ချစ်စရာကောင်းပြီး အမိုက်စား ဖက်ရှင်လေးနဲ့ အမြဲတမ်းလိုလိုတွေ့ရတတ်တဲ့ မင်းသမီးချောလေး ဖွေးဖွေးက အကယ်ဒမီဆုကြီးများစွာကိုလည်း ရရှိပိုင်ဆိုင်ထားတာ ဖြစ်ပါတယ်။ ဖွေးဖွေးက သူ့ရဲ့ အနုပညာသက်တမ်း ဆယ်နှစ်ကျော်အတွင်း အောင်မြင်မှုတွေ ဆက်တိုက်ဆိုသလို ရရှိခဲ့ပြီး ပရိသတ်တွေရဲ့ အချစ်တွေကို ရရှိပိုင်ဆိုင်ထားတာ ဖြစ်ပါတယ်။ ဖွေးဖွေးက လက်ရှိမှာလည်း သူမချစ်တဲ့ အနုပညာလုပ်ငန်းတွေကို လုပ်ကိုင်နေဆဲ ဖြစ်ပါတယ်။
ဒီနေ့မှာတော့ ဖွေးဖွေးက သူမရဲ့ အမိုက်စားပုံရိပ်တွေကို ပရိသတ်တွေကို မျှဝေထားပါတယ်။ မိုမိုလေးပရိသတ်တွေအတွက် ဖွေးဖွေးရဲ့ အမိုက်စားပုံရိပ်တွေကို ဖော်ပြပေးလိုက်ပါတယ်နော်။
ဖွေးဖွေးက ဂျင်းဝမ်းဆက်လေးနဲ့ ဆယ်ကျော်သက်လေးတစ်ယောက်လို အရမ်းချစ်စရာကောင်းနေတာကို တွေ့ရပါတယ်။ ပရိသတ်ကြီးလည်း ဖွေးဖွေးရဲ့ အမိုက်စားပုံရိပ်တွေကို သဘောကျကြမယ် ထင်ပါတယ်။
ဖွေးဖွေးက မကြာသေးခင်က ဒါရိုက်တာ ကိုပေါက် ရိုက်ကူးပုံဖော်တဲ့ “ပုဂံမျှော်” ရုပ်ရှင်ဇာတ်ကားကြီးမှာ သရုပ်ဆောင်ထားပြီး အခြားသော အနုပညာလုပ်ငန်းတွေ ဆက်တိုက်ဆိုသလို လုပ်ကိုင်နေတာပဲ ဖြစ်ပါတယ်။
ဖွေးဖွေးရဲ့ ဒီဆံပင်စတိုင်လ်လေးကတော့ အခုတလော ပရိသတ်တွေကြားမှာ နာမည်ကြီးနေတာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း ဖွေးဖွေးရဲ့ ပုံရိပ်တွေကို သဘောကျကြမယ် ထင်ပါတယ်။ မိုမိုလေး