Star & Models Int’l Yangon ရဲ့ ဖောင်ဒါတစ်ဦးဖြစ်သူ ဂျွန်လွင်က ညာဘက်လက် ၃ ချောင်းဖြတ်ခဲ့ရပေမယ့် မိသားစုအတွက် တစ်နေ့ ၅၀၀၀ ပုံမှန်ရှာပေးနေတဲ့ ကလေးလုပ်သားလေးရဲ့ ဘဝကို ကယ်တင်နိုင်ဖို့ ကြိုးစားခဲ့ပါတယ်။
ချစ်မင်းထက်လို့ အမည်ရတဲ့ ကလေးလေးဟာ အသက် (၁၂) နှစ်တည်းက အလုပ်လုပ်ခဲ့ရတဲ့ ကလေးလုပ်သားလေးတစ်ယောက်ဖြစ်ပါတယ်။ ကံဆိုးစွာနဲ့ အကြောင်းမလှခဲ့တဲ့ ချစ်မင်းထက်က လုပ်ငန်းခွင်ထဲမှာ ထိခိုက်ဒဏ်ရာရပြီး လူတစ်ယောက်ရဲ့အဓိကအလုပ်လုပ်ကိုင်နေရတဲ့ ညာဘက်လက် ၃ ချောင်း ဆုံးရှုံးခဲ့ရပါတယ်။ ဒီလို ညာဘက်လက် ၃ ချောင်းဆုံးရှုံးခဲ့ပေမယ့်လည်း သူ့ရဲ့မိသားစုအတွက် တစ်နေ့ကို ပုံမှန် ငွေ ၅၀၀၀ ရအောင် ချစ်မင်းထက်တစ်ယောက် ကြိုးစားရှာဖွေခဲ့တာဖြစ်ပါတယ်။ ချစ်မင်းထက်ရဲ့ အင်တာဗျူးဗီဒီယိုကိုကြည့်ပြီး စိတ်မကောင်းခြင်းများစွာဖြစ်ခဲ့တဲ့ ဂျွန်လွင်က ချစ်မင်းထက်ကို ကူညီနိုင်ဖို့အတွက် လိုက်လံရှာဖွေခဲ့ပါတယ်။
ချစ်မင်းထက်နဲ့ အဆက်အသွယ်ရရှိခဲ့တဲ့နောက်မှာတော့ ဂျွန်လွင်တစ်ယောက် သူ့ရဲ့ မိသားစုအပေါ် သိတတ်မှု၊ တာဝန်ယူမှုတွေကို လေးစားချီးကျူးခဲ့ရပါတယ်။ လက်ရှိမှာတော့ ချစ်မင်းထက်မိခင် ဈေးရောင်းဖို့နဲ့ ဖခင်ရဲ့ ဆေးဖိုးစရိတ်အတွက် အလှူငွေ ၂ သိန်းကိုလှူဒါန်းခဲ့တယ်လို့သိရပါတယ်။
“ညီလေးချစ်မင်းထက်နဲ့အဆက်သွယ်ရပါပြီ။ ဘုရားသခင်ကို ကျေးဇူးတင်ပါတယ်။ မိဘအပေါ်သိတတ်မှု၊ မိသားစုအပေါ် အလေးထား တာဝန်ယူတတ်တဲ့ မင်းရဲ့ စိတ်ဓာတ်ကောင်းတခုအတွက် အခုကစပြီး ညီလေး ဘ၀အတွက် အဆင်ပြေအောင်ကူညီမယ့် သူပေါ်လာတာပေါ့။ လက်ပြတ်တဲ့ဒဏ်ရာ ရှိနေတာတောင် တစ်နေကုန်အလုပ်လုပ်ပြီး နေ့စားရတဲ့ငွေ ၅၀၀၀ ကို အိမ်ကိုပြန်ထောက်ပံ့ပေးတဲ့ လူတယောက်ဖြစ်လို့ အရမ်းကိုလေးစားပီတိဖြစ်ပါတယ်။ ညီလေးရဲ့ ဘဝရပ်တည်မှုအတွက် အလုပ်အကိုင်တခု စတင်တဲ့အခါလိုအပ်မယ့် စက်ပြင်သင်တန်းကျောင်းတက်ခွင့်ရအောင်လည်း စီစဉ်ဆောင်ရွက်ပေးပါမယ်။ ညီလေး အမေ ဈေးရောင်းဖို့အတွက်နဲ့ အဖေ့ဆေးဖိုး အသုံးစရိတ်အတွက် အခု လောလောဆယ် အလှူငွေ၂သိန်း လှူဒါန်းပေးလိုက်ပါတယ်။ လစဉ်ထောက်ပံ့ဖို့အတွက်နဲ့ လိုအပ်သည်များကိုလဲ ဆက်လက်ကူညီပေးသွားပါမယ်။ အခုလို ကူညီနိုင်အောင် သွားရောက် စုံစမ်းဆက်သွယ်ပေးတဲ့ Poision Maryar နဲ့ အလှူရှင်တွေပေါအောင် အကူအညီပေးနိုင်အောင် Sharing ပြုလုပ်ပေးတဲ့ ရေကြည်ရာ yaykyiyar Media အား ကျေးဇူးတင်ရှိပါတယ် ” လို့ သူ့ရဲ့ လူမှုကွန်ယက်ဖေ့ဘုတ်အကောင့်မှ ရေးသားဖော်ပြလာတာပါ။
ဒါ့အပြင် ချစ်မင်းထက်အတွက်လည်း အသက်မွေးဝမ်းကျောင်းပညာရပ်တစ်ခုကို သင်ကြားသွားနိုင်အောင် ဂျွန်လွင်က စီစဉ်ပေးသွားမှာဖြစ်တယ်လို့ သိရပါတယ်။ အခက်အခဲ၊ ဒုက္ခတွေနဲ့ ဖြတ်သန်းနေရပြီး အကူညီလိုအပ်နေတဲ့ ချစ်မင်းထက်တို့မိသားစုကို သွားရောက်ကူညီပေးခဲ့တဲ့ ဂျွန်လွင်ရဲ့ စိတ်ဓာတ်ကတော့ အင်မတန် လေးစားဖို့ကောင်းလွန်းလှပါတယ်နော်။ ဂျွန်လွင်ရဲ့ ကူညီဖေးမမှုတွေကို ပရိသတ်တွေ သိရှိအောင် ဖော်ပြပေးလိုက်ရပါတယ်နော်။
Cele Star