• ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
  • ပြည်ပသတင်း
  • အနုပညာ
  • အားကစား
Tuesday, April 13, 2021
No Result
View All Result

မြန်မာငွေ ကျပ်သန်း ၅၀၀၀ နီးပါးတန်ဖိုးရှိ ကွန်ဒိုခန်းတစ်ခန်းကို ထပ်မံဝယ်ယူလိုက်ပြန်တဲ့ BTS အဖွဲ့ဝင် Jin

We Love Cele by We Love Cele
January 9, 2020
in အနုပညာ
0

နာမည်ကျော်ထိပ်တန်းအမျိုးသား Idol အဖွဲ့ဖြစ်တဲ့ BTS ရဲ့ အဖွဲ့ဝင်တစ်ယောက်ဖြစ်သူ Jin ဟာဆိုရင် တောင်ကိုရီးယားနိုင်ငံရဲ့ နာမည်ကြီးပုဂ္ဂိုလ်တွေ၊ လူကုံထံသူဌေးတွေနဲ့ ဒိတ်ဒိတ်ကြဲအနုပညာရှင်တွေသာ နေထိုင်တဲ့ ‘Hannam the Hill’ မှာ ကွန်ဒိုတိုက်ခန်းတစ်ခန်းကို ပြီးခဲ့တဲလအတော်ကြာတုန်းက ၀ယ်ယူထားခဲ့တယ်လို့ Biz.Hankook သတင်းဌာနကနေ ထုတ်ဖော်ပြခဲ့ပါတယ်။

Image result for hannam the hill bts

ဒီလိုမျိုးဝယ်ယူမှုဟာဆိုရင် Jin အနေနဲ့ ဒုတိယအကြိမ်မြောက်ဖြစ်ပြီး ဒီတစ်ခေါက်မှာလည်း သူ့ရဲ့ နာမည်အရင်းနဲ့ ၀ယ်ယူခဲ့တာဖြစ်ပါတယ်။ အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်းတစ်ခုက တာဝန်ရှိသူတစ်ယောက်ရဲ့ ပြောပြချက်အရတော့ Jin ဟာ အဲဒီတိုက်ခန်းကို ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ် အောက်တိုဘာလတုန်းက ၀ယ်ယူခဲ့တာဖြစ်ပြီး အခန်းရဲ့အကျယ်ကတော့ ၂၂၁၇ စတုရန်းပေရှိတယ်လို့ သိရပါတယ်။

Image result for hannam the hill bts

အခန်းရဲ့ တန်ဖိုးကတော့ အမေရိကန်ဒေါ်လာ ၃.၆၈ သန်းရှိပြီး မြန်မာငွေတန်ဖိုးနဲ့ဆိုရင်တော့ ကျပ်သန်း ၅၀၀၀ နီးပါးရှိတယ်လို့ သတင်းတွေမှာ ဖော်ပြထားကြတာကို တွေ့ရပါတယ်။ BTS အဖွဲ့ဝင်တွေနေထိုင်တဲ့ အဆောင်တိုက်ခန်းဟာဆိုရင်လည်း အဲဒီ ‘Hannam the Hill’ မှာပဲတည်ရှိခဲ့တာဖြစ်ကာ ငှားရမ်းစာချုပ်ကတော့ ၂၀၁၉ ခုနှစ် နိုဝင်ဘာလမှာ သက်တမ်းကုန်ဆုံးသွားခဲ့တယ်လို့ သတင်းတွေ ထွက်ရှိခဲ့ပါတယ်။ အဲဒါကြောင့် အဖွဲ့ဝင်တွေအနေနဲ့ လက်ရှိအချိန်မှာ အတူတူ မနေကြတော့ပဲ ကိုယ်ပိုင်အိမ်ခန်း၊ ကွန်ဒိုခန်းတွေ ၀ယ်ယူပြီး သီးသန့်ခွဲခြားကာ နေထိုင်ကြလိမ့်မယ်လို့ ပရိသတ်တွေက ထင်ကြေးပေး ခန့်မှန်းထားကြတာကိုလည်း တွေ့ရပါတယ်။

Related image

တကယ်တော့ Jin အနေနဲ့ အခုလိုမျိုး ကွန်ဒိုခန်းဝယ်ယူတာက ပထမဆုံးအကြိမ်မဟုတ်ပဲ ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ် နှစ်ကုန်ပိုင်းလောက်တုန်းကလည်း အဆိုပါ ‘Hannam the Hill’ မှာ အမေရိကန်ဒေါ်လာ ၁.၇ သန်းတန် ဇိမ်ခံတိုက်ခန်းတစ်ခုကို ချက်ချင်းငွေပေးချေပြီး ၀ယ်ယူခဲ့ပါသေးတယ်။ ဒါကြောင့် ဒီတစ်ခေါက်ဝယ်လိုက်တဲ့ ကွန်ဒိုတိုက်ခန်းကတော့ သူ့ရဲ့မိဘတွေအတွက် ဖြစ်နိုင်တယ်လို့လည်း သတင်းတွေမှာ ဖော်ပြထားကြပါတယ်။

Related image

ငွေကြေးချမ်းသာတဲ့ မိသားစုအသိုင်းအ၀ိုင်းကနေ မွေးဖွားခဲ့တဲ့အပြင် သူကိုယ်တိုင်ကလည်း အောင်မြင်နေတဲ့ ထိပ်တန်း Idol တစ်ယောက်ဖြစ်တာကြောင့် Jin ရဲ့ ချမ်းသာကြွယ်ဝမှုကတော့ တကယ်ကို အံ့မခန်းပါပဲနော်။

Image result for hannam the hill bts

မိုမိုလေး

Previous Post

ဘတ်စ်ကားစောင့်တုန်း ကားတိုက်ခံရတဲ့ သားအမိသုံးယောက်ရဲ့ ရုပ်အလောင်းကို ရေဝေးပို့ဆောင်ပေးခဲ့တဲ့ ကျော်သူ

Next Post

သားဖြစ်သူကို မှီခိုနေရလို့ အခုဘယ်လိုရှေ့ဆက်ရမလဲလို့ အစ္စဏီမိခင်ပြော

Next Post

သားဖြစ်သူကို မှီခိုနေရလို့ အခုဘယ်လိုရှေ့ဆက်ရမလဲလို့ အစ္စဏီမိခင်ပြော

ချစ်သူနဲ့အတူ ပထမဆုံး ဘုရားအတူသွားဖူးဖြစ်ခဲ့တဲ့ သန္တာဗိုလ်

ပြည်တွင်းပြည်ပသတင်းများအားစုံလင်စွာဖတ်ရှု့နိုင်ပါသည်။
  • Privacy Policy

© Copyright 2018 - All rights reserved by We Love Cele

No Result
View All Result
  • ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
  • ပြည်ပသတင်း
  • အနုပညာ
  • အားကစား

© Copyright 2018 - All rights reserved by We Love Cele

error: Content is protected !!