတယ်။သူဟာ အနုပညာလောကထဲကို Model တစ်ယောက်အနေနဲ့ စတင်ဝင်ရောက်လာခဲ့တာဖြစ်ပါတယ်။ အခုချိန်မှာတော့ အောင်မြင်တဲ့လူငယ် အနုပညာရှင်တစ်ယောက်ဖြစ်လို့ နေပါပြီ။ သရုပ်ဆောင်အလုပ်နဲ့ ပတ်သက်လို့တော့ အောက်ခြေသိမ်းကစပြီး ကြိုးစားလာတဲ့ လူငယ်အနုပညာရှင် တစ်ယောက်ဖြစ်ပါတယ်။

Image may contain: 1 person, phone, shoes, hat and indoor

ဆယ်လီရပ်ကွက်

Previous Post

ကိုရီးယားရုပ်ရှင်တွေထဲက နာမည်ကြီးတဲ့ နန်းတွင်းကြီးကို အလည်အပတ်ရောက်သွားတဲ့ နီနီခင်ဇော်

Next Post

ငိုတာတောင် အမေနဲ့တူတဲ့ သစ်လေးကိုကြည့်ပြီး သဘောကျမဆုံးဖြစ်နေတဲ့ လင်းလင်း

Next Post

ငိုတာတောင် အမေနဲ့တူတဲ့ သစ်လေးကိုကြည့်ပြီး သဘောကျမဆုံးဖြစ်နေတဲ့ လင်းလင်း

လူငယ်တွေ အတုခိုးမမှားအောင် သင့်တော်တဲ့ပြစ်ဒဏ်ချမှတ်ခဲ့တာပါဆိုတဲ့ ဦးဝင်းဇော်ဦး

ပြည်တွင်းပြည်ပသတင်းများအားစုံလင်စွာဖတ်ရှု့နိုင်ပါသည်။
  • Privacy Policy

© Copyright 2018 - All rights reserved by We Love Cele

No Result
View All Result
  • ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
  • ပြည်ပသတင်း
  • အနုပညာ
  • အားကစား

© Copyright 2018 - All rights reserved by We Love Cele

error: Content is protected !!