လူငယ်အဆိုတော် တစ်ဦးအဖြစ် အချိန်ကြာမြင့်စွာရပ်တည်ခဲ့တဲ့ စန္ဒီမြင့်လွင်က ခုဆိုရင်တော့ ကလေးတစ်ယောက် မိခင်အဖြစ်ရောက်ရှိနေပါပြီ။
နာမည်ကျော် Rap သီချင်းပေါင်းများစွာကို ဖန်တီးခဲ့ပြီး လူငယ်တွေရဲ့ အားပေးမှုကို တခဲနက်ရရှိခဲ့တဲ့ စန္ဒီမြင့်လွင်ကတော့ အိမ်ထောင်ရှင်မ ကောင်းတစ်ဦးအဖြစ်ရပ်တည်နေပါတယ်။ 2018 ခုနှစ်အတွင်း မတ်လ ၁၂ ရက်နေ့မှာ LOTTE ဟိုတယ်မှာ ထိမ်းမြားလက်ထပ်ပွဲကျင်းပခဲ့တာဖြစ်ပါတယ်။
သူမနဲ့ တစ်ထပ်တည်းဆင်တူတဲ့ သမီးလေး Treasure Lwin ကိုတော့ ဇူလိုင်လ ၁၄ ရက်နေ့မှာ မွေးဖွားသန့်စင်နိုင်ခဲ့တာပါ။ ချစ်စရာကောင်းတဲ့ သမီးလေး Treasure Lwin က ငယ်ရွယ်ပေမယ့် အပြုံးချိုချိုလေးတွေ ပေးတတ်တာကြောင့် ခုတည်းက ပရိသတ်တွေ ရရှိနေတာဖြစ်ပါတယ်။ သမီးလေးရဲ့ မေမေဖြစ်သွားတဲ့ စန္ဒီမြင့်လွင်က ဆင်တူဝတ်စုံလေးတွေနဲ့လည်း တခါတရံ လှပနေတတ်တာတွေ့ရပါတယ်။
ကမ်းခြေသို့အလည်အပတ်ရောက်ရှိနေချိန်မှာလည်း ကမ်းခြေဝတ်စုံဆင်တူလေးနဲ့စန္ဒီမြင့်လွင်တို့သားအမိကို တွေ့ရပါသေးတယ်။
ယနေ့မှာတော့ သူမက အသက်သိပ်မကွာလှတဲ့ အမွှာလေးနှစ်ယောက်ပုံကို ချပြလာတာဖြစ်ပါတယ်။ ရုပ်ချင်းဆင်တူလှတဲ့ မေမေနဲ့သမီးတို့နှစ်ယောက်ကို အမွှာလေးလို့ တင်စားလိုက်တာဖြစ်ပြီး မေမေတွေရဲ့ ယခုလို Like Mother,Like Daughter ပုံလေးတွေရှိရင်လည်း သူမပို့စ်အောက်မှာကော့မန့်ပေးပြီး ပြပေးဖို့ပါ မေတ္တာရပ်ခံထားတာတွေ့ရပါတယ်။
ကဲ….ပရိသတ်တွေထဲမှာလည်း စန္ဒီမြင့်လွင်တို့သားအမိလို Like Mother,Like Daughter ပုံလေးတွေရှိရင် မန့်သွားပေးဖို့ မမေ့ကြပါနဲ့ဦးလို့။
Cele Star