ချင်းတိုင်းရင်းသူလေး အက်စတာဒေါ့သ်ချင်းဆုန်က Myanmar Idol Season (4) ရဲ့ Winner တစ်ယောက်ဖြစ်ပါတယ်။ Myanmar Idol Season (4) ပြိုင်ပွဲကြီးက ပြီးဆုံးသွားပြီဆိုပေမယ့် ပရိသတ်တွေက အက်စတာဒေါ့သ်ချင်းဆုန်ရဲ့ လှုပ်ရှားမှုတိုင်းကို စိတ်ဝင်တစား အားပေးစောင့်ကြည့်နေကြဆဲ ဖြစ်ပါတယ်။ အက်စတာဒေါ့သ်ချင်းဆုန်ကလည်း ပြိုင်ပွဲပြီးသွားပေမယ့် သူမချစ်တဲ့ အနုပညာလုပ်ငန်းတွေကို ဆက်လက်လုပ်ကိုင်နေဆဲ ဖြစ်ပါတယ်။
အက်စတာဒေါ့သ်ချင်းဆုန်က မနေ့က ဇန်နဝါရီလ (၁၆) ရက်နေ့မှာတော့ ရန်ကုန်စီးပွားရေး တက္ကသိုလ်က ကျင်းပပြုလုပ်တဲ့ ဘွဲ့နှင်းသဘင် အစမ်းလေ့ကျင့်ပွဲနေ့လေးကို တက်ရောက်ခဲ့ပါတယ်။
အက်စတာဒေါ့သ်ချင်းဆုန်က အဖြူရောင်ဝတ်စုံလေးမှာ ချင်းရိုးရာအဆင်လေးနဲ့ ရိုးရိုးရှင်းရှင်းလေးသာဝတ်ပြီး တက်ရောက်ခဲ့တာ ဖြစ်ပါတယ်။ ပရိသတ်တွေအတွက် အက်စတာဒေါ့သ်ချင်းဆုန်ရဲ့ ပုံရိပ်တွေကို ဖော်ပြပေးလိုက်ပါတယ်နော်။
အက်စတာဒေါ့သ်ချင်းဆုန်က လက်ရှိမှာ စတိတ်ရှိုးတွေကို သီဆိုနေရသလို သူမ ဆုရရှိထားတဲ့ ကွန်ဒိုတိုက်ခန်းမှာ မိသားစုတွေနဲ့အတူတူ နေထိုင်ဖို့ ပြင်ဆင်နေတာ ဖြစ်ပါတယ်။
အက်စတာဒေါ့သ်ချင်းဆုန်က အဖြူရောင်ဝတ်စုံလေးနဲ့ အရမ်းလှနေတာပဲနော်။ ပရိသတ်ကြီးလည်း အက်စတာဒေါ့သ်ချင်းဆုန်ရဲ့ ပုံရိပ်တွေကို သဘောကျကြမယ် ထင်ပါတယ်။ အချိန်ပေးပြီး ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးကို ကျေးဇူးအထူးတင်ရှိပါတယ်။
မိုမိုလေး