ကျော်မင်းဦးဟာ ၂၀၁၅ ခုနှစ်မှာ မြန်မာ့လက်ရွေးစင် ယူ-၁၉ အသင်းကို သမိုင်းဝင်အောင်ပွဲအဖြစ် ကမ္ဘာ့ဖလား ဝင်ခွင့် ရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့တဲ့ ကွင်းလယ်အထိုင် ကစားသမားတစ်ဦး ဖြစ်ပါတယ်။ ကျော်မင်းဦးက သူ့ရဲ့ ဒူးခေါင်းဒဏ်ရာကြောင့် ကစားသမားဘဝကနေ အနားယူနေခဲ့ရာမှ ခွဲစိတ်ကုသပြီးတဲ့နောက် အခုဆိုရင် မြက်ခင်းစိမ်းတွေပေါ် ပြန်လည်ခြေချဖို့ ပြင်ဆင်နေပြီပဲ ဖြစ်ပါတယ်။
ဘောလုံးကစားသမားတစ်ယောက်ဖြစ်ပေမယ့် မင်းသားတစ်ယောက်လို ရုပ်ရည်၊ ခန္ဓာကိုယ်အချိုးအစားမျိုးကို ပိုင်ဆိုင်ထားတဲ့ ကျော်မင်းဦးကို မိန်းကလေးတော်တော်များများကလည်း ကြိုက်နှစ်သက် အားပေးကြပါတယ်။
ဒီတစ်ခေါက်မှာလည်း ကျော်မင်းဦးက ရှပ်အင်္ကျီအပြာရောင်လေးနဲ့ မင်းသားတစ်ယောက်လို သန့်ပြန့်ခန့်ညားနေတာပဲ ဖြစ်ပါတယ်။ ပရိသတ်တွေအတွက် ကျော်မင်းဦးရဲ့ ပုံရိပ်တွေကို ဖော်ပြပေးလိုက်ပါတယ်နော်။
ကျော်မင်းဦးက မြက်ခင်းစိမ်းပေါ် ပြန်လည်ခြေချဖို့ လေ့ကျင့်မှုတွေ ပြုလုပ်နေသလို ကြော်ငြာအချို့ကိုလည်း လက်ခံရိုက်ကူးပေးနေလျက် ရှိတာကို တွေ့ရပါတယ်။
ကျော်မင်းဦးကတော့ တစ်နေ့တစ်ခြား ချောမောလာတာပဲနော်။ ပရိသတ်ကြီးလည်း ကျော်မင်းဦးရဲ့ ပုံရိပ်တွေကို သဘောကျကြမယ် ထင်ပါတယ်။ အချိန်ပေးပြီး ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးကို ကျေးဇူးအထူးတင်ရှိပါတယ်။
မိုမိုလေး