ကုသိုလ်ရေးမှာ လက်မနှေးတဲ့ စမိုင်းလ်တို့မိသားစုရဲ့ လှူဒါန်းမှု သဒ္ဒါတရားတွေကိုတော့ ပြောပြစရာမလိုအောင် ပရိသတ်တွေ သိပြီးလောက်မှာပါ။
စမိုင်းလ်တို့ မိသားစုဟာ အလုပ်တွေအောင်မြင်သလောက် အလှူအတန်းတွေကိုလည်း လက်နဲ့မပြတ်အောင် လှူဒါန်းနေကြသူတွေပါ။ ဘုရားတရားလည်း ရိုသေကိုင်းရှိုင်း ဆည်းပူးသူတစ်ယောက်ဖြစ်တာလည်း ပရိသတ်တွေ မြင်တွေ့ကြမှာပါနော်။
စမိုင်းလ်က သူမကိုယ်တိုင်ဦးဆောင်ပြီးတော့ လူပေါင်း ၁၂၀၀ ကျော်ကို ကျိုက်ငါးကျိုက်အဓိဌာန်ဝင်နိုင်အောင် စီစဉ်ပေးနိုင်ခဲ့ပါတယ်။ သူမပရိသတ်တွေကို ဖိတ်ခေါ်ပြီးတော့ စိတ်ဝင်စားသူတွေအနေနဲ့ ကျိုက်ငါးကျိုက်အဓိဌာန်ကို ဝင်ကြဖို့ သူမ သုံးစွဲတဲ့ လူမှုကွန်ယက်စာမျက်နှာထက်ကနေ ဖိတ်ခေါ်ခဲ့ပါတယ်။ ဘာသာရေးမှာလည်း ပါရမီဖြည့်နိုင်ဖို့အတွက် စမိုင်းလ်တစ်ယောက် ကြိုးစားခဲ့တာပါ။
သူမရဲ့ ကြိုးစားမှုတွေက အရာထင်လာခဲ့တယ်လို့ဆိုရမှာပါ။ သူမရဲ့ ဦးဆောင်မှုနဲ့ လူပေါင်း ၁၂၀၀ ကျော်ကို ၁၂.၁.၂၀၂၀ (တနင်္ဂနွေနေ့)မှာပဲ အကောင်အထည်ဖော်ခွင့်ရခဲ့တာဖြစ်ပါတယ်။ ဒီ လူပေါင်း ၁၂၀၀ ကျော်အတွက် စမိုင်းလ်က မော်တော်ယာဉ် ၂၅ စီးကိုလည်း စီစဉ်ပေးခဲ့တာဖြစ်ပါတယ်။
ဒီအဓိဌာန်ကြီးအောင်မြင်စွာပြုလုပ်ပေးနိုင်ခဲ့တဲ့ စမိုင်းလ်က သူမရင်ထဲမှာ ပီတိတွေနဲ့ပြည့်နှက်လွန်းလို့ မျက်ရည်တောင်ကျရတဲ့အကြောင်း ယခုလိုပဲ ဖွင့်ဟလာခဲ့တာပါ။
“ဘုန်းကြီးမဟုတ် ဘိုးတော်မဟုတ် သာမန်လူတစ်ယောက်ရဲ့ဦးဆောင်မှုနဲ့ လူပေါင်း ၁၂၀၀ကျော် ရန်ကုန်မြို့ကြီးမှာအဓိဌာန်ဝင်နိုင်ခဲ့တာအရမ်းကိုပီတိဖြစ်ရပါတယ်။ ပျော်လွန်းလို့ငိုပြီရှင်” လို့ ပီတိတွေကို ဖွင့်ဟခဲ့ပါတယ်။ စမိုင်းလ်က ဒီလို ကုသိုလ်အရေးလုပ်ခွင့်ရတဲ့အချိန်မှာ သူမ မိခင်ကြီးကိုလည်း သတိရကြောင်း ဆိုပါသေးတယ်။” မေကြီးရယ်သမီးရှိစေချင်လိုက်တာ သမီးကိုဘုရားတရားမမေ့ဖို့ပါးစပ်ကအမြှပ်ထွက်မတက်သင်ပေးခဲ့တဲ့အမေ သမီးမြန်မာပြည်မှာပထမဆုံးအဓိဌာန်ကိုလူအများဆုံးနဲ့ဦးဆောင်နိုင်ခဲ့တာအမေ့ကိုပြချင်လိုက်တာ 😞” လို့ ပီတိဖြစ်မှု၊ စိတ်မကောင်းဖြစ်မှုတချို့တွေနဲ့ ရေးသားထားခဲ့တာဖြစ်ပါတယ်။
စမိုင်းလ်ရဲ့ ကုသိုလ်အရေးတွေလုပ်ကိုင်မှုတွေကိုလည်း ပရိသတ်တွေက သာဓုခေါ်ဆိုပေးသွားကြပါဦးနော်။
Cele Star