မင်းသမီးချောလေး အနုပညာလောကမှာ နှစ်ပေါင်းများစွာ အောင်မြင်မှု ကြာရှည်စွာ ထိန်းသိမ်းထားနိုင်သူလေးတစ်ယောက် ဖြစ်ပါတယ်။ ရုပ်ရှင်နဲ့ ဗီဒီယို ဇာတ်ကား တော်တော်များများမှာ နေရာယူထားနိုင်ခဲ့တဲ့ သင်ဇာဝင့်ကျော်က အခုနောက်ပိုင်းမှာတော့ ပွဲအခမ်းအနားတွေကိုသာ အများဆုံး တက်ရောက်နေတာ ဖြစ်ပါတယ်။ ဒါပေမယ့် သင်ဇာက ပရိသတ်တွေနဲ့ အဆက်အသွယ် မပြတ်တောက်အောင် ကြိုးစားနေလျက်ရှိပါတယ်။
ပရိသတ်တွေရဲ့ အချစ်တွေများစွာကို ရရှိပိုင်ဆိုင်ထားပြီး အနုပညာလောကမှာ လူချစ်လူခင် ပေါများတဲ့ သင်ဇာဝင့်ကျော်က ဒီတစ်ခါက်မှာတော့ မင်းသားကြီး ရဲအောင်နဲ့ ဆုံတွေ့ခဲ့တာကို တွေ့ရပါတယ်။
သင်ဇာဝင့်ကျော်က အမြဲတမ်း နုပျိုလန်းဆန်းနေတဲ့ မင်းသားကြီးရဲအောင်နဲ့ စားသောက်ဆိုင်တစ်ခုမှာ စားသောက်ရင်း ပျော်ပျော်ရွှင်ရွှင် ရှိနေခဲ့တာကို တွေ့မြင်ရပါတယ်။
သင်ဇာဝင့်ကျော်က ရဲအောင်နဲ့ အနုပညာလုပ်ငန်းတွေ အတူတူ တွဲဖက်လုပ်ကိုင်ဖူးသလို အပြင်မှာလည်း တစ်ယောက်နဲ့တစ်ယောက် ရင်းနှီးဖော်ရွေတဲ့ မိတ်ဆွေတွေပဲ ဖြစ်ပါတယ်။
သင်ဇာဝင့်ကျော်ကတော့ သူမချစ်ခင်ရတဲ့ စီနီယာကြီး ကိုရဲအောင်နဲ့ အမှတ်တရကောင်းတွေ ဖန်တီးခဲ့တာ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း သင်ဇာဝင့်ကျော်နဲ့ ရဲအောင်ရဲ့ ပုံရိပ်တွေကို သဘောကျကြမယ် ထင်ပါတယ်။
မိုမိုလေး