သရုပ်ဆောင် ခိုင်နှင်းဝေက နတ်မောက်မြို့ကိုရောက်တုန်းရောက်ခိုက် ဗိုလ်ချုပ်အောင်ဆန်းအိမ်ကို အရောက်သွားခဲ့ပါတယ်။
ပရဟိတလုပ်ငန်းတွေကိုလုပ်ကိုင်ရင်းကနေ ယခုဆိုရင် ခိုင်နှင်းဝေ ဖောင်ဒေးရှင်းကိုပါ တည်ထောင်ထားပြီး လိုအပ်လျက်ရှိနေတဲ့ လူတွေကို ကူညီနေတာဖြစ်ပါတယ်။ မိဘမဲ့ကလေးငယ်တွေအတွက် ခိုင်နှင်းဝေဂေဟာလေးကိုလည်း ထူထောင်ထားပြီး ကလေးငယ်တွေလိုအပ်လျက်ရှိနေတဲ့ မိခင်မေတ္တာတွေကိုပါ မျှဝေပေးနေတဲ့ မိခင်တစ်ယောက်ဖြစ်ပြန်ပါတယ်။
ခိုင်နှင်းဝေက မကွေးတိုင်း နတ်မောက်မြို့နယ် ကျောက်ပုံကျေးရွာကိုဟောပြောပွဲနဲ့ သောက်ရေကန်တည်ဆောက်ဖို့အတွက် အလှူငွေကျပ် ၁၀ သိန်း သွားရောက်လှူဒါန်းခဲ့တာဖြစ်ပါတယ်။
နတ်မောက်မြို့ကိုရောက်နေခိုက်မှာ လွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းရဲ့ အိမ်ကိုအရောက်သွားခဲ့တယ်လို့ ခိုင်နှင်းဝေကဆိုပါတယ်။
ဗိုလ်ချုပ်အောင်ဆန်းရဲ့ အိမ်ကိုသွားေ၇ာက်လေ့လာခဲ့တဲ့ ဂုဏ်ယူစရာပုံရိပ်များကို ပရိသတ်ကြီးအတွက် ဖော်ပြပေးလိုက်ပါတယ်။
Cele Star